ထိပ်ပြောင်နေသူများအတွက် ကျန်းမာသန်စွမ်းတဲ့ ဆံပင်တွေကိုလျင်မြန်စွာရရှိစေမယ့် သဘာဝ နည်းလမ်းများ - Kharann Media

Breaking

ထိပ်ပြောင်နေသူများအတွက် ကျန်းမာသန်စွမ်းတဲ့ ဆံပင်တွေကိုလျင်မြန်စွာရရှိစေမယ့် သဘာဝ နည်းလမ်းများ

၇။ ဆံပင်ကိုထောပတ်သီးနဲ့အားဖြည့်မယ်။
ထောပတ်သီးဟာအစားအစာအနေနဲ့ကောင်းရုံသာမကပါဘူး။ ဆံပင်တွေအတွက်လဲကောင်းတဲ့ရလဒ်တွေကိုပေးပါတယ်။
-ထောပတ်သီးမှည့် - တစ်လုံး
-သံလွင်ဆီ-တစ်ဇွန်း
-ပျားရည်-တစ်ဇွန်း
-ဥ-တစ်လုံး
အထက်ပါပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။ ဆံပင်ပေါ်သုတ်လိမ်းပီးမိနစ် ၂၀ လောက်ထားလိုက်ပါ။ ပီးမှရေနွေးနဲ့ဆေးချပါ။

၆။ ဆံသားတွေကိုရှားစောင်းနဲ့ချောမွေ့အောင်လုပ်မယ်။ ရှားစောင်းလက်ပတ်ဟာ ရောဂါကုထုံးတွေအတွက် ကောင်းမွန်တဲ့ဆေးတစ်မျိုးလဲဖြစ်သလို ရောဂါမျိုးစုံကိုလဲကာကွယ်ပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ဆံပင်တွေသန်ဖို့အတွက်နဲ့တောက်ပြောင်နေဖို့အတွက်လဲကူညီပေးပါတယ်။
-ရှားစောင်းလက်ပတ်ပင်-တစ်ပင်
-မက်မွန်ဆီ
ရှားစောင်းလက်ပတ်ပင်တစ်ပင်ကိုအလယ်ကနေဖြတ်ပီး လှီးပါ။ ပီးရင် မက်မွန်ဆီနဲ့ရောပီး ဆံပင်ကိုလူးပါ။ မိနစ် ၂၀ လောက်ထားပီးရင် ရေနွေးနဲ့ဆေးချလိုက်ပါ။

၅။ ဗောက်ပျောက်အောင်ငှက်ပျောသီးနဲ့ဆံပင်ကိုပေါင်းတင်ပါ။
ငှက်ပျောသီးဟာအာဟာရပြည့်ဝတဲ့အစားအစာတစ်ခုဖြစ်ပီး ဗောက်တွေအတွက်လဲကောင်းမွန်ပါတယ်။ -ငှက်ပျောသီး-တစ်လုံး
-ပျားရည်-တစ်ဇွန်း
ပါဝင်ပစ္စည်းတွေကို ကျေသွားတဲ့အထိရောမွေပေးပါ။ ပီးရင် ဆံပင်မှာလူးပီးမိနစ် ၂၀ ထားပီးနောက်ရေဆေးချပါ။

၄။ ဆံပင်သန်မာပီးတောက်ပနေစေဖို့
အကိုက်အခဲပျောက်ဆေးကို အသုံးပြုပါ။

ဒီနည်းလမ်းကနဲနဲထူးဆန်းပေမဲ့ အကိုက်အခဲပျောက်ဆေးဟာ အခြားသောအကျိုးကျေးဇူးတွေကိုလဲပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းကိုသုံးမယ်ဆိုရင်တော့နဲနဲသတိထားရပါမယ်။
-အကိုက်အခဲပျောက်ဆေး ၃-၄ လုံး
-ခေါင်းလျှော်ရည်
ဆေးလုံးတွေကိုချေပီး ခေါင်းလျှော်ရည်နဲ့ရောပါ။ ဆံပင်မှာလူးပီးရင် မိနစ်အနည်းငယ်လောက်ထားထားပါ။ ပီးရင်ရေဆေးချပါ။ ကျန်နေတဲ့ဟာနဲ့ခေါင်းကိုထပ်လူးပီး ၁၀မိနစ်လောက်ထားပါ။ ပီးမှရေနဲ့သေချာပြန်ဆေးချပါ။

၃။ ဆံပင်သန်ဖို့အတွက် အုန်းဆီနဲ့ဥ
-ဥ ၂ လုံး
-အဆီ ၄ ဇွန်း
-အုန်းဆီ ၂ ကော်
ဒီပေါင်းတင်တဲ့နည်းကိုတော့တစ်ပတ်မှာတစ်ကြိမ်သုံးစွဲနိုင်ပါတယ်။

၂။ ဆံပင်ပြန်ကောင်းလာဖို့အတွက် မုန့်ဖုတ်ဆော်ဒါရှန်ပူ
-မုန့်ဖုတ်ဆော်ဒါ ၃ ဇွန်း
-ရေ ၉ ဇွန်း
အဲ့ ၂ မျိုးကိုရောပီး ခေါင်းလျှော်ကြည့်လိုက်ပါ။ သင်ထူးခြားတဲ့ရလဒ်ကိုတွေ့မြင်ရမှာပါ။

၁။ ကြက်သွန်နီဆေး
-ပျားရည် ၁ ကီလိုဂရမ်
-ကြက်သွန်ဖြူ ၃ မွှာ
-ကြက်သွန်နီ ၃ လုံး
-လီမွန် ၄ လုံး
-နှမ်းကြတ်ဆီ ၂၀၀ ဂရမ်
ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့၊ လီမွန်တို့ကို ဘလန်ဒါစက်ထဲမှာရောမွေလိုက်ပါ။ ပီးရင် ပျားရည်နဲ့ နှမ်းကြတ်ဆီထည့်ပါ။ ထပ်မွေပါ။ ရလာတဲ့အရည်ကို ပုလင်းတစ်ခုထဲထည့်ပီး ရေခဲသေတ္တာထဲထည့်ထားပါ။ တစ်နေ့ ၃ ကြိမ်အစာမစားခင် ၃၀ မိနစ်အလိုမှာ စားပွဲတင်ဇွန်းတစ်ဇွန်းစီသောက်ပေးပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် တကယ်ကိုကောင်းမွန်တဲ့ရလဒ်ကိုရရှိမှာဖြစ်ပါတယ်။

Writer –Min Thu (Daily Hot News)