ကောက်ရိုးမှို(Straw Mushroom) စိုက်ပျိုးနည်း(အပြည့်အစုံ) - Kharann Media

Breaking

ကောက်ရိုးမှို(Straw Mushroom) စိုက်ပျိုးနည်း(အပြည့်အစုံ)

အခြေခံကုန်ကြမ်းများကိုပြင်ဆင်ခြင်း
သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး၊ ရိုးပြတ်များကိုစုဆောင်းရမည်။ အဟာရထောက်ပံ့စာအဖြစ်အသုံးပြုရန် ဗေဒါ၊ ငှက်ပျောရွက်၊ ငှက်ပျောဖတ်၊ ပိန်ရိုး တစ်မျိုးမျိုးကို နုတ်နုတ်စင်းပြီး အရိပ်ထဲတွင် လေသလပ်ခြောက်သွေ့စေရမည်။ ၎င်းအခြောက်ဖတ်(၂)ပြည်၊ နွားချေး(သို့) ဝက်ချေး(သို့) ကြက်ချေး အခြောက်မှုန့်(၁)ပြည်၊ ဖွဲနုမှုန့်(၃)ဗူးတို့ကို သမအောင်ရောမွှေထားမည်။ (တစ်ဇလားအတွက်နှုန်း) အောက်ခြေမျက်နှာဝ( ၅’ x ၁’ ) နှင့် ထိပ်မျက်နှာဝ( ၄’ x ၁’ ) ရှိပြီး အမြင့်( ၁.၅’ ) ရှိသော နှစ်ဖက်ပွင့်သစ်သားပုံးတစ်ခု(ပုံတွင်ရှု)ကို ပြုလုပ်ထားရပါမည်။

မြေနေရာရွေးချယ်ခြင်း
ညီညာပြီးရေမဝပ်သောနေရာကိုရွေးချယ်ရမည်။ ဆားပေါက်မြေ၊ ဆား၊ ဆပ်ပြာ၊ စက်သုံးဆီနှင့် ပိုးသတ်ဆေးများ သိုလှောင်ခဲ့ရာ နေရာတို့တွင်မစိုက်သင့်ပါ။ အရိပ်ရပြီး လေဝင်လေထွက် ကောင်းသောနေရာသည် အသင့်တော်ဆုံးဖြစ်သည်။ ဟင်းလင်းပြင်ဖြစ်ပါက အမိုးလုပ်ပေးရမည်။

မျိုးစေ့ရွေးချယ်ခြင်း
စိုက်ပျိုးရန်ကောင်းသည့် ပျိုးထုပ်၏အသွင်အပြင်မှာ အထုပ်ကိုကြည့်လျှင် အမြစ်များယှက်နေသကဲ့သို့ အမျှင်ဖြူများစွာ ရှိနေရပါမည်။ အနံ့မှာလည်း မှိုစိမ်းနံ့ရနေရပါမည်။ အဝါရောင်(သို့) အစိမ်းရောင်အမျှင်များ ထွက်နေပြီး ချဉ်စုပ်စုပ်အနံ့ရှိသောပျိုးထုပ်ကို မစိုက်သင့်ပါ။


စတင်စိုက်ပျိုးခြင်း
မျိုးထုပ်ကိုဖွင့်ပါ။ အထဲမှနှပ်စာအားလုံးကိုခွက်တစ်ခုထဲထည့်ပြီး အလုံးအခဲမကျန်ရအောင်
လက်ဖြင့် အသာအယာခြေထားပါ။ ကောက်ရိုး၊ ရိုးပြတ် တို့ကိုရေစိမ်ထားပါ။ ရေစိမ်ရမည့်အကြာများမှာ
ကောက်ရိုးအတွက် နွေ(၆)နာရီ၊ မိုး(၁)နာရီ၊ ဆောင်း(၃)နာရီ၊ ရိုးပြတ်အတွက် နွေ(၃)နာရီ၊ မိုး(၃၀)မိနစ်
ဆောင်း(၁)နာရီ ဖြစ်သည်။ ထို့နောက် ကောက်ရိုးများကို အသင့်လုပ်ထာပြီးဖြစ်သော ဇလားထဲသို့ ဖြန့်
ထည့်ပြီး အထူ(၃”)ရအောင် တက်နင်းဖိသိပ်ရပါမည်။ ကိုကောက်ရိုးပြင်၏နှုတ်ခမ်းသားနားကပ်ပြီး ခြေ
မွှထားသောနှပ်စာကို ဗျက်(၃”) အထူ(ဝ.၅”) ဖြင့်ညီညာစွာ ပတ်လည်အောင်ဖြူးပါ။ ပြီးလျှင် ပျိုးမှုန့်ကို
ဖြူးထားပြီးဖြစ်သော နှပ်စာ၏အလယ်ကြောင်းလေးအတိုင်း ခပ်ပါးပါးလေး ညီညာစွာဖြူးရမည်။ပြီးလျှင်
နောက်ထပ်ကောက်ရိုးတစ်လွှာထပ်ခင်း မျိုးစေ့ထပ်ဖြူးရမည်။ အလွှာ (၅-၆) လွှာရပြီးပါက နောက်ဆုံး
အထပ်မျက်နှာပြင်တစ်ပြင်လုံးတွင် မျိုးမှုန်၊ထောက်ပံ့စာတို့ကို ညီညာစွာဖြူးပြီး ရေစိုကောက်ရိုးဖြင့်အုပ်
ကာ သစ်သားဇလားကို မပြီးချွတ်ရမည်။နွေရာသီတွင် အနည်းဆုံးစိုက်ပုံ(၅)ပုံကို တစ်ပုံနှင့်တစ်ပုံ(၁၀”)
ခြား၊ မိုးရာသီတွင် စိုက်ပုံ(၇)ပုံကို (၈”) စီခြား၊ ဆောင်းရာသီတွင် (၁၀)ပုံကို (၆”)စီခြားစိုက်ရမည်။ အပူ
ဓါတ်ကောင်းစွာထိမ်းနိုင်ရန် အပုံများကို ပလပ်စတစ်အစဖြင့် ပေါင်းမိုးလုပ်ပေးရမည်။ နေရောင်ကာရန်
အပေါ်မှ အမိုးအကာပြုလုပ်ပေးရန်လိုအပ်သည်။

ဇလားလွတ်အမြင့်ပုံတန်းရှည်စိုက်နည်း


ရွေးချယ်ရှင်းလင်းထားသောမြေနေရာတွင် အလျား(၁၀’)အနံ(၂”)ရှိအကွက်၏ထောင့်လေးခုတွင် ငုတ်တိုင်(၄)ခုကို မြေအပေါ်(၃’)ရအောင်ထားပြီး မြေထဲနက်နက်ရိုက်သွင်းပါ။ ရေစိမ်ထားသော
ကောက်ရိုးများကို အဖျားပိုင်းအတွင်းထည့်၊ အရင်းပိုင်းအပြင်ထားစနစ်ဖြင်းစီထည့်ကာ နင်းပေးပါ။ နှပ်
စာ(ထောက်ပံ့စာ)ကို နှုတ်ခမ်းသားတလျှောက်(၄”)အကျယ်၊ အထူ(ဝ.၅”)ဖြူးပါ။ ပြီးလျှင် ပျိုးမှုန့်ဖြူးပါ။
ဆောင်းနှင့်မိုးရာသီတွင် (၅-၇)လွှာ၊ နွေရာသီတွင်(၄-၅)လွှာ လုပ်ပြီး စိုက်ရမည်။ အပေါ်ဆုံးလွှာတပြင်
လုံးတွင် နှပ်စာ၊မျိုးမှုန့်တို့ကိုညီညာစွာတည့်ပြီး အပေါ်မှ ကောက်ရိုးပါးပါးဖုံးပါ။ အပူထိမ်းရန် ပေါင်းမိုးပြု
လုပ်ပေးရန်လိုသည်။ နေပူဒဏ်ကာကွယ်ရန်လိုအပ်သည်။

ကတ်ထူစက္ကူဖြင့်စိုက်ပျိုးနည်း

ရွေးချယ်ထားသော မြေနေရာတွင် အလျား(၉’)၊ အကျယ်(၂’)၊ အနက်(၃”)ကျင်းတူးပါ။ နွား
ချေး(နွေ-၃၊ ဆောင်း-၅)တင်း ထည့်၊ မျက်နှာပြင်ညှိကာ ရေဖျန်းပုံးဖြင့်ရေဖျန်းပါ။ ကဒ်ထူစက္ကူကို (၂၀)
မိနစ်ခန့်ရေစိမ်ပြီး(၄”)ပတ်လည်အရွယ်အပိုင်းများစုတ်ဖြဲကာ ကျင်းနံရံ၏(၆”)ခွာပြီး နွားချေးပြင်ပေါ်ခင်း
ပါ။ ၎င်းတို့အပေါ်တွင် ခြေမွှထားသော မှိုမျိုးမှုန့်နှင့် ဖွဲနုကိုရောပြီး ညီညာစွာဖြူးပါ ။ ပြီးနောက်  နွားချေး
(နွေ-၂၊ ဆောင်း-၃)တင်းဖြင့် လုံအောင်ဖုံးပါ။ ယူရီးယား(ပုလဲ)ဓါတ်မြေသြဇာ (၂)ဇွန်းကို ရေလောင်းသံ
ပုံးတစ်ပုံးနှုန်းထည့်ဖျော်ပြီး(၃)ပုံးလောင်းပေးပါ။ ပြီးလျှင် ပလပ်စတစ်ပေါင်းမိုးဖြင့် လုံအောင်အုပ်ပါ။ နေ
ရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမရှိအောင် ကာကွယ်ပါ။

ဆက်လက်ပြုစုခြင်းနှင့်နှုတ်သိမ်းခြင်း
စိုက်ပြီး(၄-၅)ရက်သားတွင် ဖော်ပြပါရှိပြီးဖြစ်သောရေအချိုးအစားအတိုင်းထပ်မံလောင်းပေးရမည်။ (၇-၁၀)ရက်သားလောက်တွင် ဆန်ကွဲစေ့ဖြူဖြူလေးများအသွင် မှိုသန္ဓေခဲလေးများကို စတင်ပြီးမြင်ရမည် ဖြစ်သည်။ ထိုသို့မြင်ရပြီး (၄-၅)ရက်အတွင်းတွင် မှိုငုံကြီးများကိုဆ ွတ်ခူးနိုင်ပြီဖြစ်သည်။ (၃)ရက်ဆက်တိုက်နှုတ်နိုင်ပြီး (၃-၅) ပိသာအထိ ထွက်ရှိနိုင်ပါသည်။ ပထမတစ်သုတ်နှုတ်ပြီး  ဖွံ့ထွားသည့်မှိုငုံများ ဆက်လက်ထွက်ရှိခြင်းမရှိပါက မှိုသိမ်များအားလုံးကို နှုတ်ပစ်ပြီး ရေပြန်လောင်းပေးက ဒုတိယအသုတ်ဆက်လက်ထွက်လာပြီး နှုတ်သိမ်းနိုင်ပါသည်။ 

စိုက်ပျိူးအောင်မြင်ဖြစ်ထွန်းနိုင်ကြပါစေ…။

ကောက်ကြောင်း