ရွှေဖရုံပင် ကိုင်းကူးနည်း - Kharann Media

Breaking

ရွှေဖရုံပင် ကိုင်းကူးနည်း


အကျိုးကျေးဇူးများ
ရွှေဖရုံပင်ဟာ အစေ့မှ လွယ်လွယ်ကူကူနဲ့စိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုင်ကဝယ်တဲ့မျိုးစေ့တွေဟာ တစ်ခါပဲစိုက်လို့ရပြီးတော့ သီးလာတဲ့အပင်မှ မျိုးစေ့ကိုပြန်စိုက်ရင် အသီးမအောင်တတ်သလို အရသာလည်း မတူပါဘူး။ ကိုင်းကူးစိုက်ရင် အရသာ၊ အရည်အသွေးလည်းတူသလို အချိန်ကုန်လည်း သက်သာပါတယ်။ ပုံမှန်ရွှေဖရုံသီးကို အစေ့ချစိုက်ရင် သုံးလခန့်စောင့်ရပေမယ့် ကိုင်းကူးစိုက်ရင် တစ်လခန့်မှာ အသီးသီးပါတယ်။

လိုအပ်သောပစ္စည်းများ
- ဓားပါးပါးသေးသေး၊ ထက်ထက်တစ်လက်
- အုန်းဆံမှုန့်အိတ် ( ၆၀% ခန့်ရေစွတ်ရမည်)
- ပလတ်စတစ်ကြိုး



ကိုင်းကူးပုံ
ကိုင်းကူဖို့အပင်ကိုတော့ အစေ့မှ စိုက်ထားတဲ့အပင် (သို့) တခြားအသီးအောင်မြင်စွာသီးနေတဲ့အပင်ကနေ ကူးလို့ရပါတယ်။ အပင်အညွန့်မှ တစ်တောင်အောက်ကနေစတင်ကူးလို့ရပါတယ်။ တစ်ပင်လုံးမှာ သုံးဆစ်ခြား တစ်ကိုင်းစီကူးလည်းရပါတယ်။ ရွှေဖရုံပင်အဆစ်နားမှာကပ်နေတဲ့ အရွက်တံအရင်းကို ဖြတ်ပစ်ရမှာဖြစ်ပါတယ်။ ပြီးရင် အုန်းဆံမှုန့်ထည့်ထားတဲ့ အိတ်ကို အလယ်မှ ခွဲပြီး အဆစ်၏ အလယ်တည့်တည့်ကို ငုံပြီးတော့ ကောက်ညှင်းထုပ်ပုံစံ အပေါ်အောက်ကို ပလတ်စတစ်ကြိုးနဲ့ချည်ပေးရမှာဖြစ်ပါတယ်။ (၁၀ - ၁၅) ရက်ခန့်ကြာလျှင် ပလတ်စတစ်အိတ်ထဲမှာ အမြစ်များထွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဘူးပင်၊ ခဝဲပင်၊ ကျောက်ဖရုံတို့ကိုလည်း ဤနည်းနဲ့ကိုင်းကူးနိုင်ပါတယ်။

____
credit: WinMyint IQwin