သဘာဝအခြေအနေ
မြေမရွေးစိုက်နိုင်သည်။ အတက်များကို ခွဲစိုက်သည်။ နေရောင်ကောင်းစွာရပြီး မြေဆီထက်သန်ကာ အစိုဓာတ်ထိမ်းနိုင်သည့်နေရာကို နှစ်သက်သည်။ထွက်ရှိလာသောချင်းတက်များကို ဈေးကွက်မပို့နိုင်သေးမီ အရိပ်အောက်တွင်သဲခင်းပြီး အပေါ်မှာဖြန့်ထားသိုလှောင်ပါ။ ခူဝါကောင်၊ ရွက်လိပ်ပိုး၊ ဇာတောင်ကြမ်းပိုးနှင့် လှေးတို့ကျရောက်နိုင်သည်။
စိုက်ပျိုးပြုစုခြင်း
စိုက်ခင်းကို ထွန်ရေးညက်စွာထွန်ပါ။ ( ၁.၅’ ) ခွာစိုက်ဘောင်များဖော်ပြီး တစ်ဧကအတွက် နွားချေး (၅)စီး၊ အမိုနီယမ်ဆာလဖိတ် (၁၀၀)ပေါင်ထည့်ပါ။ ချင်းတက်များကို (၉”)စီခြားကာ (၃”)မြုပ်
စိုက်ပါ။ တစ်နှစ်အတွင်း အနိမ့်ဆုံး(၂)ကြိမ်ပေါင်းမြက်ရှင်းပါ။ စိုက်ပြီး(၇)လကျော်လျှင် တူးဖော်နိုင်သည်။ ချင်းတက်ကြီးကြီးလိုချင်ပါက (၂-၃)နှစ်ထားပြီးမှ တူးဖော်ပါ။
မှတ်ချက်။ ။ မြေနေရာအခက်အခဲရှိသူတို့ မိမိတို့အိမ်ဝင်းအတွင်း ဝါးခြင်းများဖြင့်ထည့်စိုက်နိုင်သည်။
ကောက်ကြောင်း
New