သဘာဝအခြေအနေ
အမျိုးစားပေါင်း များစွာရှိသည်။ ပိန်းရိုင်းပေါက်သော ဒေသတွင်စိုက်က မျိုးရောနိုင်သည်။ ပိန်းရိုင်းမျိုးတို့ကို အပြောင်ရှင်းရန်လိုသည်။ မြေဆီထက်သန်ပြီး ရေစီးဆင်းမှုကောင်းသောနေရာတွင် ပိုမိုဖြစ်ထွန်းသည်။ ဥခေါင်း(သို့)ဥကိုဖြတ်စိပ်ပြီးစိုက်ရသည်။ မြေကျက်ကိုနှစ်သက်သည်။
စိုက်ပျိုးပြုစုခြင်း
( ၆”x၆”x၆”)ကျင်းကလေးများကို (၁’)စီခွာတူးပြီး ခေါင်း၊ ဥစိတ်များကို ထည့်မြုပ်ပါ။ အပင်အမြင့် (၈”)အမြင့် ရလျှင် နွားချေး၊ မြေကျက်တို့ကို အပင်ခြေပတ်လည်တွင်ထည့်ပြီး မြေတောင်မြှောက်ပေးပါ။ ပေါင်းမြက်များ မှန်မှန်ရှင်းပေးပါ။ မြေတောင် မကြာကြာမြှောက်ပါ။
ပိန်းပင်အမျိုးအစားကိုလိုက်၍ (၃)လ မှ (၁)နှစ် အတွင်း တူးဖော်နိုင်သည်။ တစ်ဧက(၃-၅)တန်ထွက်ရှိနိုင်သည်။
ကောက်ကြောင်း