__________________________________________
April 1.2016 | http://www.mymemo.cf/2016/03/post392.html | Ref: healthyfoodteam | credit to : Trend Myanmar
[Unicode]

Rascette lines တွေဆိုတာ လက်ဖဝါး နဲ့ လက်ကြား လက်ကောက်ဝတ်အပေါ်က ကန့်ပေးထားတဲ့ အလျားလိုက် သို့မဟုတ် ကွေးကောက်တဲ့ မျဉ်းကြောင်းတွေဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လက်ကောက်ဝတ် အစင်းအကြောင်းလို့လည်း သိရတဲ့ rascette lines များကို လက္ခဏာဗေဒမှာ အရေးမပါတဲ့ မျဉ်းကြောင်းများအဖြစ် သတ်မှတ်ထားပါတယ်။ အခုအခါမှာတော့ လူအများစုမှာ တစ်ခုတည်းလည်း ရှိနိုင်ပေမယ့် လက်ကောက်အရေးအကြောင်း ၂ ခု သို့မဟုတ် ၃ ခု ရှိကြပါတယ်။ ဒါပေမယ့် လက်ကောက် အစင်းအကြောင်း ၄ ခုရှိခြင်းမှာ အသက် ၁၀၀ အသက်ရှင်နိုင်ခြေရှိတဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။
အမှန်တော့ ဒီမျဉ်းကောက်ကြောင်းများက လူတစ်ယောက်ရဲ့ အသက်ရှည်ခြင်း၊ ကျန်းမာရေး၊ ဘဝကံကြမ္မာနဲ့ အခွင့်အလမ်းတွေ ကိုယ်စားပြုနေတာပါ။ လူတစ်ယောက်ရဲ့ အတွေး၊ ခန္ဓာနဲ့ စိတ် ဟန်ချက်ညီမှု၊ မညီမှု သဘောလည်း ဆောင်ပါတယ်။ လက္ခဏာဗေဒင်အရ မျဉ်းကြောင်းတွေ ပိုပြီး ထင်ရှားပြတ်သားလေ၊ ကောင်းမွန်ကျန်းမာတဲ့ ဘဝအခွင့်အလမ်း ပိုများလေ ဖြစ်ပါတယ်။
သို့သော် အဲဒီအားလုံးတို့အနက် ဖြစ်တောင့်ဖြစ်ခဲတဲ့အချက်က လက်ကောက်ဝတ်မှာ တြိဂံပုံသဏ္ဍာန်တစ်ခု ရှိနေခြင်းပဲ ဖြစ်ပါတယ်။ အမှန်တော့ လက်ကောက်ဝတ်ရှိ တြိဂံပုံဟာ အလွန့်အလွန်ကံကောင်းတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
အခုအခါမှာ လက်ကောက်ဝတ်ကို ကြည့်ပြီး မျဉ်းကြောင်းတွေ ဘာနဲ့တူလဲဆိုတာ ကြည့်ပါ။ လက်ကောက် အစင်းအကြောင်းများဖြင့် တြိဂံပုံသဏ္ဍာန်တစ်ခု ပုံဖော်ထားတဲ့ မျဉ်းကြောင်းလေးတစ်ခု ရှိပါက မမျှော်လင့် ပိုက်ဆံရနိုင်ခြေရှိတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ထီပေါက်တာလည်း ဖြစ်နိုင်တယ်။ ဒါ့ကြောင့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံပါနဲ့။

Ref: healthyfoodteam | credit to : Trend Myanmar