
AD- 1044-1077 မြန်မာသက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅-ဆက်တွင်၊ ပထမ မြန်မာနိုင်ငံကို တည်ထောင်သော အနော်ရထာမင်း နန်းတက် လေသည်။ ထိုအနော်ရထာ မင်းလက်ထက်တွင် လူစွမ်းကောင်း များ ပေါ်ပေါက် ခဲ့သည်။ ပထမ ၄-ဦးမှာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့ဖြစ်ကြသည် ငထွေရူး- မြင်းမူအရပ်သား ထန်းတက်သမားဖြစ်သည်။
ထန်းပင် အပင် တထေါင်ကို တက်ခါဆင်း ခါလှီးသည်မှာ တနံနက်အချိန်မှီ ပြီးသောသူ ဖြစ်သည်ဆိုပါသည်။
ငလုံးလက်ဖယ်- ပုပ္ပါးအရပ်သား၊ နွားအရှဉ်း သုံးဆယ်ကို ထွန်၌တပ်၍ ထွန်ရေးမှန်အောင်၊ တက်ချည် ဆင်းချည်၊ အနှံ့ထွန် နိုင်သောသူ ဟုဆိုပါသည်။
ညောင်ဦးဖီး- ညောင်ဦးအရပ်သား ညောင်ဦးကမ်းပါးက ပြေးဆင်း၍ ဧရာဝတီ တဖက်ကမ်းသို့ လက်ပစ်ကူးသည်၊ နောက်ဖက်ကမ်းသို့ ရောက်သော် ခြေမထောက်ခဲ့ဘဲ ပြန်၍ ကူးလာနိုင်သည့် အပြင် ကမ်းထိပ် သို့ပြေးတက် နိုင်သေးဟု ဆိုပါသည်။
ထို ၄-ဦးအပြင် နောက်ထပ် ဗျတ္တ၊ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ်တို့ လည်းရှိကြသေး၏။ ထိုစဉ် အနော်ရထာ လက်ထက် မတိုင်မှီ ပုံဂံပြည်၌ မိရိုးဖလာနတ်၊ နဂါး၊ အရည်းကြီး တို့ကို ကိုးကွယ်ကုန်လေသည်၊ ထိုအရည်းကြီး များသည် ထိမ်းမြားမင်္ဂလာ ပြုလုပ်ကြလျှင် သူတို့သမီးကို ရှေးဦးစွာ အရည်းကြီးတို့ ကျောင်းသို့ ပို့ရသော ထုံးစံ ဖြစ်တည်နေသည်။
ထိုထုံးစံကို ပန်းဦးလွှတ် သည်ဟုခေါ်သည်။ ထိုထုံးစံကို မလိုက်နာသော် မင်းဒဏ်ခံကြရ၏၊ ထိုသို့ ရှိစဉ် သထုံပြည်မှ ရှင်အရဟံမည်သော ရဟန်းကောင်း ရဟန်းမြတ် တပါးသည်။ ပုဂံသို့ရောက်ရှိလာ၍ မင်းအနော်ရလည်း ကြည်ညို- ဆည်းကပ်သည် နှင့် စင်ကြယ်သော ဗုဒ္ဓဘာသာ အယူမှန်ကို သိရလေသည်။
သက္ကရာဇ် ၄၁၉- (AD-1057) ခုနှစ်တွင် အရှင်အရဟံ မိန့်ကြားချက်အရ သထုံပြည်၌ ပိဋကတ်တော် များရှိကြောင်း ကြားသိရသော လက်ဆေင် ပဏ္ဍာနှင့်တောင်းစေရာ သထုံ- မနူဟာမင်းက အရိုင်းတို့နှင့် အရာလောဟုဆို၍ မပေးဘဲနေလေ၏ ထိုအခါမှ စစ်သည် ဗိုလ်ပါနှင့်ချီ၍ သထုံကို တိုက်ခိုက်လေသည်။
ထိုသို့တိုက်စဉ် ကကျန်စစ်သား စသော လူစွမ်းကောင်း များတွင် ဗျတ္တလည်း ပါလာလေသည်။ ထိုစဉ် သထုံပြည်၌ ဗျတ္တ၏အကို---ဗျတ်ဝိ၏ အပေါင်အလက်တို့ကို ဆေးစီရင်၍ မြုပ်နှံထားသည် နှင့် မြို့ရိုးကိုမဝင်နိုင်ရှိရာ၊ ဗျတ္တက မရီးကို မြေးမြန်း၍- မြုပ်ထားရာကို သိရှိ-ဖေါ်ယူပစ်လေမှ ဝင်နိုင်ကြလေသည်။
ပဒေသရာဇ်ခေတ်တွင် "တိုက်ခိုက်သိမ်းပိုက်၍ စုစည်းခြင်းသည် တိုက်ခိုက်သိမ်းပိုက် ခံရသောအမျိုးသာတို့၏၊ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်လွတ်လပ် ခွင့်ကို ဖျက်ဆီးလိုက်ပြီး ၎င်းအမျိုးသားတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ တိုက်ခိုက်သိမ်းပိုက်ခံရသော အမျိုးသား နိုင်ငံတော်ကို ဖျက်ဆီးသိမ်းသွင်းပြီး၊ ၎င်းနိုင်ငံတော်ပိုင် နယ်နိမိတ်ကို စစ်နိုင်ငံသော နိုင်ငံတော် ဧရိယာနှင့် ပူးပေါင်းခြင်းပင် ဖြစ်သည်။ "
အဆိုပါ သဘောတရားသည် မှန်ကန်ကြောင်း မြန်မာ့သမိုင်းကို လေ့လာလျှင် ပဒေသရာဇ်ခေတ်တွင် မြန်မာပဒေသရာဇ်သည်။ မြန်မာနိုင်ငံ စုစည်းရာတွင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်နိမိတ်ခြင်း၊ ပူးပေါင်းခြင်း ဖြစ်သည်။
စုစည်းညီညွတ်မှု အစစ်အမှန်မှာ ဆန္ဒအရသာ ပူးပေါင်းပြီး လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သော မိမိတို့လူမျိုးအတွက် နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို မိမိတို့လူမျိုး၏ ဆန္ဒအရ တခြားအမျိုးသားတို့ လွတ်လပ်ခွင့် မထိခိုက်စေဘဲ လုပ်ဆောင်ခွင့်ရှိရမည်၊ မြန်မာနိုင်ငံ ပဒေခေတ်သရာဇ်တွင် ထိုသို့ စုစည်းခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားများသည် အချင်းချင်း စိတ်ဝမ်းကွဲပြားကာ တော်လှန်ပုန်ကန်မှုများ ခေတ်သမိုင်း အဆက်ဆက်တွင် ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။
မြန်မာတို့အောင်နိုင် ကြသောအခါ မနူဟာမင်းနှင့် တကွ ပိဋကတ်တော် တို့ကို၎င်း၊ နှုတ်မှု-လက်မှု -ပညာသည် တို့ကို၎င်း၊ ထိုသို့ တိုက်ခိုက် ဆောင်ယူခဲ့လေသည်။ ဤသို့သထုံမှ ဗုဒ္ဓဘာသာ ပိဋကတ်တော်များ ရောက်လာသည် ကစ၍ ပုဂံပြည်တွင် အရည်ကြီး တို့သာသနာ မှေးမိန် သွား၍ ဗုဒ္ဓသာသနာတော်- တည်မြဲ- ကြီးပွားလေတော့သည်။
အနော်ရထာမင်းလက်ထက် သထုံပြည်ကို အောင်နိုင်ခဲ့ကာ ပိဋကတ်သုံးပုံနှင့် မွန်စာပေတို့ကို သထုံပြည်မှ ပုဂံပြည်သို့ သယ်ဆောင်လာခဲ့ သော်လည်း မြန်မာဘာသာကို မွန်အက္ခရာ ဖြင့်ရေးသားနိုင်ခြင်း မရှိသေးသည့်အပြင် ထိုအချိန်ထိ မြန်မာစာကို ဖန်တီးနိုင် ခဲ့ခြင်းလည်း မရှိသေးပေ။
အနော်ရထာမင်းကိုယ်တိုင် ရေးထိုးခဲသည်ဆိုသာ် အုတ်ခွက်စာတို့မှာ ပါဋိဘာသာကို မွန်အက္ခရာ ဖြင့်သော်၎င်း၊ နာဂရိအက္ခရာ ဖြင့်သော်၎င်း ရေးသားထား သည်ကို တွေ့ရပါသည်။
မြန်မာတို့သည် မွန်အက္ခရာနှင့် မြန်မာစာကိုလည်း တီထွင်ဖန်တီးရန် အားထုတ်ကြိုးစားနေမည် မှာအလွဲပင်ဖြစ်သည်။ သို့ရာတွင် အောင်မြင်မှု့ မရသေးပေ။
အနော်ရထာမင်းနှင့် စောလူးမင်းလက်ထက်တွင် ပါဋိဘာသာကို သာနာဂရိအက္ခရာ ၊မွန်အက္ခရာဖြင့် တိုတိုတောင်းတောင်းပင် ရေးသားမှတ်တမ်း တင်ခဲ့ကြသည်ကိုတွေ့ရသည်။ မြန်မာစကားကို စာဖြင့်ရေးသား ခဲ့သည်မှာ ခရစ်နှစ် ၁၁-ရာစုဦးက ပင်ဖြစ်သည်။ စောလူးမင်းလက်ထက် ရေးထိုးခဲ့သည်ဟု ယုံကြည်ရသော ကျောက်စာမှာ ပါဋိဘာသာကို မွန်အက္ခရာဖြင့် ရေးထိုးထားသည်ကို တွေ့ရသည်။
မြန်မာ အက္ခရာ နှင့် မြန်မာစာ အရေးအသားပေါ်ပေါက်ဖြစ်ထွန်းလာပုံ ကို စူးစမ်းလေ့လာကြသော သုတေသီ အားလုံးက မြန်မာ အက္ခရာ များသည် ခရစ်တော် မပေါ်မှီ BC – 500 မှ AD- 300 ကျော်အထိ India မှာ ထွန်းကားခဲ့သော ဗြာဟ္မီ အရေးအသား ကနေမြစ်ဖျားခံခဲ့သည်ဟု လက်ခံကြသည်။ အစောဆုံးမြန်မာစာ အရေးအသားကို ပုဂံခေတ် AD-11-12 ရာစု မှာတွေ့ရှိရပြီး ရာဇကုမာ ကျောက်စာ ရေးထိုးခဲ့ချိန် ဖြစ်သည်။
အနော်ရထာမင်းသည် အမေနူဟာဘုရင် အားသုဝဏ္ဏဘူမိမှ ဖမ်းဆီး၍ ပုဂံသို့ ယူဆောင်အကျဉ်းချထားသည်။ ၎င်းနှင့်အတူ မွန်ရဟန်းတော်များ၊ မွန်ဗိသုကာများ၊ မွန်စာပေပုရပိုဒ်များကို ယူဆောင်သွားသည်။ ကျေးကျွန်အဖြစ် မွန်အမျိုးသားများစွာ တို့ကိုလည်း ဖမ်းဆီးသွားသည်။
မနူဟာမင်းကြီး တည်ထားခဲ့ မနူဟာဘုရား
မနူဟာဘုရားကို ပုဂံရောက် သထုံမင်း မနူဟာမင်း (မကုတ) တည်ခဲ့သော ဘုရားဖြစ်သည်။ မြင်းကပါ အရပ်တွင်တည်ထားသည်။ ဘုရားဂူအတွင်း၌ ရှေ့ဘက်တွင် ထိုင်တော်မူ ဆင်းတုတော်ကြီး ၃ ဆူနှင့် အနောက်ဘက်တွင် လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူ ရှိသည်။ ယင်းဆင်းတုတော်ကြီးများသည် အလွန်တရာ ကြီးမား တော်မူကြသည် ဖြစ်၍ ဂူအတွင်း နေရာ အပြည့် ဖြစ်နေကြသည်။
ဆင်းတုတော်ကြီးများသည် မလှုပ်သာ မှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း ဖြစ်နေသည်။ မနူဟာဘုရားအတွင်း၌ ဆင်းတုတော်ကြီးများသာလျှင် ကြီးမားသည် မဟုတ် ရှေ့ မျက်နှာစာရှိ သပိတ်မှာလည်း ဆင်းတုတော်ကြီးများနှင့် လိုက်ဖက်အောင်ပင် ကြီးမားလှပေသည်။
သမိုင်းအရ မနူဟာမင်းသည် ပုဂံတွင်နေထိုင်ရာမှ ကုသိုလ်ကောင်းမှု ပြုလုပ်လိုသည် ရှိသဖြင့် ဘုရားတစ်ဆူတည်ရန် အနော်ရထားအား ခွင့်တောင်းသည်။ အနော်ရထာမင်းက လှိုက်လှိုက်လဲလဲ ခွင့်ပြုသဖြင့် မိမိလက်တွင် ဝတ်သောနန်းစဉ်လက်စွပ်ကို ပုဂံသူဌေးတစ်ဦးအား ရောင်းချကာ ဘုရားကိုတည်သည်ဟု သိရသည်။
မနူဟာမင်းကြီးသည် ဘုန်းတန်ခိုး အာနုဘောကြီး၍ စကားပြောသော အခါ ခံတွင်းက စက်ပြောင်ပြောင် အရောင်ထွက် တတ်၏ အနော်ရထာသည် စိုးရိမ်ကြောက်လန့်ှု မနူဟာမင်း ဘုန်းနှိမ့် စေရန်ဟု ဆွမ်းတော်တင် ပို့ကိုစေ၏။ မနူဟာမင်း စားမိ၍ ဘုန်းတန်ခိုး ပြယ်လေသော၊ စိတ်လက်ညိုး နွမ်းသည်နှင့် မိမိ၏ လက်စွပ် ကိုရောင်းပြီး ဘုရားတည်လေသည်။ ယခုတိုင် မနူဟာဘုရား ဟုရှိ၏ " ဖြစ်လေရာ ဘဝ၌ သူတပါး၏ နိုင်ခြင်းတို့ မခံရပါလို၏ ဟုဆုတောင်း ခဲ့လေသည်။ " နောက်မကြာမီ မနူဟာမင်း နှင့်မိဖုရား သားသမ္မီး တို့ကိုပါ အနော်ရထာက ရွှေစည်းခုံဘုရားသို့ ဘုရားကျွန် အဖြစ်ဖြင့် လူလေသည်ဟုဆိုသည်။
အနော်ရထာသည်၊ ထိုကဲ့သို့ သာသနာရေးကို ဗန်းပြကာ အခြားတိုင်းပြည်များကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ရန် စိတ်အားအလွန် စိတ်အား တက်ကြွလာပြီးလျှင် ရခိုင်ပြည်ရှိ မဟာ မုနိရုပ်ပွါးတော် ကိုလည်းပင့် ယူရန် သွားရောက်သေးသည် သို့သော်လည်း အထမမြောက် မယူနိုင် ဖြစ်လေသည်။
တဖန် အေဒီ ၁၀၅၈ မှာ ပုဂံပြည့်ရှင် အနော် ရထာမင်းဟာ ဂန္ဓာလရာဇ် (ယခုတရုတ်) ပြည်၌ စွယ်တော် မြတ်တစ်ဆူကို မိမိတိုင်းပြည်သို့ ပင့်ယူတော်မူရန် အကြံဖြစ်ခဲ့သည်။ ကျန်စစ်သား စသော လူစွမ်းကောင်း လေးဦးနှင့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် တို့လည်းပါ၍ စွယ်တော်မြတ်အား မိမိတိုင်းပြည်သို့ ပင့်ယူတော်မူရန် အကြံဖြစ်ခဲ့သည်။
ထို့ကြောင့်စစ်သည် အလုံးအရင်းနှင့် အတူ နန်ချောက်ပြည်၏ မြို့တော် တာလီ အထိချီတက်ခဲ့သည်။ နန်ချောက်ဘုရင် ဥတည်ဘွား သည်လည်း မြို့တော်တံခါးကို အလုံပိတ်၍ အပြင်းအထန် ခုခံခဲ့ရသည်။
နောက်ဆုံး အနော်ရထာ မင်းကြီးက " အဆွေတော်တို့ တိုင်းပြည်သို့ လာရောက် ရခြင်းမှာ လောကီစည်းစိမ်ကို အလိုရှိ၍မဟုတ်ပါ။ လောကုတ္တရာ ချမ်းသာဖြစ်တဲ့ စွယ်တော်မြတ်ကို ကိုးကွယ် ဆည်းကပ်ရန် လာရောက်တောင်းခံ ရခြင်းဖြစ်ပါတယ်ဟု မိန့်ရာ" ဘုရင် ဥတည်ဘွားက စွယ်တော်မြတ်က ကိန်းဝပ်တော်မူလိုသော် ပင့်တော်မူနိုင်ခဲ့သည် ဟုဆိုသည်။
အနော်ရထာမင်းလည်း ရတနာပန်း တောင်းကို ဦးခေါင်းတွင်ရွက်၍ သက်ဆင်း တော်မူရန် အဖန်ဖန်တောင်းပန် ခယသော်လည်း စွယ်တော်မြတ်သည် ကောင်းကင်မှ ဆင်းသက်တော်မမူသဖြင့် များစွာကြေကွဲ ဝမ်းနည်းခဲ့ရသည်။ သိကြားမင်းလည်း အနော်ရထာမင်းကြီး စိတ်သက်သာရာရစေရန် ကိုယ်ထင်ပြ၍ ဤစွယ်တော်မြတ်ကို မင်းကြီးအား ကိုးကွယ်စေဟု ဘုရားရှင်၏ ဗျာဒိတ်တော်မရှိခဲ့၊ သရေခေတ္တရာ ပြည်မှာရှိသည့် သင်းကျစ်တော် ဓာတ်ကိုသာ သင်မင်းကြီး ရလတ္တံ့ဟုသာ ဗျာဒိတ်ရှိသည်။ စွယ်တော်မြတ်မှာ ဂန္ဓာ လရာဇ်တိုင်း၌ သာသနာ ၅,ဝဝဝ တိုင်အောင် တည်စေလိမ့်မည်ဟုဆိုကာ မင်းကြီးအား သိကြားမင်းက မြဆင်းတုတော်ကို ပေးအပ်ခဲ့သည်ဟုဆိုသည်။
မှတ်ချက် - မြန်မာ့သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းက ဘုရင်နော်ရထာသည် ယခုလက်ရှိ မြန်မာနိုင်ငံဟုခေါ်ဆိုသော နယ်နမိတ် အကုန်ထ အုပ်စီးနိုင်ချင်း မရှိသေးပါ တရုတ်ကို ရန်စရန်မှာ မဖြစ်နိုင်ပါ မိန်းမောနယ်စပပ် တို့ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ တရုပ်ပြည်ကြီးထဲထိ ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ မရှိဟုဆိုသည်။
အနော်ရထာမင်းကြီးလည်း မြဆင်းတု တော်ကိုပင့်၍ ပုဂံသို့ပြန်လာခဲ့ပြီး အပြန် ခရီးတွင် မိုင်းမောဝ်ပြည်ကြီးသို့ ဝင်ရောက်ခဲ့သည်။ အနော်ရထာမင်းနှင့် မိုင်းမောဝ်ဘုရင် ခွန်ဟိုမိန်း တို့တွေ့ဆုံခဲ့ပြီး နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစေရန် မိုင်းမောဝ် ဘုရင် ခွန်ဟိုမိန်းက သမီးတော်စောမွန်လှ နှင့်အတူ နှောက်လိုက်နှောက်ပါ များကိုပါ ပေးအပ်ခဲ့လေသည်။
သျှမ်းသမိုင်းအဆိုရ မေဝ်ဘုရင် စဝ်ခွန်ဟိုမိန်းတွင် သားသမီး အမွှာ နှစ်ယောက်ရှိလေရာ သမီးတော်ကြီး စဝ်မွန်လှ ရုပ်ရည်ချောမော လှသူတယောက်ဖြစ်သလို အသက်တော်၂၈ နှစ်ရှိပြီဖြစ်ပြီး အပျိုကြီးဘဝဖြင့် ဗု္ဓဒ္ဓဘာသာတရားကို လွန်စွာမှ ရိုသေကိုင်းရှိုင်းသူ အဖြစ် မေဝ်နန်းတွင်းသာက တောရောမြို့ပါ သိကြ၍ ပြည်လူအများ လေးစား ခြင်းချစ် ကြည်ညို ခဲ့ရတဲ့ မင်းသမီးလေးတပါး ပင်ဖြစ်သည်။ မင်းသားတာ် ဖြစ်တဲ့ မောင်တော် စဝ်ကော်လျန်း သည်လည်း တိုက်ရေးခိုက်ရေး ထက်မြက်သောမင်း တပါးဖြစ်သည်။
သျှမ်းမင်းသမီးလေး စောမွန်လှသည် အနော်ရထာမင်း နောက်သို့ လိုက်ပါလာရာတွင် ယခု တောင်ပြုံးအရပ်တို့ ရောက်သော် ဆုတောင်းပြည့် စေတီကိုတည်လေသည် ရွှေဖျဉ်းညီနောင် တို့လည်း အမှုထမ်း လစ်၍ အသတ်ခံရသည်ဟု မြန်မာ့သမိုင်းက ဆိုသည်။
မင်းသမီးလေး စောမွန်လှရဲ့ နောက်လိုက် အချို့တို့သည် ယခုကျောက်ဆည် အရောက်တွင် ကျောက်သားများဖြင့် ဆည် ကံသင်းများ ပြုလုပ်ခဲ့ပြီး လည်မြေစပါး စိုက်ပျိုးကာ ပုဂံပြည်သို့ ဆက်သ ပို့ဆောင်ခဲ့ရသည်။ ထိုကြောင့်ထိုဒေသကို ကျောက်ဆည် လို့အမည်တွင်ခဲ့ကြောင်း သမိုင်းက ဆိုသည်။ ယခုကျောက်ဆည် နားတွင် မိန်းမောရွာသည် ရှိနေပါသေးသည်။
ပုံဂံသို့ ရောက်ရှိ သောအခါ မင်းသမီးလေး စောမွန်လှသည် လောကီကို ငြီးငွေ့နေသောကြောင့် ပုညကြိယာ ၁ဝ ပါး ဖြင့်မွေ့လျော်ပြီး သာသနာတော်ကို လွန်စွာ ချီးမြှောက်ခဲ့သည်။ အနော်ရထာမင်း ဟာလည်း သျှမ်းမင်းသမီးလေး စောမွန် လှကို မြတ်နိုးတော် မူလှတဲ့အတွက် မိဖုရားအချင်းချင်း မနာလိုမုန်းတီး မှုတွေဖြစ်ပေါ်ခဲ့ရာက ပုထုဇဉ်တို့ သဘောအရ ပုဂံနန်းတွင်းတွင် အိမ်ထောင်ရေး၊ လူမှုရေး မကျေလည်မှုများ ပေါ်ပေါက်ခဲ့ လေတော့သည်။
မိဖုရားစောမွန်လှရဲ့ နားတောင်းတော်မှာ မွေတော် ကိန်းဝပ်တော်မူပြီး ရောင်ခြည်တော် ကွန့်မြူးတာကို ဇော်ဂနီ စုန်းကဝေလို့ စွပ်စွဲပြီး မင်းကြီးထံ မဟုတ်မမှန် လျှောက်တင် ကြလေသည်။
မင်းကြီးလည်း မယုံကြည်၍ စောမွန်လှ ဘုရားဝတ်ပြု ရာသို့ တိတ်တဆိတ် ချောင်းမြောင် ကြည့်ရာတွင် ထိုသို့ ကွန့်မြူးသည်ကို မြင်တွေ့ရှိ၍ ယုံကြည်ရနိူး ဖြစ်နေစဉ် စောမွန်လှနှင့် နောက်လိုက် နောက်ပါ သျှမ်းတို့သည်လည်း သျှမ်း အစားစာဖြစ်သော ငါးချဉ်၊ ဝါးပိုး၊ အသားချဉ် စသောအခြား အစားအစာများ ကိုစားသောက် ကြသည်ကို ကြည့်ရှု့၍ ဧကန်မုချ စုန်းမ- ဖြစ်ကြောင်း ယုံကြည်သည်နှင့် နေရင်း သျှမ်းပြည်သို့ ပြန်စေဟု နှင်ထုတ် လိုက်လေသည်။
နဖူးစာရေစက် ဒီတင်ပြတ်တာမို့ အနော်ရထာမင်းအား ယုံစား သက်ဝင်တော်မူ ခြင်းမရှိလှကာ သျှမ်းမင်းသမီး စောမွန်လှသည် ရိုးသားသူ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်သည့်အပြင် မိမိရိုးရာ အစားအစာများအား အပြစ်တင် ကဲ့ရဲ့ရှုတ်ချ မိမိဂုဏ်သိက္ခာ ကိုလည်း စော်ကား ခံရသည်ဖြစ်၍။
မိမိဖခင် ပင်လျင်လည်း ကမ္ဘောဇ ပြည့်ရှင် မောဝ်ကိုးပြည်ထောင်ကို အစိုးရတဲ့ အရှင်သခင် ဖြစ်သည့် အလျှောက် ကြောက်ရွံ့ခြင်း အလျှင်မရှိ အခြွေအရံ အနည်းငယ်မျှနှင့် မိမိမွေးဌာနီ မေဝ်ပြည် ဖက်သို့ ထွက်လာခဲ့လေသည်။ ပုဂံပြညမှထွက်ခွာလာပြီး ၁၀ရက်မြောက်သောနေ့၌ ယခုဘုရား တည်ရာနေရာနဲ့ တစ်မိုင်အကွာ ပန်းချောင်းအတွင်း ဖြတ်ကူးစဉ်မှာ နားမှ ကျွတ်ပြီး ကောင်းကင်မှာ စာဝတီးငှက်များ ရံလျက်တည် ရှိတာကို အကြောင်းပြုလို့ ထိုအရပ်ကို ရွှေစာရံ လို့ ခေါ်တွင်ခဲ့ပြီး ပန်းချောင်းကိုလည်း နားတောင်း ကျချောင်းရယ်လို့ ယနေ့ထက်တိုင် ခေါ်တွင်ခဲ့ကြပါတယ်။
ငါးတောင်ပြည့် ရွှေစာရံစေတီတည်ထားတဲ့ အုတ်ချပ်ရေ ၁၅၄ ချပ်ကို `အုတ်ချပ်ရေက ဝမ်းဘဲဥ ပြောင်းပြန်လှန်၊ ဘုရားမူရင်း အုတ်ချပ်သွင်းခဲ့တယ်’လို့ မှတ်သားခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော်က တည်ထားခဲ့တဲ့ စေတီ ဖြစ်တဲ့အတွက် တဖြည်းဖြည်း မေ့ပျောက် တိမ်ကောခဲ့ရာမှ ၁၉၈၉ ခုနှစ်မှာ ရွှေစာရံဘုရားကို ပြန်လည် ဖော်ထုတ်ခဲ့ပြီး လူသိများထင်ရှား လာတာ အနှစ် နှစ်ဆယ် နီးပါးမျှသာ ရှိပါသေးတယ်။
ရွှေစာရံစေတီဟာ မန္တလေးမြို့မှ ပြင်ဦးလွင် ကားလမ်းအတိုင်း ၁၃ မိုင်အကွာမှာရှိတဲ့ အုန်းချောကျေးရွာလမ်းခွဲက တောင်ဘက် သုံးမိုင်နှစ်ဖာလုံအကွာ မန္တလေးယဉ်ကျေးမှု တက္ကသိုလ်၊ ရွှေစာရံ ဂေါက်သီး အားကစားကွင်းနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ်(၄) ရဲတပ်ရင်းတို့ကို ဖြတ်ပြီး အဘယခေမာ ကုန်းသာယာ (ဘေးကင်း၍ အေးချမ်းသာယာသော ကုန်းမြေ)မှာတည်ရှိပါတယ်။ ပုဂံပြည့်ရှင် အနော်ရထာမင်းရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ သျှမ်းမင်းသမီး တည်ထားခဲ့တဲ့ ဘုရားဖြစ်တဲ့အတွက် `မိဖုရားစောမွန်လှ တည်ထားကိုးကွယ် တော်မူခဲ့သော ရွှေစာရံမြတ်စွာဘုရား’ စေတီတော် ဖြစ်ပါသည်။ (သျှမ်းတို့နဲ့ ဗမာတို့ ဖြစ်ပျက်ခဲ့ ခိုင်မှာသော သက်သေ သမိုင်းအထောက် အထားတရပ်ဖြစ်ရှိနေပါတယ်)
ခရစ်နှစ် ၄၁၆ ခုနှစ်မှာ ရွှေစာရံအမည် သမုတ်တဲ့ ဆယ့်တစ်မီးငြိမ်း စေတီကို ဘုရားဒါယိကာမစောမွန်လှဟာ နားတောင်းတော်ကို ဌာပနာလို့ ကမ္ဘာတည် သရွေ့ ထေရဝါဒဗုဒ္ဓဘာသာ အရှည်တည်တံ့ စေရန်အလို့ငှာ ငါးတောင်ပြည့် တည်ထားခဲ့ ပါတယ်။ မိဖုရား ဘုရားတည်တယ်လို့ ကြား သိတော်မူတဲ့ အနော်ရထာမင်းမြတ်ဟာ မင်းချင်းတွေကို စေလွှတ်လို့ ထောက်လှမ်းစေပါတယ်။
ဘုရားမုတ်၀ ကိုလည်း အရှေ့မောသျှမ်းပြည် ဖက်သို့ လှည့်ထားလေသည်။ ထိုအချင်းအရာကို အနော်ရထာမင်း ကြားသိသော် ဘုရားမုတ်ကို အရှေ့ သျှမ်းပြည်ဖက်သို့ လှည့်ထားလျှင် စောမွန်လှကို သတ်ခဲ့။ ငါစိုးစံရာ အနောက်ဖက် ပုဂံပြည်ဖက်သို့ လှည်ထားလျှင်၊ အသက်ချမ်းသာစေ ဟု မင်းချင်းများကို စေလွတ်လိုက် လေသည်။
မင်းချင်းတို့ ညအခါ ရောက်လာရာ မင်းသမီး စောမွန်လှက တန်စိုး လက်ဆောင်ပေး၍ အကြောင်းကို မေးမြန် သိရသော အခါမှ။ ၎င်းညတွင်းပင် မိမိ၏ ကုသိုလ်တို့ကို အောင်မေ့ခါ နတ်ကောင်း နတ်မြတ်တို့ကို တိုင်တည် အဓိဋ္ဌာန်ပြု၍ ငါးတောင်ပြည့်ရွှေစာရံ စေတီငယ်ကို မြစီသော ရွှေဖျင်တဘက်ဖြင့် ဘုရားစေတီ ကိုပတ်ချည်၍ လှည့်လေရာ ဘုရားလည်၍ မုတ်၀ အနောက် ဖက်မကျ အရှ့ဖက်မကျ (သျှမ်းပြည်မကျ မြန်မာပြည်မကျ) သို့ရောက်လေသည်။ နံနက်လင်း၍ မင်းချင်းတို့ မြင်ရသော စောမွန်လှ ကိုချမ်းသားပေး၍ ပုဂံသို့ပြန်ကြလေသည်။
(ဤဘုရားသည် ရွှေစာရံဘုရား ဟု ယခုထက်တိုင် ကျော်စောလှပေသည်။ စောမွန်လှ နားတောင်းကျခဲ့သော စမ်းချောင်းကို ယနေ့တိုင် နားတောင်းကျချောင်း ဟုခေါ်ဆိုကြသည်။)
ထိုအချင်းရာကို အနော်ရထာမင်း ကြားသိရသော ကျေနပ်ဝမ်းမြောက် သည်နှင့်အညီ ၎င်းဘုရား ပတ်လည်တွင် မြေတာ- တစ်ထောင် လှူတော်မှုသည် နောင်အခါ၊ ပုဂံ- အလောင်းစည်သူမင်းက မြေထပ်၍ လှူတော်မှုသည်။ နောက်အင်းဝ- မိုးညှင်းမင်းတရာကြီး "သီရိတြိဘဝနာဒီတျာ ပဝရပဏ္ဍိတ ဓမ္မရာဇာ" ဘွဲ့ခံ မိုးညှင်းသတိုး(၇၈၈-၈၀၁) သံတောင် ၃၀- အထိမြင့်၍ တည်တော်မှုသည်။
ဤအချင်းရာများကို ထောက်ရှုခြင်း အားဖြင့် သျှမ်းများနှင့် မွန်တို့သည် အနော်ရထာမင်းထက် ဗုဒ္ဓဘာသာကို စောလျင်စွာ ကိုးကွယ်နေပြီးဖြစ်ကြောင်းသိရှိရသည်။
ဆက်လက်၍ ခရီးဆက်ခဲ့ရာ ယခုသီပေါမြို့နား အရောက် ဆားထွက်ရှိရာ အရာအရပ်၌ ကျန်ရှိသော နားတောင်းတဖက်အား ဌာပနာ၍ (၇-တောင်) အမြင့်ရှိသော စေတီတဆူကို တည်လေသည် ။
ထိုစေတီကို သျှမ်းတို့က ကောင်းမူးမော်ကေ ဟု ခေါ်သည်။ အချို့က အကြိုထောက်တဲ့ ပေါ့(ဖခင်) စော်ဘွားကြီး စောလုံဟုမ်မိန်းနဲ့ မောင်တော် ခွန်ကော်လန်းတို့နဲ့ တွေ့တဲ့အတွတ်ကြောင့် ဘော်ကြို ဘုရားဟုခေါ်သည်။ ထို့နောက် မင်းသမီးလေး စောမွန်လှသည် စိတ်ရော လူပါပင်ပန်း ဆင်းရဲပြီး မမာ မကျန်းတဲ့ဒဏ်ကြောင့် နတ်ရွာလားခဲ့ရပါတယ်။
သျှမ်း မင်းသမီးလေး စောမွန်လှသည် တိုင်းတပါးသို့ လိုက်ပါသွားရကာ မိဖုရား အဖြစ် တင်မြောက်ခြင်း ခံရသော်လည်း ရှေးဘ၀ ကုသိုလ်ကံ အကြောင်းမလှခဲ့၍ ပုဂံပြည်မှ နှင်ထုတ်ခြင်းခံရကာ အပြန်လမ်းတွင် မိမိကိုးကွယ် ယုံကြည်ရာ ဘာသာတရား ကောင်းမှုကုသိုလ်များ ပြုလုပ်နေပါသော်လည်း ဖမ်းဆီးသတ်ဖြတ်မည်ဟု ကြိမ်းမောင်းခြင်း ခံခဲ့ရရှာကာ ဖခင်ဘုရင်ကြီး မော်တော် စဝ်ကော်လျန်းနှင့် သီပေါ ဘောကြိုမှာတွင် တွေ့ဆုံပြီး ချိန်မှ ကံတော်ကုန်ရှာသော ကြောင့် သူ့ဘဝသူခြေသည် ရှေးဘဝက ပြုခဲ့ ကံတရားကြောင့် ကံအကြောင်း မလှရှာသော စောမွန်လှ အဖြစ်သို့ရောက်ရှိခဲ့ရလေသည်။
မည်သို့ပင် ရှိစေကာမှု နော်ရထာမင်းသည် ကံသူအကြိုးပေးဟု ဆိုရလေမလား မိမိပြုသမျှ ဒီဘဝနဲ့ပဲ ပေးဆပ်ခဲ့ရသည်ဟုပြောမလား အထင်ကရ မင်းဖြစ်သော်ညားလည်း ကျွဲခတ်၍ နတ်ရွာစံ (သေဆုံး) ရလေကာ ပုဂံပြည့်ရှင် မင်းအနော်ရထာရုပ်ကလာပ်အား မိမိမင်းညီမင်းသား နှင့် မိမိပုဂံတိုင်းသူပြည်သား အပေါင်းတို့ မတွေ့လိုက်ရရှာတော့ပေ။
ထူးဆန်းဘွယ် ဘော်ကြိုဘုရား ဘုရားကြီး၏ ပရိဝုဏ်အတွင်း အနောက်မြောက်ထောင့်၌ ပေါက်လျှက် ရှိသော စကားပင်မှာ ဘုရား ၊စေတီ၊ အုတ်၊ ပြာသာဒ်၊ ထီးတော်၏ အမြင့်ထက်သို့ မည်သည့် အခါမျှ မြင့်တက် မသွားခြင်း၊ ဘုရားကြီး၏ အနောက်တောင်ထောင့် အရပ်တွင် စေတီတော်၏ အောက်မှ ရေစီးဆင်း နေပြီး ဆယ့်နှစ်လရာသီ ခမ်းခြောက်မှုမရှိခြင်း၊ (စေတီတော်၏ ပေ(၂ဝဝ)အကွာတွင် အုတ်ရေ ကန်လေးတစ်ခု တည်ဆောက်ထားပြီး အယားအရံ ဝေဒနာရှင်များ၊ မျက်စိဝေဒနာရှင်များ ၎င်းရေကိုချိုးခြင်း၊ မျက်စဉ်းခတ်ခြင်းဖြင့် မျက်စိဝေဒနာများ ပျောက်ကင်းခြင်း၊ ရေစင်ကို ဆောင်ကျဉ်းထားပါက လာဘ်လာဘ ကောင်းမွန်ခြင်း၊ အန္တရာယ်ကင်းခြင်း စသည်ဖြင့် မုခ်များတွင်သာ အစဉ်အမြဲ ကိန်းဝပ်စံပယ်သော ရုပ်ပွားတော် များသည် သီတင်းသုံးသည့် မုခ်များတွင်သာ အစဉ်အမြဲ ကိန်းဝပ်စံပယ်စေရခြင်း၊ ပင့်ဆောင်သည့် အခါတွင်လည်း ရှေ့နောက်တွဲစဉ် များအတိုင်း ပင့်ဆောင်ရခြင်း၊ မုခ်(၄)မုခ်တွင် ဘုရားအားမျက်နှာမူ၍ စောင့်ရှောက်နေသော ဘီလူးရုပ်တု (၅)ရုပ်ရှိခြင်း၊ (ရှေးယခင်အခါ ကအမဲသားစိမ်းများကို အပတ်စဉ် ကျွေးမွေးရခြင်း၊ ယခုအခါ ထိုသို့ မပြုလုပ်ကြတော့ပေ။) စသည့် ထူးခြားဖွယ်ရာများ အများအပြား ရှိသည်။
မိုးညှင်းသတိုးမင်းသည် ပြုသူများ ကြည်ညို သဒ္ဓါပွားစေနိုင်ရန် ရည်သန်၍ သက္ကရာဇ် ၇၆၅ ခုနှစ် ပြန်လည်ပြုပြင်ခဲ့သည်။
သက္ကရာဇ် (၈၄၂-၈၆၄) ဒုတိယမင်းခေါင် အင်း၀ ရွှေထီးနန်းကို စိုးစံစဉ်ကာလတွင် ဖြစ်သည်။ စောဝ်လုံ (ခေါ်) စလုံစော်ဘွားသည်လည်း ပြန်လည်ပြုပြင်ခဲ့သည်။
ဘော်ကြိုဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ခန့်ကတည်း ထားခဲ့သည် ရှေးဟောင်းဘုရား တဆူဖြစ်သည်။ မြန်မာမင်း အဆက် သျှမ်းမင်း အဆက် ပြန်လည် ပြုပြင်တည်ထားကိုးကွယ် ခဲ့သောကြောင့် ၁၉၉၅ - ၁၉၉၆ ခုနှစ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အမိန့်အရ ဘော်ကြိုဘုရားအား အကြီးအကျယ် ပြန်လည်ပြင်ဆင်ခဲ့သည်။ အမှန်တကယ်တော့ ရတြယာ အရပြုပြင်ခြင်းသာဖြစ်သည်။
The Express Times

[Unicode]
The Express Times