သဘာဝအခြေအနေ
တောင်ပေါ်မြေပြန့်မရွေး စိုက်နိုင်သည်။ နနွင်းတက်ကို ရေနွးဖျောပြီး နေလှန်းအမှုန့်ပြုကာ ရောင်းဝယ်ဖောက်ကားကြသည်။ ခူဝါကောင်၊ ရွက်လိပ်ပိုး၊ ဇာတောင်ကြမ်းပိုးနှင့် လှေးတို့ ကျရောက်နိုင်ပါ
သည်။ ခေါင်း၊ အတက်တို့ကို ခွဲထုတ်စိုက်ရသည်။

စိုက်ပျိုးပြုစုခြင်း
စိုက်မြေတစ်ဧကတွင် နွားချေး(၅)စီးချပြီး ထယ်ထိုးမွှေရမည်။(၃၀’x၃’x၉”)ဘောင်များတင်ပါ။ တောင်ပေါ်ဒေသအတွက်မူ ( ၁’ ) ခြားစိုက်မြောင်းများကို မြေလျောပြင်တွင် ကန့်လန့်တူးပါ။ ခေါင်း သို့မဟုတ် အတက်ကို( ကြီးလွန်းလျှင် ၂-၃ခုခွဲထုတ်) (၅”-၆”)ခြားပြီး မြုပ်စိုက်ပါ။ စိုက်ပြီးချင်း ရေသွင်းပေးရန် လိုသည်။ မြေအစိုဓါတ်အခြေအနေကိုကြည့်ပြီး ရေ ၁-၂ ကြိမ်သွင်းရမည်။
တူးဖော်ခြင်းနှင့်မျိုးထားခြင်း
စိုက်ပြီး(၇)လကြာလျှင် အရွက်များဝါလာမည်။ နနွင်းတက်များ တူးဖေါ်နိုင်ပြီ။ အတက်များများကို ဖဲ့ထုတ်ပြီး ကျန်ရှိသည့်ခေါင်း(အပင်ခြေရင်း၏ မြေတွင်းရှိအပိုင်း၊ ၎င်းမှအတက်များထွက်သည်)ကို စုဆောင်းကာ အရိပ်ရရာနေရာတွင် ကျင်းတူးထည့်မြုပ်ပါ။ ရေအနည်းငယ်လောင်းထားဖို့ လိုသည်။ နောင်နှစ်တွင် ပြန်ဖော်ပြီး စိုက်ပါ။
ကောက်ကြောင်း