တရုတ်နံနံ(Celery)စိုက်နည်း - Kharann Media

Breaking

တရုတ်နံနံ(Celery)စိုက်နည်း

သဘာဝအခြေအနေ
အေး၍မိုးအတင့်အသင့်ရနိုင်သောဒေသတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။မြေဆွေးကိုနှစ်သက်ပြီး ရွှံ့စေးမြေတွင်မဖြစ်ထွန်းနိုင်ပါ။ အင်းဆက်အဖျက်ပိုးများ ကျရောက်နိုင်ပြီး ပင်နာကျမှိုရောဂါ၊
အမြစ်ပုပ်မှိုရောဂါ၊ ရွက်ဝါမှိုရောဂါတို့ ဖြစ်တတ်သည်။  ဗိုရွန်ချို့တဲ့မှုကြောင့် ပင်စည်အက်ကြောင်းထင်ရောဂါဖြစ်တတ်သည်။

ပျိုးထောင်ခြင်း
အစေ့ကို ရေတစ်ညစိမ်ပါ။ အစေ့ထိပ်တွင် အညှောင့်ဖုကလေး ပြူလာပါမည်။  ပျိုးသေတ္တာ၊ ပျိုးဘောင်တွင် တစ်စေ့နှင့်တစ်စေ့ (၂” ) ခွာထည့်ပြီး ပျိုးပါ။  ပျိုးပင် (၄” )အမြင့်ရလျှင် စိုက်ခင်းသို့ရွှေ့
စိုက်ရမည်။ ပျိုးမြေသည် ပျိုးပင်နှုတ်ရလွယ်ကူအောင် မွယောင်းသင့်သည်။

စိုက်ပျိုးပြုစုခြင်း
အကျယ်(၁.၅’)၊ အနက်(၁’)မြောင်းကို တစ်မြောင်းနှင့်တစ်မြောင်း (၃’)ကွာတူးပြီး နွားချေး၊ မြေဆွေးတို့ကို မူလတူးထုတ်ထားသောမြေအချို့နှင့် ပြန်ရောထည့်ပြီး ကျင်းထဲတွင် သမပေးရမည်။ ထို
မြောင်းထဲသို့ တစ်ပင်နှင့်တစ်ပင်( ၈”)ခွာပြီး ပျိုးပင်များထည့်စိုက်ပါ။ အကယ်၍ မြောင်းမတူးဘဲ မြေပြင်ပေါ်တွင် ( ၃’)စီကွာသော မြေဘောင်များတင်ပြီး ပျိုးပင်ကို ( ၉”)စီခွာစိုက်ပါ။ စိုက်ပြီးအပင်များကို တစ်ပတ်ကျော်ကျာ် ရေကောင်းကောင်းပေးရမည်။ အပင်ရင်းမှအရွက်များကို ဖြတ်ပေးရမည်။

ကောက်ကြောင်း