သဘာဝ N, P, K မြေသြဇာအလွယ်တကူ ပြုလုပ်သုံးစွဲနည်း - Kharann Media

Breaking

သဘာဝ N, P, K မြေသြဇာအလွယ်တကူ ပြုလုပ်သုံးစွဲနည်း



 သဘာဝ N, P, K မြေသြဇာအလွယ်တကူ ပြုလုပ်သုံးစွဲနည်း🌷
🌱 N( နိုက်ထရိုဂျင်) - အရွက်၊ အညွှန့်၊ ပင်စည်ကို အားပေးပါတယ်။ ပရိုတင်းဓါတ်ကိုဖြစ်ပေါ်စေပါတယ်။ အင်ဇိုင်းကိုဖြစ်ပေါ်စေပါတယ်။ အပင်၊ အရွက်တွေ နေရောင်ခြည်ကို အစာပိုချက်လုပ်နိုင်အောင် ဖြည့်ဆည်းပေးပါတယ်။

#ရရှိနိုင်သောပစ္စည်းများ
🌱 အစိမ်းအရင့်ရောင်အရွက်၊ ပဲအမျိုးမျိုး၊ ကက္ကိုလ်ရွက်၊ ဘောစကိုင်းရွက်၊ ရေချို ရေညှိ များမှ ရယူနိုင်ပါတယ်။ တိရစ္ဆာန် အသွေးအသားနှင့် အချွဲ အရိတွေမှာလဲရနိုင်ပါတယ်။ ငါးတွေ အသားတွေ ဆေးလိုက်တဲ့ အရည်တွေမှာလည်းရနိုင်ပါတယ်။

🍏 P (‌ဖော်စဖောရဲ့) - အပွင့်၊ အသီး နှင့်အစေ့ကိုအားပေးပါတယ်။ ကဆီဓါတ်ကို အချိုဓါတ်ဖြစ်အောင်ပြောင်းလဲပေးပါတယ်။ မျိုးရိုးဗီဇကို ကောင်းမွန်စေပါတယ်။ အရောင်အဆင်းလှစေပါတယ်။ အပင်အစိတ်အပိုင်းတွေမှာ လိုအပ်တဲ့ ဓါတ်တွေကို ပို့ဆောင်ပေးပါတယ်။

#ရရှိနိုင်သောပစ္စည်းများ
🍃အပင်အမြစ်ရင့်ရင့်၊ အစေ့ရင့်ရင့်၊ အပွင့် အဖူးနှင့် ဝတ်မှုံ၊ ဆူးပုပ်ရွက်အရင့်၊ ဘောစကိုင်း၊ အချိုအရာသာရှိတဲ့ အသီးအမှည့်၊ အနံ့ထွက်နေတဲ့အသီးအမှည့်လွန်၊ ဝိုင်အရက်ချက်လို့ရတဲ့ အသီးမျိုးစုံ စတဲ့အသီးတွေမှာ ရနိုင်ပါတယ်။ ငါးအကြေးခွံ နဲ့ တိရစ္ဆာန်အရိုး အစို အခြောက်တွေမှာလည်းရနိုင်ပါတယ်။ ပင်လယ်ရေညှိ မှာလည်းရနိုင်ပါတယ်။

🍐K (ပိုတက်ဆီယမ်) - အမြစ်ကို အားပေးပါတယ်။ ကဆီဓါတ်ကိုဖြစ်ပေါ်စေပါတယ်။ အချိုဓါတ်ကိုလည်းဖြစ်ပေါ်စေပါတယ်။ အသီးကို အချိုဓါတ်ရအောင်လည်း ပို့ပေးပါတယ်။ အလေးချိန် စီးစေပါတယ်။ အရွက်တွေ N ပိုပြီးစုပ်ယူ နိုင်အောင်လည်းလုပ်ဆောင်ပေးပါတယ်။

#ရရှိနိုင်သောပစ္စည်းများ
အသီးရင့်ရင့်၊ အသီးရဲ့အခွံ၊ အချိုအရသာ အမှည့်လွန်အသီး၊ စားလို့ရတဲ့အရွက်ရင့်ရင့်၊ သစ်ရွက်ခြောက်၊ အချိုအရသာရှိတဲ့ အသီးအခွံအခြောက်တွေမှာ တွေ့ရပြီးတော့ ရေချို၊ ရေငန် သတ္တဝါ တိရစ္ဆာန်ကလီစာနဲ့ ပင်လယ်ရေညှိတွေမှာတွေ့နိုင်ပါတယ်။

#ပြုလုပ်ပုံ
🚩 မီးဖိုချောင်တွင် လီတာ ၁၀၀ ဆန့်သော ကော်ပုံးတစ်ပုံးကိုထားပြီးလျှင် သကြားအညိုရောင်/ ကြံသကာ/ ထန်းလျက် ၁၃ ပိဿာကို အရင်ထည့်ထားပါ။

🚩ဆန်ဆေးရည် (ဗီတာမင် ဘီဓါတ်ပါပါတယ်။ အကျိုးပြု အဏုဇီကို ဖြစ်ပေါ်စေပါတယ်။ )

🚩 ငါးရေဆေးရည် ၊ ဝက်သား အမဲသားဆေးတဲ့အရည်လဲထည့်ပါ။ အသုံးမလိုသော ဟင်းသီးဟင်းရွက်များကို စင်း၍ ထည့်ပါ။ ကြက်ဥကြော်ပြီး ပန်းကန်ဆေးသောအခါတွင်လည်း ရေဖြင့်ဆေး၍ထည့်ပါ။ ကလေးနို့အကျန်များလည်း ထည့်နိုင်ပါတယ်။ နေ့တိုင်းထည့်နေရင်း ပုံးပြည့်သွားလျှင် ပုံးပိတ်၍ သုံးလ တိတိထားပါ။ သုံးလ နောက်ပိုင်းတွင် ပုံးအတွင်းမှ အဖက်များကို စစ်ထုတ်ပြီး အရည်ကိုအသုံးပြုနိုင်ပါပြီ။ 

🚩 အချိုဓါတ်က မပုပ်မသိုးအောင်ထည့်ပေးရတာဖြစ်ပါတယ်။ ပုပ်သိုးတဲ့အနံ့ထွက်လာမယ်၊ လောက်တွေတွယ်နေမယ်ဆိုလျှင် အချိုဓါတ်နည်းလို့ဖြစ်ပါတယ်။ သကြားကိုထပ်ဖြည့်ပေးဖို့ဖြစ်ပါတယ်။ အိုးစိမ်မြေသြဇာပြုလုပ်နည်းကတော့ သုံးဆ တစ်ဆ ဖြစ်ပါတယ်။ အသီးအရွက်တွေက သုံးဆ၊ သကြားက တစ်ဆ ဖြစ်ပါတယ်။

#အသုံးပြုပုံ
ရေတစ်ပုံးတွင် အိုးစိမ်မြေသြဇာအရည် ဖန်ခွက်တစ်ခွက်ထည့်နိုင်ပါတယ်။
အရွက်တွေကိုပက်ဖျန်းဖို့ဆိုလျှင် ရေတစ်ပုံးမှာ အိုးစိမ်မြေသြဇာ ၂-၃ ဇွန်းပဲထည့်ဖို့လိုပါမယ်။
အများနှင့်လုပ်မည်ဆိုလျှင် တစ်မျိုးစီခွဲလုပ်တာပိုကောင်းပါတယ်။ N အတွက်က တစ်ဗုံး၊ P အတွက်က တစ်ဗုံး၊ K အတွက်ကတစ်ဗုံး ဆိုပြီးထားနိုင်ပါတယ်။ NPK ကို အပင်လိုအပ်မှုပေါ်မူတည်ပြီး လိုအပ်သလိုလိုတိုးပိုလျော့သုံးနိုင်ပါတယ်။

#NPKမြေသြဇာအရည်
နွားချေး တစ်ပိဿာ၊ ကြက်ချေး တစ်ပိဿာ ကို အဝတ်ပါးပါးနဲ့ထုပ်ပြီး ရေ ရှစ်ဂါလံနှင့် စိမ်ပါ။ ၃ ရက်ကြာလျှင်တော့ အသုံးပြုလို့ရပါပြီ။

#အသုံးပြုနည်း
အရည် တစ်ဆ ရေ အဆ ၂၀ ရောစပ်၍ အသုံးပြုနိုင်ပါပြီ

စာသား credit- ဦးဝင်းမြင့်
Photo-google
Morning flower