ချစ်လွန်းလို့ပါခလေးရယ် - Kharann Media

Breaking

ချစ်လွန်းလို့ပါခလေးရယ်


❤ချစ်လွန်းလိုပါခလေးရယ်❤
   ပျိုလေးညို
*******

မီးရောင်စုံတွေအောက်မှာDJသံစဉ်များနဲမြူးကြွစွာကနေကြတယ်...စရိုက်မျိုးစုံလူမျိုးစုံရှိတဲဒီနေရာကတချို့လူတွေအတွက်တောပျော်ရွှင်စရာဘုံနန်းတော်တခုလိုသတ်မှတ်ထားကြတယ်..တချို့လူတွေကြတော့လည်ဘဝအတွက်ရုန်းကန်နေရတဲနေရာတခုဖြစ်ပြန်တယ်...

"နေ..မင်းကိုဟိုမမကြီးကရေလည်ကြွေနေတယ်ထင်တယ်"
" ရေလဲတော်တော်လျှံမယ့်ပုံဘဲအပိုင်သာချုပ်ထားလိုက်တော"
ရှိုင်းလူရဲ့စကားကြောင်မဟော်က
" ကြွေမှာပေါ့ကွနေမင်းရောင်လေဟုတ်တယ်မို့လာနေ"
ဖုန်းတလုံးနဲအလုပ်ရှုပ်နေတဲနေမင်းရောင်ကကြည့်ကာပြုံးလိုက်ပြီး
"ဒါပေါ့"
" နေ...မင်းငါကိုအဲလိုပြုံးပြမနေနဲငါစိတ်မထိန်းနိုင်ဆွဲပြီးဖက်နမ်းလိုက်မယ်"

မဟော်ပြောလဲပြောချင်စရာဘဲစူးရှတဲမျက်လုံးမန်ဝင့်တဲမျက်ခုံးနဲမြင့်မားတဲအရပ်အမောင်ကဘာဝတ်ဝတ်ဆွဲဆောင်မှု့ရှိပြီအမြဲပြုံးနေတတ်တဲနှုတ်ခမ်းကမိနးကတွေနစ်ခါပြန်ငေးရတဲ..နေမင်းရောင်..ပါဘဲ
" စကားတွေများနေတာ...ဟိုမမတွေကကြာလို့ပူညံပူညံလုပ်နေရင်မန်နေဂျာပြောနေလိမ့်မယ်"
" သူလားပြောရဲမှာ"
မဟော်ကထိုသို့ပြောလိုက်ပြီးလက်ဆေးကာရှိုင်းလူရဲအင်္ကျီကိုလှမ်းသုတ်လိုက်တော
" ခွေးကောင်ဘာလုပ်တာလဲ"
"ညစ်ပတ်လိုက်တဲကောင်ငါ့အင်္ကျီအသစ်တောသွားပါပြီ"
ပြောလဲပြောရှိုင်းလူကနေမင်းရောင်ကိုကျော်ပြီးမဟော်ခေါင်းကိုတစ်ရှူးနဲပေါက်တော့
မဟော်ကတဟားဟားနဲရီပြီး
"အမြင်ကတ်လို"
"ဘာအမြင်ကတ်တာလဲ"
" မသိဘူးကွာ"
မဟော်ရဲစကားကြောင်ရှိုင်းလူပိုဒေါသထွက်ကာ
" ခွေးကောင်လာခဲမင်းကိုလဲငါပြန်သုတ်မယ်"
ရှိုင်းလူကပြောပြီးမဟော်အင်္ကျီကိုသွားသုတ်တောမဟော်ကအတင်းရုန်းပြီရီကာ
"နေအုံး....ငါနေကိုပြောစရာရှိလို့"
သူတို့နစ်ယောက်ကိုကြည်ပြီရီနေတဲနေမင်းရောင်က
"ဘာပြောမို့လဲ"
"မနေကငါပုံနဒီနဲတွေ့တယ်"
"ဟုတ်လာ"
" အေ..သူပြန်ရောက်နေတာသုံးလေးရက်လောက်ရှိပြီလိုပြောတယ်"
"တွေ့တောမင်းကိုသူဘာတွေမေးနေသေးလဲ"
ရှိုင်းလူရဲအမေးကြောင်မဟော်က
"ဘာတွေမှန်းမသိပါဘူးကွာမေးတာကိုစုံနေတာဘဲ"
"ဘာလဲနေရဲအကြောင်းတွေလာ"
"အေ...."
"နေမင်းသူနဲမတွေ့ဘူးလာ"
"နေ..ငါပြောနေတာကြားရဲလာဖုန်းတလုံးနဲဘာတွေအလုပ်ရှုပ်နေတာလဲ"
နေကဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲပြန်ထဲကာ
" ဘားမမဟုတ်ပါဘူ"
ရှိုင်းလူက
" ရိပ်ဆီစာပိုနေတာနေမှာပေါ"
မဟော်ကကြည်ပြီး
"ငါ.မေးနေတာရောကြားရဲလာ"
နေကစိတ်ပျက်စွာခေါင်းရမ်းလိုက်ပြီး
"ဘာကိစ္စတွေ့ရမှာလဲမတွေ့ချင်ဘူ"
"ဟုတ်တယ်မတွေတာကောင်းတယ် ..သူလဲဘာထူးလဲနေချောတာကိုမက်ပြီးတွယ်ကက်နေတာ"
"ဟာ...အဲလိုတော့မပြောပါနဲကွ.သနားပါတယ်သူကနေကိုတော်တော်သံယောဇဉ်ရှိတာ"
"အဲတော့ဘာဖြစ်လဲဒီကောင်မှမကြိုက်တာ"
" ဒီကောင်က..သစ်ရိပ်မှ.သစ်ရိပ်ကွ"
"အေးဟုတ်တာဘဲ.သစ်ရိပ်ကအေးတယ်လေ"
"ငါလဲသဘောကြတယ်..ဟီး..ဟီး"
"အေးလားမအေးလားတော့မသိဘူး..မင်းဘိုးတော်ရဲလက်သီးကတော့မင်းမျက်နှာပေါ်မှာဝဲတော့မယ်"

ရှိုင်းလူကနေကိုမေးငေါ့ပြကာပြောတယ်နေကဆံပင်တွေကိုလက်ငါးချောင်းနဲထိုးဖွလိုက်ကာ
" မင်းငါ့လက်သီးကိုတချက်လောက်မြည်းကြည့်ချင်ပြီနဲတူတယ်"
နေရဲ့အပြောကြောင့်..မဟော်က
" စတာပါကွာသူငယ်ချင်းကလဲ..စိတ်ကြည့်ဘဲ"
နေမင်းရောင်ကပြုံးလိုက်ကာရှေကထွက်သွားတောမဟော်ကစပ်ဖြဲဖြဲမျက်နှာနဲနေကိုမေးငေါ့ပြကာရီပြီးရှိုင်းလူရဲပခုံးကိုဖတ်ပြီးထွက်လာတယ်

ကနေတဲလူတွေကိုရှောင်ကွင်းပြီမှောင်ရိပ်ကျကျစာပွဲဝိုင်းတခုဆီရောက်တောအသက်သုံးဆယ်ကျော်အမျိုးသမီးကြီးတွေထိုင်းနေတဲအဲဒီဝိုင်းရဲအစွန်ဘက်ကျကျမှာဝင်ထိုင်လိုက်ကာ
" ဆောရီး.....မစောင့်နေတာကြာသွားလာ"
"ရပါတယ်မောင်ရဲမကြာပါဘူ"
ပြောပြီးတောနေရဲပခုံးထက်ကိုထိုအမျိုးသမီးကခေါင်းမှီချလိုက်တယ်"
ရှိုင်းလူနဲမဟော်ကလည်းအသီးသီးဝင်ထိုင်ကာ
"မမတို့မပြန်နဲအုံးနော်ပြီးကြရင်အတူတူတွဲပြီးကကြရအောင်....အိမ်မှာပြသနာမရှိဘူဟုတ်"
"သေချာတာပေါ...မင်းတို့သာမမတို့နားမှာဒီတညလုံးအဖော်ပြုပြီးစကားတွေတဝကြီးပြောရမယ်..ok"
မဟော်ကဝိုင်ခွက်ကိုအရှေသိုမြှောက်လိုက်က
" Ok "
"ဒါဆိုချီ်းယား"


******
မျက်လုံးကကာကျယ်တွေကိုတစ်ရှူးနဲဖျက်ကာအင်္ကျီလဲနေတဲနေမင်းရောင်ဆီကိုရှိုင်းလူရောက်လာပြီး
"နေ ...ရောမင်းကိုမမတစ်ယောက်ပေးခိုင်းလိုက်တာ"
" ဘာလဲရှိုင်း"
လှမ်းပေးနေတဲလိပ်စာကဒ်ကိုတချက်သာကြည့်ပြီနေဆိုင်ကယ်သော့ကိုလှမ်းယူလိုက်တယ်
"နေ..အဲဒီမမကမခေဘူးကွလန်းနေတာဘဲ"
"လန်းရင်မင်းသွားလိုက်"
"ဟာ....ငါကိုခေါ်တာမှမဟုတ်တာ"
နေနောက်ကလိုက်ရင်ပြောနေသောရှိုင်းလူကိုတချက်ကြည့်ပြီး
"အဲတာတွေ.ငါစိတ်မဝင်စားဘူ.."
"ငါ့အလုပ်ကမကောင်းပေမဲအဲဒီ့တခုကိုတောဖြူစင်အောင်စောင့်ထိန်းတယ်..အဲတာမှန်သောသစ္စာစကားဘဲ"
ပြောပြီးတာနဲဆိုင်ကယ်ဦးထုပ်ကိုဆောင်းကာဆိုင်ကယ်ကို..ဝူး..ခနဲမောင်းထွက်သွားသောနေ.ကျောပြင်ကိုကြည်ပြီးပြုံးနေတာကရှိုင်းလူပါ

*******
တခါး..ဖွင့်ကြည့်လိုက်တော့မရှိပေ
ကောင်တာကဆရာဝန်မအားသွားမေးတော့နပ်စ်နဲထွက်သွားတယ်တဲ့
လက်ထဲက..စားစရာတွေကိုချပြီးလိုက်ရှာဖိုနေထံက်ခဲ့တယ်

ဝက်ရုပ်အပြင်ထွက်နေသောဖိနပ်လေးကခုန်စွခုန်စွလုပ်နေတယ်..တစ်ပင်လုံးနီဆွေးနေအောင်ပွင့်နေတဲ..စိနပန်းပင်ကပန်းတချို့မမှီတမှီခူးဆွတ်နေတဲ့ကောင်မလေးတစ်ယောက်ခါးလောက်ရှိတဲဆံပင်ဖြောင့်ဖြောင့်စင်းစင်းလေးနှင့်ဆံမိတ်နဖူးကျလေး..ဝိုင်းစက်စက်မျက်လုံးလေးတွေပြုံးရယ်နေသောနှုတ်ခမ်လေးချစ်စရာကောင်းလွန်းနေတယ်

ပတ်ဝန်းကျသ်ကိုဂရုမစိုက်အားဘဲပန်းတွေကိုခူးနေရာက.. မာဆတ်ဆတ်အသံကြောင့်လန့်သွားပြီး ခူးနေတဲ့ပန်းတွေတချို့တဝက်အောက်ကိုထွက်ကြသွားတယ်

"အဲဒါ..ဘာလုပ်နေတာလဲရိပ်"
သစ်ရိပ်..ပြန်လှည့်ကြည့်ပြီးနေကိုတွေတော့ပန်းကိုင်ထားတဲ့လက်ကိုအနောက်ဖွက်လိုက်ကာ
" ကိုကို...ရောက်နေတယ်"
"ရိပ်..... ဘာမှမလုပ်ပါဘူးအထဲမှာနေရတာပြင်းလိုလမ်းထွက်လျှောက်နေတာ"

နေက..ရိပ်အနားလျှောက်လာပြီး
" အခု..ကိုကိုကို့လိမ်နေတာလား"
"အဲဒီပန်းတွေက...ရိပ်နဲမတည့်လိုမကိုင်ရဘူးလိုမှာထားတယ်မိုလား"

ပြောလဲပြောရိပ်..လက်ထဲကပန်းတွေကိုယူပြီးလွှင့်ုပစ်လိုက်ကာလက်တွေကိုခါပေးနေတယ်
စိတ်ဆိုးနေတဲကိုကိုကိုမကြည့်ရဲဘဲ..သစ်ရိပ်ခေါင်းငုံထားမိတယ်
" နပ်စ်..ရော"
" အပေါ်ကိုခဏသွားတယ်ကိုကို"
ကိုကိုကရိပ်..လကကိုဆွဲပြီးအပေါ်ပြန်ခေါ်လာတယ်
ကိုကိုစိတ်ဆိုးနေတယ်ထင်တယ်..စကားမပြောဘဲရိပ်ကိုစောင်ခြုံပေးကာခုံမှာထိုင်ပြီး..ပန်းသီးခွာနေတယ်
" ကိုကို..ရိပ်ကိုစိတ်ဆိုးနေတာလား"
.....................
"ကိုကိုစိတ်ဆိုးရင်လဲ...ရိပ်ကိုအပြစ်ပေးပါရိပ်ခံပါ့မယ်"
နေမင်းရောင်ကပန်းသီးကိုချလိုက်ပြီးရိပ်အနားလျှောက်လာကာ
" တကယ်အပြစ်ပေးရမှာလား"
ရိပ်ကမျက်လုံးဝိုင်းဝိုင်းလေးတွေနဲမော့ကြည်ကာခေါင်းညိတ်ပြတော့နေကခေါင်းကိုခေါက်ဖိုလက်ရွယ်လိုက်တာနဲ့ရိပ်လန့်သွားပြီးမျက်စိကိုအတင်းမှိတ်ချလိုက်တယ်
နေမင်းရောင်ကပြုံးလိုက်ပြီး..ရိပ်နှဖူးကဆံပင်လေးတွေကိုငုံနမ်းလိုက်တယ်

"အယ်...ကိုကို"
နေကရီနေပြီးတော
" အပြစ်ပေးတာလေ"
"ရိပ်က..တကယ်မှတ်လို"
"ကိုကိုစိတ်ဆိုးမှာကြောက်ရင်မလုပ်နဲပေါ့"
"နောက်မလုပ်တောပါဘူကတိပေးတယ်နော"

ရိပ်ကဇက်လေးပုကာပြောတော
"လိမ္မာတယ်..ခလေး"
ထိုသိုပြောကာနေကရိပ်ရဲခေါင်းကိုလက်ဖြင့်ဖွလိုက်၏
" မလုပ်နဲ..အား...ကိုကိုမလုပ်နဲဆို"
 "သူများဆံပင်တွေကို"
"ကိုကိုကိုလဲပြန်ဖွ့မယ်"
ရယ်သံတွေကသာယာစွာထွက်ပေါ်လာတယ်
" ဟိုနှစ်ယောက်....အခုဆေးရုံမှာဘာလုပ်နေကြတာလဲ"
တံခါးပေါက်ကပြောလိုက်တဲ့အသံကြောင့်နေလှည့်ကြည်လိုက်တော့ဆရာဝန်ဂျူဒီကုတ်နှင့်လူတစ်ယောက်
"မိုးအောင်"
"မခေါ်နဲ့...မင်းငါ့ကိုသူငယ်ချင်းမှန်းတောင်သိရဲ့လား..နေ"
"သစ်ရိပ်ဆီလာနေတာတောင်ငါကိုလာမတွေ့ဘူး"
နေကပြုံးလိုက်ပြီးမိုးအောင်ပခုံးကိုသွားဖက်ကာ
" မဟုတ်ပါဘူးကွာ......ငါသူငယ်ချင်းဆရာဝန်လောင်းကြီးအလုပ်ရှုပ်နေမှာစိုးလိုပါ"
" တော်ပါကွာ...အပိုတွေလုပ်မနေနဲ့"
မိုးအောင်က
"မင်းကိုဆရာခေါ်နေတယ်...သွားလိုက်အုံး"

နေဆရာဝန်ကြီးကိုဝင်တွေ့တော့တပတ်လောက်နေရအုံးမယ်တဲ့ ရိပ်နလုံးကအရမ်းအားနည်းနေသေးတယ်စိတ်မချရသေးဘူးတဲ့
နေ..ဆေးဖိုးစာရွက်ကိုကြည်ပြီးကောင်တာမှာငွေသွားရှင်းတယ်ပိုက်ဆံနှစ်ထပ်ထုတ်ပေးပြီးဆရာဝန်ကိုနှုတ်ဆတ်ပြီးပြန်လာတော့ရိပ်ကအိတ်ပျော်နေပြီ

အပြစ်ကင်းစွာအိပ်နေတဲရိပ်ကိုထိုင်ကြည့်ပြီးဆံပင်တွေကိုသတ်ပေးတုန်းနပ်စ်ဝင်လာတယ်
" အော်..ကိုနေရောက်နေတာလား"
နေကနတ်ဆက်ပြုံးပြလိုက်ပြီး
" စောစောကဘဲရောက်နေတာ...မဖြူ"
"ဒီတခေါက်ဆေးဖိုးက.တော်တော်များနေပြီထင်တယ်ကိုနေ"
"အခုတလော ရိပ်နလုံးကအားပြန်နည်းနေတောဆေးအများကြီးချိတ်ရတယ်"
နေကရိပ်ကိုစိုက်ကြည့်ပြီး
"များပါစေ...ရိပ်ကျန်းမာဖို့ဆိုရင်.ဘယ်လောက်ကုန်ကုန်ကျွန်တော်မမှုဘူး"
"မဖြူလဲသိရဲ့သားနဲ.ကျွန်တော်ဘဝမှုရိပ်ဘဲးရှိတာ"
"ရိပ်မှာလဲကိုနေဘဲရှိတာပါ"
" ညဆိုကိုနေပုံကိုကန်တော့ပြီးမှအိပ်တာ"
နပ်စ်ကဆေးချိတ်ကာနေကိုနတ်ဆက်ပြီးပြန်ထွက်သွားတယ်

" ဒေါက်...ဒေါက်...ဒေါက်"
တခါးခေါက်သံကြောင်နေပြန်လှည်ကြည့်တော
တခါးကိုမှီရပ်နေပြီး..ပြုံးနေတဲမိုးအောင်...
"မင်းရဲရိပ်ခလေးအိပ်နေတုန်း..ငါနဲစကားခနပြောရအောင်"

နေကရိပ်ကိုစောင်ခြုံပေးပြီးထွက်လာခဲ့တယ်
မိုးအောင်နဲ12ထပ်ရှိတဲဆေးရုံရဲအပေါ်ဆုံးထပ်ကိုတက်လာခဲ့တယ် ....လေးတွေတဟူး....ဟူးနဲတိုက်နေတာကအသဲအေးစရာပါ
ဒီနေရာက.အေးချမ်းတိတ်ဆိတ်တယ်ကွ..ဒါပေမဲ
ငါတစ်ယောက်ထဲမတတ်ရဲဘူးနေကိုကြည်ပြီးမိုးအောင်ပြောလိုက်၏
""ဘာဖြစ်လို့လဲကွ"
မိုးအောင်ကအသံတိုးတိုးနဲ
"ဒီမှာက...သရဲခြောက်တယ်လို့ကြားတယ်ကွ"
" မင်းကလဲ...ယောကျာၤးကြီးတန်မဲ"
" ယောကျာၤးလေးလဲအသဲနလုံးနဲဘဲကြောက်တတ်တာပေါ့"

ကောင်းကင်ကိုမော့ကြည့်ပြီးတောနေက..သဘောကျစွာ
" ဒီနေရာလေးက....လှတယ်ကွ...နောက်နေ့ရိပ်ကိုခေါ်ပြီးလာကြည့်ရမယ်"
" မင်း..သစ်ရိပ်ကို..အရမ်းချစ်တာဘဲလာ"
မိုးအောင်ရဲအမေးကိုနေက.ပြုံးလိုက်ပြီး
"ဘယ်လိုပြောရမလဲ"
"ငါအချစ်ကိုနှိုင်းပြဖို..စကားလုံးတွေရှာမရဘူ"
"သေချာတာက....သူမရှိရင်ရူးသွားလိပ်မယ်"
" ယုံပါတယ်"
မိုးအောင်ကအကြာကြီးတိတ်ဆိတ်သွားပြီနောက်မှ
"နေ.....မင်းဘာတွေလုပ်နေတာလဲ"
"အခုမင်းနဲစကားပြောနေတယ်လေ"
ရွှတ်နောက်နောက်ပြေားနေတဲ...နေကိုပြန်းလှည်ကြည့်တဲမိုးအောင်ရဲမျက်လုံးတွေကလေးနက်စူးရှနေတယ်
" မင်း...မကောင်းတဲနေရာမှာအလုပ်လုပ်နေတယ်ဆို"
နေမိုးအောင်ကိုအံ့အောစွာငေးကြည်နေရင်းကမျက်နှာလွဲလိုက်ပြီး
"ရိပ်ကို..မသိပါစေနဲ"
မိုးအောင်ကသက်ပြင်းချရင်း
" မသိစေချင်ရင်မလုပ်နဲပေါကွာ"
" တားလိုရရင်မင်းကိုတားချင်တယ်"
" ဆုံးသွားတဲမင်းအဖေ....နဲ့အမေ့ကိုမင်းဘလိုမျက်နှာပြမလဲ"
" " ငါဘားမှမစဉ်းစားနိုင်ဘူးငါသိတာရိပ်ကိုမနာကျင်စေချင်ဘူး"
"ေဩာ်...မင်းဒီလိုလုပ်တာကကော...ရိပ်ကိုမနာကျင်စေဘူးထင်လိုလား"
" ရိပ်..သိရင်ခွင့်လွတ်မယ်ထင်လို့လာ"
" ရိပ်သိလို..ငါ့ကိုစိတ်ဆိုးပြီး.ခွင့်မလွတ်လဲငါ...ကျေနပ်တယ်"
မိုးအောင်က..နေကိုတချက်ပြန်ကြည့်ပြီ
" ငါပြေားတာ...မင်းကိုမဟုတ်ဘူ"
"သစ်ရိပ်သာ..သူကြောင့်မင်းဒီလိုဖြစ်မှန်းသိရင်...သူကိုယ်သူခွင့်လွတ်မှာမဟုတ်ဘူ"
နေအကြာကြီးညိမ်သတ်သွားကာပြီးမှ
" မင်းသိလာ..မိုးအောင်"
" ငါ...ဒီကမ္ဘာမှအနာကျင်ရဆုံးအချိန်နှစ်ခုရှိတယ်"

*******

❤ချစ်လွန်းလိုပါခလေးရယ်❤
(ဒုတိယပိုင်း)

နေကပြန်ုကြည့်နေမိုးအောင်ကိုမဲ့ပြုံးပြုံးပြကာ
"ပထမတချက်က..ငါမိဘတွေကားမှောက်ပြီးဆုံးသွားတုန်းက"

"ဒုတိယတချက်က....ကိုယ်ချစ်သူရဲနှလုံးအစားထိုးဖိုအလှည့်ကြရဲသားနဲပိုက်ဆံမရှိလိုတခြားလူယူသွားတာကိုအံကြိတ်ကြည့်နေခဲရတယ်"

"ငါစဉ်းစားမိတယ်...ဒါပိုက်ဆံမရှိလိုဖြစ်တာဘဲ
နောက်တခေါက်ဒီလိုအဖြစ်မခံနိုင်ဘူး"
"မင်း.ငါဘာကိုဆိုလိုလဲနားလည်မှာပါသူငယ်ချင်"
မိုးအောင်ကနေကိုကြည်ကာ
"ပြောလိုမရတောလဲဆုတောင်းပေးရုံပေါကွာ"

"ငါ့...သူငယ်ချင်ရဲချစ်ခရီးသာယာပျော်ရွှင်ပါစေ"
"ပေးတဲဆုနဲပြည့်ပါစေကွာ"

*******
သစ်ရိပ်မျက်စိတွေလေးလံစွာဖွင့်လိုက်တယ်
ကုတင်ပေါ်ကအသာအယာထလိုက်တောခုံပေါ်မှာအိပ်ပျော်နေတဲကိုကိုကို့တွေ့တောစောင်သွားခြုံပေးရင်ရိပ်ထိုင်ကြည့်နေမိတယ်
"ကိုကိုကအရမ်းချောတယ်နှာခေါင်းကချွန်ပြီးလှတယ်မျက်ခုံးကထူထူကြီးတွေနဲယောကျာၤးကြီးတန်မဲနှုပ်ခမ်းတွေကရဲနေတယ်
ရိပ်နဲမလိုက်ဖက်ပါဘူရိက်ရဲအရပ်ကကိုကိုရင်ဘတ်လောက်ဘဲရှိတယ်"

ရိပ်ကနေဘေးနားမှာထိုင်ချကာခုံပေါ်ခေါင်တင်ပြီးအိပ်လိုက်တယ်
" ကြည်...ရိပ်ကတောကိုကိုစကာကိုနားမထောင်ဘူ"
" အောက်ကအေးနေတာကို"
ပြောလည်းပြောရိပ်ကိုပွေ့ချီကာအိပ်ယာပေါ်တင်ပေး
" တော်တော်ဆိုးတဲခလေးဘဲ"
ရိပ်ဆံပင်တွေကိုသတ်တင်ပေးကာနေပြုံးပြီးကြည်နေမိတယ်

မနက်
" ကိုကိုဘယ်သွားနေတာလဲ..ရိပိကကိုကိုပြန်သွားပြီထင်လို့"
"အဲဒီတော.....စိတ်ကောက်ဖို့ပြင်နေတယ်ဆိုပါတော"
ဟုတ်ပါဘူးဆိုပြီးရီနေတဲရိပ်ကိုနေက
" ကိုကိုရိပ်အတွက်မနက်စာထွက်ဝယ်နေတာ"
ရိပ်က
" အလုပ်ရှုပ်ခံလိုကိုကိုရယ်..ဆေးရုံကကြွေးနေတာဘဲရာ"
" ဘာလိုအလုပ်ရှုပ်ရမှာလဲ..ရိပ်ရဲ"
ဖုန်းမြည်သံကြောင်ကိုကိုကရိပ်လက်ထဲဆန်ပြုတ်ပန်
ကန်ထည်ပေကာကုန်အောင်စားရမယ်နောဆိုပြီးဖုန်းသွားပြောနေတယ်

"ရိပ်.ကိုကိုသွားတောမယ်"
"သွားတောမို့လား"
ညိုးကျသွားတဲမျက်နှာလေးကိုကြည်ပြီးနေကရိပ်ဘေးမှာသွားထိုင်ကာ
"အလုပ်ကိစ္စအရေးကြီးလိုပါခလေးရဲ....စိတ်
မကောက်နဲနော"
ရိပ်ခေါင်းညိတ်ပြတော...ကိုကိုကသူ့ဂျာကင်ထဲကပိုက်ဆံတထပ်ကိုထုပ်ကာရိပ်လက်ထဲကိုထည်ပေးတယ်
"ဟင်အင်း.....ဟင်အင်းရိပ်မှာရှိတယ်"
"ကိုကိုသုံးဖိုပြန်ယူသွားကာ..ရိပ်ဆေးဖိုနဲတင်တော်တော်များနေပြီ"
" ရိပ်....ကိုကိုနဲဘာကတိပေးထားလဲ"
ရိပ်ကခေါင်းကိုငုံ့ထာတယ်
" ကိုကိုကို့ကြည်ပါအုံ...ခလေးရဲ"
နေရိပ်မျက်နှာကိုဆွဲမော့ကြည်တောမျက်ရည်လေးတွေနဲ
"ဘာလိုငိုနေတာလဲခလေးရယ်"
"လိမ္မာတယ်...မငိုနဲနောကိုကိုဘားမှမဖြစ်ဘူး
ပိုက်ဆံကဘာအရေးကြီးလိုလဲကိုကိုအတွက်တောရိပ်ကပိုအရေးကြီးတယ်....ကြားလာ"

ပိုက်ဆံကိုလက်ထဲသိုထည်ပေးကာရိပ်ဆံပင်ကိုငုံ့နမ်းကာ
" ကိုကိုသွားတောမယ်"
ရီပြပြီးထွက်သွားတဲကိုကိုကျောပြင်ကိာကြည်ပြီးစိတ်ထဲမှာအားငယ်သွားမိတယ်
အောက်ဆင်းပြီကုတင်အောက်ကနေအိတ်တလုံးဆွဲထုတ်ကာပိုက်ဆံကိုထည့်လိုက်တယ်အိတ်ထဲးမှာအဲဒီးလိုပိုက်ဆံအထပ်လေးတွေဆယ်ခုလောက်ရှိနေပြီးရိပ်ပိုက်ဆံတွေကိုကြည့်ပြီးငိုင်သွားမိတယ်

******
နေမှန်ထဲကိုတစ်ချက်ကြည့်လိုက်ကာကိုယ့်အတွေးနဲကိုပြုံးလိုက်မိတယ်ယောကျာၤးကြီးတန်မဲ့မှန်ကိုခဏခဏကြည့်နေရတာကိုပြုံးလိုက်မိခြင်းဖြစ်ပါတယ်
ဒါပေမဲလည်းကိုယ်အလုက်ကအချိန်တိုင်းချောမောအောင်သနေရတော့ဘယ်တက်နိုင်မလဲ
မီးရောင်စုံျတွကြားကိုလှန်းကြည့်ပြီးမျက်နှာကိုအချိူုသာဆုံးပြုံးလိုက်ပါတယ်
ရီသံတွေကဆူညံစွာပင်ကြားနေရတယ်

မဟော်ကိုနေကအဆင်ပြေလာဆိုတဲပုံဆန်မျိုးနဲမျက်ခုံးပင်ပြတောမဟော်ကလက်ညိုးကွေးကာokလုပ်ပြနေတယ်
နေကမိန်းမတယောက်နားထိုင်လိုက်ပြီး
" မမ..ရောက်နေတာကြာပြီလာ"
"မကြာသေးပါဘူ...တိုကတွေ့ချင်တဲသူဘဲဒီလောက်တောစောင့်ရမှာပေါ့"
" ဒါဆိုမောင့်ကိုစိတ်မဆိုးဘူးပေါ့"
"ပြောစရာလိုလို့လာ"
မဟော်ကနေကိုလှမ်းခေါ်ကာမေးဆက်ပြတယ်
အသက်လေးဆယ်လောက်ရှိမယ့်မိန်းမတယောက်ကပြိုးပြက်ပြက်လက်နေတဲစိန်တွေကိုအလှဆင်ထားပြီးလက်ပွေအိတ်တလုံးကိုကိုင်ကာနေဆီကိုတည်တည်ရှောက်လာနေတယ်
"နေ..အခုတလောတိုရောက်တာတောင်တို့ဆီမလာဘူးနော"
နေကညို့ငင်စွာပြုံးလိုက်ပြီး
" မဟုတ်ပါဘူးမရဲ....ကျွန်တော်အလုပ်တွေရှုပ်နေလိုပါမကိုဘယ်မေ့ပါ့မလဲ"
နေဘေးကမိန်းမက
"အခု့..တို့ရှေမှာပေါ်တင်ကြီးကြူနေတာလာ"
"ဟိုတယောက်..အရင်ကပတ်သတ်ခဲ့ဘူးလဲအခုတောတို့ကမောင်ကိုဒီတညလုံးအပိုင်ဝယ်ထားတာ"
"ဟုတ်တယ်မို့လာမောင်"
နေကပြုံးလိုက်ပြီး
" တောင်းပန်ပါတယ်မ"
"ဒီညတောဧည့်သည်ရှိလိုနောက်နေမှဘဲမကိုအဖော်ပြုပေးပါ့မယ်"
စိန်ရောင်တွေပြိုးပြတ်နေတဲထိုမိန်းမက
"ရတယ်လေ..ဒီနေ့ဧည့်သည်ရှိနေတောလဲဘယ်တတ်နိုင်မလဲ"
"နောက်နေ့ကြရင်တို့ဆီလာရမယ်နော်"
" နေ..နင်ဘာလုပ်နေတာလဲ"
ခပ်ဆူးဆူးအော်လိုက်တဲအသံကြောင့်အားလုံးပြန်လှည့်ကြည့်တော့ခါးတိုဂျင်အင်္ကျီကိုအောက်ကဂျင်းဘောင်းဘီတိုတိုလေးနဲခတ်ဆန်ဆန်ဝတ်ထားတဲဆပင်ဂုတ်ဝဲရွှေအိုရောင်လေရမ်းခါနေအောင်ဒေါသထွက်နေတဲမိန်းခလေးတယောက်နေတို့နားရှောက်လာတေယ်
"နင်ဒီမှာဘာလုပ်နေတာလဲ"
နေစိတ်ပျက်စွာသတ်ပျင်းချရင်းကမဟော်ကိုကြည့်တောဒင်းကပခုံးတွန့်ပြနေတယ်
"ပုံနဒီ...နင်ဘာလာလုပ်တာလဲ"
နေမေးတာကိုဂရုမစိုက်ဘဲနေလက်မောင်းကိုဖတ်မှီထားတဲဟိုမိန်းမကိုကြည့်ကာ
"ဒီမှာ..အဒေါ်ကြီးရှင့်အိမ်မှာမှန်မရှိဘူးလာ"
"ရှင်အခုဖတ်ထားတဲလူကကိုယ့်မောင်ကိုယ့်သားအရွယ်လောက်ဘဲရှိတယ်ဆိုတာသိရဲ့လာ"
နေဘေးကမိန်းမကြီးက
"ဟိတ်....မင်းရိုင်းလှကြီလာ"
"မောင်.သူကဘယ်သူလဲတို့ကိုဘလိုင်းကြီးစော်ကားနေတာတောတို့သိညည့်မခံနိုင်ဘူးနော"
" စော်ကားတောဘာဖြစ်လဲ"

*******
❤ချစ်လွန်းလို့ပါခလေးရယ်❤
(တတိယပိုင်း)


" စော်ကားတော့ဘာဖြစ်လဲ"
ပြေားပြီးတာနဲရှေ့တတ်လာတဲပုံနဒီကြောင့်နေကအသံခပ်မာမာနဲ
"ပုံနဒီ...မင်းတော်တော့နော်ငါဧည့်သည်ကိုထပ်မစော်ကားနဲတော"
"မင်းပြန်လိုက်တော"
" မပြန်နိုင်ဘူ...ငါနင်နဲစကားပြောဖို့လာတာ"
ရှိုင်းလူကနေနဲပုံနဒီကိုကြည့်ကာမနေသာတော့ဘဲ
"ကဲပါနေရာ..မင်းသူကိုခေါ်သွားပြီးတခြားနေရာမှာစကားသွားပြောလိုက်....ဧည့်သည်တွေကိုအားနာစရာကောင်းတယ်"
နေကဝိုင်းကလူတွေကိုတောင်းပန်တဲအနေနဲဦးညွတ်ပြီးအရှေ့ကထွက်သွားတယ်ပုံနဒီကတောအထင်းသေးတဲမျက်စိနဲဝိုင်းကလူတွေအားလုံကိုဝေ့ဝိုက်ကြည့်ကာရှာခနဲလှည့်ထွက်သွားတယ်

" ကဲ....ပြော"
" နဒီပြောစရာရှိတာတွေသာပြောရမယ်ဆို....နေဒီတညလုံးနားထောင်လိုတောင်ပြီးမှာမဟုတ်ဘူး"
"နဒီ..မင်းမရစ်နဲပြောစရာမရှိရင်ပြန်"
ပြန်လှည့်နေတဲနေကျောပြင်ကိုလှမ်းဖက်လိုက်ပြီး
" နေကို..နဒီအရမ်းလွမ်းနေတာ"
"နေ..အဲဒီလိုမိန်းမတွေနဲတရုံးရုံးဖြစ်နေတာကိုမြင်
နေရတာနဒီရင်တွေကွဲမတတ်ဘဲ"
" ငါ.မင်းနဲမပတ်သက်ခြင်ဘူ"
"သေချာတာတခုထပ်ပြောလိုက်မယ်..ငါ..မင်းကိုဘယ်တုန်းကမှစိတ်မဝင်စားခဲ့ဘူ"
"နေ....."
ပုံနဒီအော်လိုက့်တောနေကမဲ့ကာ
" နောက်တခေါက်ငါအလုပ်ကိုလာမနောက်ယှက်နဲ"
"အဲဒီမိန်းမကြောင့်မဟုတ်လာ"
နေသွားနေရင်ကရပ်ကာနဒီကိုပြန်လှည့်ကြည့်တယ်
" သူရောသိလာ..နင်ဒါတွေလုပ်နေတယ်ဆိုတာ"
နေမျက်မှောင်ကုတ်ပြီးကြည့်တော
"အော်...မသိသေးဘူးကို"
"ငါ..နင့်အကြောင်းသွားပြောပြရမလာ"
" နဒီ!!!!!!!"
"မင်းသူများကိစ္စတွေကိုဝင်မပါနဲ..ငါမင်းကိုမမုန်း
ချင်ဘူ"
နဒီးကိုစောင်တွန်းကာဒေါသတကြီးထွက်သွားတဲနေကိုကြည့်ပြီး.နဒီအံတင်းတင်းကြိတ်ထားမိတယ်

*******
ရိပ်ထမင်းစားရင်းကရေလာချပေးတဲနပ်စ်ရဲလက်ကိုဆွဲယူကြည့်လိုက်ပြီ
"လက်စွပ်လေးဘဲ"
ရှက်ကိုးရှက်ကန်းနဲလက်ရုပ်သွားတဲနပ်စ်ကိုကြည့်ပြီးတော
"မဟုတ်မှလွဲရော"
ရိပ်စကားပင်မဆုံးလိုက်
" ဟုတ်ကိုဟုတ်နေတာရိပ်ရေ...."
ပြောပြီးဝင်လာတဲဆရာမိုးအောင်ကနပ်စ်ရဲလက်ကိုဆွဲယူပြီး
"ငါလက်ထပ်ခွင့်တောင်းထားတာလေ"
"ဝါ....သဘောတူတယ်"
ခလေးလေးလိုလက်ခုပ်တီးပြီအားပေးနေတဲရိပ်ကို
ကြည့်ပြီးနပ်စ်က
"မမရေနွေးသွားယူလိုက်အုံးမယ်"
ဟုပြေားပြီးခပ်သွက်သွက်ထွက်သွားတယ်
"အမ်...အပျိုကြီးရှက်ကိုးရှက်ကန်းနဲဒီမှာရေနွေးတွေအများကြီးကို"
ဓာတ်ဘူးကိုလှည်းကြည့်ပြီးရိပ်သဘောကျစွာရီနေတယ်
"ဟိုကောင်နေမလာဘူးလာ"
"မနက်အစောကြီးလာမယ်တဲ"
"ညရောက်ချင်လဲရောက်မယ်ထင်တယ်ကိုကိုကရိပ်မအိတ်ဘဲစောင့်မှာစိုးလို
" နေ..သူဘာအလုပ်လုပ်လဲရိပ်ကိုမပြောဘူးလာ"
"ကိုကိုပြောတာတော..အများကြီးဘဲ"
ရိပ်ကမျက်နှာညိုးကျသွားပြီ
"ရိပ်ကြောင့်ပါရိပ်ဆေးဖိုးတွေအတွက်ကိုကိုအလုပ်တွေအများကြီးလုပ်နေရတာ"
မိုးအောင်ကစိတ်မကောင်းစွာတချက်စိုက်ကြည့်ပြီး
"ရိပ်ဘာတွေစိတ်မကောင်းစရာတွေနေတာလဲ"
"ဒီကောင်ငယ်ငယ်ကသိပ်လက်ကျောမတင်းဘူ
အခုလိုအလုပ်လုပ်နေတာဝမ်းတောင်သာရအုန်းမှာ"
"စိတ်မကောင်းမဖြစ်နဲကြားလာ"
ရိပ်မော့ကြည့်တော့ဆရာမိုးအောင်ကရီပြပြီးထွက်သွားတယ်ရိပ်လက်တွေကိုပြန်ကြည့်ရင်ကုတင်အောက်ကအိတ်ကိုဆွဲထုတ်ပြီးဖွင့်ကြည့်ကာပိုက်ဆံတွေထုပ်ရေနေတယ်
" ဆေးရုံကဆင်းရင်...ကိုကိုနဲရိပ်အတွက်လက်စွပ်လှလှလေးဝယ်လို့ရပြီ"

*******

" ဟေ့ကောင်နေ..ဘယ်သွားမို့လဲ"

"ရိက်ဆီသွားမလို့..ဒီညငါနားတယ်"
"ဟုတ်လာ..ဟိုမှာမင်းမမမင်းကိုစောင်နေတယ်
ငါကလဲမင်းအားနေတယ်လိုပြောခဲ့မိတယ်"
နေကတချက်အထဲကိုလှမ်းကြည့်ပြီးစိတ်ပျက်စွာခေါင်းရမ်းလိုက်ကာ
"မင်းကလဲကွာ..ငါမရှိဘူးပြောလိုက်ပြီးရော"
" sorryကွာ..သူပုံစံကစိတ်ညစ်နေတဲပုံမို့လို"
နေကရှိုင်းလူကိုလက်သီးပြကာအထဲဝင်တော
"ဝင်တော့မို့လာ..နည်းနည်းပါးပါးမပြင်တော့ဘူးလာ"
နေကလှည့်မကြည့်ဘဲလက်ကာပြကာဝင်သွားတယ်
"အေးပေါ့လေ...ရုပ်ချေုားတဲလူတွေကပြင်စရာမှမလိုတာ"

******
ရိပ်အပြင်ကိုမျှော်ကြည်ပြီးဒီညကိုကိုမလာဘူးထင်ပါတယ်ရိပ်စောင်လေးခြုံပြီကိုကိုဓတ်ပုံလေးကိုယူကြည့်မိတယ်
"ဓတ်ပုံထဲမှာတောင်ကိုကိုဆီကနွေးထွေးမှူတွေရနေတယ်"
တခါးဒုန်းခနဲဆိုပွင့်သွားတောရိပ်လန့်ဖျက်ပြီးယောင်အော်မိတယ်
အမေ့!!!!!!.
တခါးဖွင့်ပြီးဝင်လာသောမိန်းကလေးတစ်ယေက်ကိုရိပ်သေချာကြည့်လိုက်ပြီး
"မပုံနဒီ"
အရင်တုန်းကကိုကိုချစ်သူဆိုပြီးရိပ်ဆီလာသွားလိုရိပ်ကိုကို့ကိုတောင်စိတ်ဆိုးခဲ့သေးတယ်
ပုံနဒီကမာဆတ်ဆတ်အသံနဲ့
" မတွေတာကြာပြီနော်...သစ်ရိပ်"
"ဟုတ်ကဲ...မတွေတာကြာပြီ...မပုံနဒီ"
"ဒီကိုဘာကိစ္စရှိလိုလဲ"
"ကိုကိုနဲတွေဖိုဆိုရင်ကိုကို...မရှိဘူး"
"တို့ကနေနဲတွေဖိုလာတာမဟုတ်ဘူး"
"မင်းနဲတွေဖိုလာတာ"
" ရိပ်နဲတွေဖို....."
ပုံနဒီကရိပ်ကိုအပေါ်အောက်ကြည့်ကာဟင့်ခနဲမဲ့ပြီး
"အခု..နေမင်းရောင်ဘာတွေလုပ်နေလဲမင်းသိလား"
ရိပ်က
"ကိုကိုအလုပ်မှာရှိမှာပေါ့...ဘာဖြစ်လိုလဲ"
"ဒါဆို...နေဘာအလုပ်လုပ်နေလဲမင်းသိလား"
"မပုံနဒီကဘာလိုဒီလိုမျိူးတွေမေးနေတာလဲ"
"ငါလဲနင့်ကိုမေးချင်လိုမေးနေတယ်ထင်နေလား"
"နေကိုမကြည့်ရက်လိုနင့်ကိုလာပြောတာသစ်ရိပ်"
ရိပ်နားမလည်နိုင်စွာပုံနဒီကိုကြည့်ပြီး
" ကိုကိုကဘာလုပ်နေလိုလဲ"
"နင်အသက်ဆတ်ရှင်ဖို့နင့်ရောဂါပျောက်ဖို့နေကမအေအရွယ်လောက်ရှိတဲမိန်းမတွေကိုသူတိုအလိုကျ..ဖြော်ဖြေပေးနေရတယ်"

" ဘာတွေပြောနေတာလဲရိပ်ဘာမှနားမလည်ဘူး"
"အေး...နင်နားမလည်ရင်ငါပြောမယ်နင့်အတွက်ပိုက်ဆံရှာဖိုနေကသူ့ဘဝကိုရင်းပြီးပေးဆပ်နေရတယ်...အဲဒါကိုနင်သိရဲလား!!!!!!"
ရိပ်ကြောင်ပြီးကြည့်နေမိရာက
"မဖြစ်နိုင်ဘူး......မဖြစ်နိုင်တာကိုကိုကရိုးရိုးသား
သားအလုပ်နေတာ"
"ရိုးရိုးသားသားလုပ်နေတာ...ဟား...ဟား.ရီရတယ်
အေးပေါနင်ကဘာသိမှာလဲကောင်းကောင်းနေကောင်းကောင်းစားနေရတာကို"

" မပုံနဒီမဟုတ်တာတွေလာမပြောနဲ"
" ဟုတ်လားမဟုတ်လားဆိုတာနင်ကိုယ်တိုင်လိုက်
ကြည့်"
အတင်းဆွဲနေသောပုံနဒီရဲလက်တွေကိုဖြုတ်ချနေရင်းက
" မလိုက်ဘူး"
"လွှတ်နော်မပုံနဒီ..ရိပ်မလိုက်ဘူး"
" ဘာလဲနင့်ကြောက်လိုလား...နေနင့်အတွက်ပိုက်ဆံဘယ်လိုရှာနေတယ်ဆိုတာနင်မြင်ရမှာကြောက်နေတယ်မို့လား"
" မဟုတ်ဘူး..ရှင့်ကိုမယုံလိုကိုကိုကအဲလိုဘယ်
တော့မှမလုပ်ဘူး"
"အဲတာကြောင့်နင့်မျက်စိနဲလိုက်ကြည့်ဖို့ပြောနေတာ"

"နင်ခွဲစိတ်ဖို့သူပိုက်ဆံများများရတဲအဲအလုပ်ကိုလုပ်နေတာနင်နားလည်လား"
ရိပ်မယုံနိင်စွာငေးကြည့်နေရာမှပုံနဒီဆွဲရာနောက်ကိုမရုန်းဘဲလိုက်လာခဲတယ်
ရိပ်ရင်ထဲမှာတော့...မုန်းတိုင်းတွေတိုက်နေတာရိပ်သာအသိဆုံးပါ..မဟုတ်ပါနဲ့...မဟုတ်ပါစေနဲလိုရင်ထဲမှာအထပ်ထပ်ခါခါဆုတောင်းရင်းဝဲတက်လာတဲမျက်ရည်တွေကိုမျက်တောင်တွေနဲပုတ်ထုတ်နေမိ
တယ်......

******
"နေဘာတွေငိုင်နေတာလဲ"
ပြောလိုက်တဲအသံကြောင့်နေသတိဝင်လာကာ
" မငိုင်ပါဘူးမရဲ့"
" မသိပါဘူး...တို့နဲတွေနေရလိုစိတ်ညစ်နေတာလားလို"
"မဟုတ်တာ......မကရောဘာတွေစိတ်ညစ်နေတာလဲ"
" ဒီလိုပါဘဲကွာ...အသက်ကြီးလေစိတ်ညစ်စရာများလေဘဲ"
" စိတ်မညစ်ပါနဲမရဲ...ရခဲတဲလူ့ဘဝမှာပျော်ပျော်နေသင့်တာပေါ့"
နေကပြုံးပြီးတော့ထိုမိန်းမကြီးရဲပေါင်ပေါကလက်ကိုသွားကိုင်ထားတယ်
"နေမှာ...ကောင်မလေးရှိတယ်ဆို"
နေကပြုံးနေရင်းကရပ်သွားကာ
" မ...သိတယ်"
"တို့ကအသက်ကြီးပေမဲ့ဒီလောက်တော့နပ်ပါ
တယ်"
"သူ့ကိုတော်တော်ချစ်တဲ့ပုံဘဲ"
နေပြုံးနေကာ
"ဘယ်လိုပြောရမလဲ...ကျွန်တော့ဘဝမှာအချစ်ရဆုံးနဲတန်ဖိုးအထားရဆုံးမိန်းကလေးပါ"
"သူကံကောင်းတာပေါ့...နေလိုလူမျိုးနဲချစ်သူဖြစ်ရတာ"
ထိုသိုပြောနေရင်းကနေနောက်ကိုလှမ်းကြည့်ပြီး
" ထူးထူးဆန်းဆန်းဘဲဆေးရုံဝတ်စုံနဲ့
ဒီကောင်မလေးကဘယ်သူလဲ"
"မိန်းမကြီးရဲအမေးကြောင့်နေကရေခွက်လှမ်းယူနေရာကပြန်လှည့်ကြည့်တယ်"
" ခွမ်း!!!!!!"
ရေခွက်ကြကွဲသံကြောင့်ရှိုင်းလူကမန်နေဂျာနှင့်စကားပြောနေရာကလှမ်းကြည့်တယ်
လူနည်းနေတဲအချိန်မိုလိုအရာအားလုံးကိုရှင်းလင်းစွာမြင်နေရတယ်
နေနှလုံးသွေးတွေရပ့်တန့်သွားသလိုဘဲ
နေထိုမိန်းမကြီးရဲ့ပေါင်ပေါ်ကလက်ကိုင်ထားတာကိုကြည့်ပြီး...မျက်ရည်တွေစီးကျနေကာတောင့်တောင့်လေးရပ်နေတဲ့..........ရိပ်....

******
❤ချစ်လွန်းလို့ပါ ခလေးရယ်❤
(ဇာတ်သိမ်းပိုင်း)

" ရိပ်"
နေဝုန်းခနဲထတော့ရိပ်ပြန်လှည်ထွက်ပြေးသွားတယ်
"ရိပ်....နေအုံး"
"ရိပ်ကိုကို...ရှင်းပြမယ်"
နေရိပ်ကိုမှီအောင်အမြန်ပြေးလိုက်သွားတယ်
ရိပ်မျက်ရည်တွေကထိန်းလိုမနိုင်စွာကြနေတယ်
နားထဲမှာလဲအသံတွေကထပ်ကာထပ်ကာကြားနေရတယ်
"နင့်ကြောင့်"
"နင့်ဆေးဖိုးအတွက်"
" မကောင်းတဲအလုပ်"
"မကောင်းတဲလူ"
ကိုကိုနဲဘေးနားကအဒေါ်ကြီးရီမောနေတာတွေ
"ဟင်အင်း......ဟင်အင်း"
ရိပ်နားနှစ်ဖက်ကိုလက်နဲအုပ်ကာမရပ်မနားပြေးနေမိတယ်
"မလုပ်ရဘူး...ကိုကိုမလုပ်ရဘူး"
"မဟုတ်ဘူး...မဟုတ်ဘူး"
ငိုပြီးပြေးနေတဲ့ရိပ်ကိုနေမှီသွားပြီးလှမ်းဆွဲဖက်လိုက်တယ်
"ရိပ်ခဏလေးပါရိပ်ရယ်...ကိုကိုပြောတာနား
ထောင်အုံး"
"ကိုကိုပြောတာကြားလား...ရိပ်မောနေပြီမပြေးနဲ
တော့"
"လွှတ်နော်...ကိုကိုရိပ်ကိုလွှတ်"
ငိုရင်းရုန်းနေသောရိပ်ကိုနေဆွဲဖက်လိုက်ပြီ...ပြောစရာစကားလဲရှာမရဘူးဖြစ်နေတယ်
မျက်ရည်တွေနဲရိပ်ကနေကိုမော့ကြည်ပြီး
" ဘာဖြစ်လိုလဲ...ဘာဖြစ်လိုလုပ်ရတာလဲ"
"ရိပ်ဆေးကုချင်တယ်ပြောလိုလား...ရိပ်မသေချင်ဘူးပြောလိုလား"
"ဒီလိုဘာဖြစ်လို့လုပ်ရတာလဲ"
ရိပ်ရှိုက်သံဗလုံးဗထွေးနဲပြောကာနေရဲရင်ဘက်ကိုလက်သီးစုပ်တွေနဲထုနေတယ်
"ကိုကို...ရိပ်ကိုချစ်လို့ပေါ"
နေအော်သံကြောင့်ရိပ်ထုနေရာမှရပ်သွားကာနေကိုမော့ကြည်တယ်
နေမျက်လုံးကမျက်ရည်တွေစီးကြကာရိပ်ကိုကြည့်
ပြီး
"ကိုကို...ရိပ်ကိုချစ်လွန်းလို့ပေါ့...ရိပ်ကိုအဆုံးရှုံးမခံနိုင်လိုပါ"
"ချစ်လွန်းလိုပါ...ခလေးရယ်"
နေမျက်ရည်တွေကြနေတဲရိပ်ပါးပြင်ကိုသုပ်ပေးဖို့လက်လှမ်းလိုက်တော့ရိပ်ကနောက်ဆုပ်ကာ
ကျောခိုင်းလိုက်ပြီး
"ချစ်လို့တဲ"
" ကိုကိုက...ရိပ်ကိုချစ်လို့တဲ"
တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်းမြောက်မှာတော့ရိပ်ခွေခွေလေးလဲကြသွားတယ်
"ရိပ်"
နေကပြေးလာပြီးရိပ်ကိုပွေကာ
"ရိပ်သတိထားပါအုံး...ရိပ်ခလေး"
နေအရူးလိုခေါ်နေရင်းကရှိုင်းလူရောက်လာကာ
"နေရိပ်ဘာဖြစ်တာလဲ"
"ရှိုင်းတခုခုလုပ်ပါအုံး...ရိပ်...ရိပ်သတိလစ်သွားလို့"
ရှိုင်းကထရပ်ကာ
ခဏနေအုံး...ငါမန်နေဂျာဆီကကားသွားယူလိုက်အုံးမယ်
နေကရိပ်ကိုပွေပြီးထလိုက်တော့
ပုံနဒီကအနားရောက်လာကာရိပ်ကိုကြည့်ပြီး
"နေ..."
နေပြန်ကြည်လိုက်တဲ့မျက်လုံးတွေကအရည
်ပျော်ကြမတတ်ဘဲပုံနဒီက
"ငါ...ငါဒီလိုမရည်ရွယ်ပါဘူး"
"နေဒီအလုပ်တွေရပ်တန့်သွားစေချင်ရုံသက်သက်ဘဲ"
"ရိပ်တခုခုဖြစ်လိုကတော့...မင်းကိုငါဒီအတိုင်းမထားဘူး"

******

အောက်စီဂျင်ပေးထားရတဲ့ရိပ်မျက်နှာလေးကိုကြည့်
ပြီးနေမျက်ရည်တွေကြလာမိတယ်ရိပ်သတိရရင်ဘယ်လိုရှင်းပြရမလဲရိပ်ဆံပင်တွေကိုပွတ်သက်ပေးကာရိပ်လက်ဖဝါးတွေကိုလဲအကြိမ်ကြိမ်နမ်းနေမိတယ်
"သတိရပါတော့...ခလေးရယ်"
နပ်စ်ကဆေးပုလင်းတွေကိုင်ကာဝင်လာပြီးနေကို
ကြည့်ကာစိတ်မကောင်းစွာဖြင့်
"အရမ်းစိတ်မပူပါနဲ့...ကိုနေ"
"ရိပ်နေကောင်းသွားမှာပါ"
"ဆရာဝန်ကြီးကကိုနေကိုခဏလောက်သူ့ရုံးခန်းထဲလာခဲပါတဲ့"
နေရိပ်လက်လေးကိုစောင်ထဲထည့်ပေးကာနပ်စ်ကို
ကြည့်ပြီး
" ရိပ်ကိုဂရုစိုက်ပေးပါနော်မဖြူ"
"ပြောစရာမလိုပါဘူး...ကိုနေရယ်ရိပ်ကမဖြူရဲညီမ
လေးပါဘဲ"

နေဆရာဝန်ကြီးရုံးခန်းထဲဝင်လိုက်တော
" သား.နေလာထိုင်"
နေအရှေ့ခုံမှုဝင်ထိုင်လိုက်ပြီး
" ရိပ်အခြေအနေစိုးရင်ရလာဆရာ"
" ဆရာပြောတာကိုသေချာနားထောင်နော်"
"ဆရာရိပ်နှလုံးကိုသိပ်စိတ်မချရတောဘူ"
"ဘာတွေဖြစ်ခဲ့မှန်းမသိပေမဲ..နောက်တခါဒီလိုထပ်ဖြစ်ရင်အသက်တောင်အန္တရယ်ရှိနိုင်တယ်"
နေစိတ်လုပ်ရှားသွားပြီး
" ကူညီပါအုံး.ဆရာရယ်ရိပ်ကိုကယ်ပါအုံး"
ဆရာဝန်ကြီးကနေကိုစိတ်မကောင်းစွာကြည့်ပြီး.
"အဲဒီ့အတွက်ဘဲသားနေကိုခေါ်လိုက်တာပါ"
" ဆေးရုံကိုနှလုံးအလှူရှင်တစ်ယောက်ရောက်နေတယ်နေ့လားညလားမသိဘူဖြစ်နေတယ်အမှန်တောသမီးသစ်ရိပ်ရှေ့မှာအလှည့်ကျလူနာတယောက်ရှိနေတယ်"
"ဒါပေမဲ့သူကသိပ်မစိုးရိင်ရသေးဘူး.သားနေဘက်အဆင်ပြေတယ်ဆိုရင်ဆရာတိုလူနာနဲညှိပေးပါ့မယ်ငွေကတောများမယ်ထင်တယ်တဘက်လူနာကိုလဲနစ်နာခပေးရအုံးမယ်ဆိုတော"
နေကမြန်ဆန်စွာခေါင်းညိပ်လိုက်ပြီ
" ကျွန်တော်အဆင်ပြေတယ်ဆရာ"
လိုအပ်တဲငွေကျေးကိုယူလာမှမိုလို့ဆရာတို့ဘက်ခွဲစိတ်ဖိုစီစဉ်ပေးပါ"
"ဒါဆိုဆရာတို့...စီစဉ်လိုက်တော့မယ်"

******
နေအခန်းထဲဝင်လာပြီးသတိမလည်သေးတဲရိပ်နားကခုံမှာထိုင်ပြီးတော့ရိပ်လက်ကိုဆွဲပြီးပါးမှာကပ်ကာ
"ဝမ်းသာစရာဘဲရိပ်ရဲ...နောက်ဆိုရိပ်နေကောင်း
သွားတော့မှာ"
ရိပ်ပါးလေးကိုဖွဖွလေးငုံ့နမ်းကာ
"နေ"
ခေါ်သံကြောင့်နေပြန်လှည့်ကြည့်တော့မိုးအောင်ကဝင်လာကာအားပေးတဲအနေနဲနေပခုံးကိုကိုင်ပြီး
"အဆိုးထဲကအကောင်းလိုမှတ်လိုက်ပါ"
နေကခေါင်းညိမ့်ပြီး
"ရိပ်ခွဲစိတ်ရင်အားလုံးအဆင်ပြေမှာပါနော်"
"ဒါပေါ့...အားလုံးအဆင်ပြေသွားမှာ"
နေကရိပ်ကိုစိုက်ကြည့်ပြီးမိုးအောင်းကို
ငါအပြင်...ခဏသွားလိုက်အုံးမယ်ရိပ်ကိုဂရုစိုက်ပေးထားပါကွာနေကပြောပြီးတော့ဆိုင်ကယ်သော့ကိုယူကာခပ်မြန်မြန်ထွက်လာခဲ့တယ်......

နေဘဏ်ကထုတ်လာနဲ့ပိုက်ဆံကိုရေနေပြီးဆံပင်တွေကိုလက်ငါးချောင်းနှင့်ထိုးလိုက်ကာသက်ပြင်းချလိုက်တယ်
ရှိုင်းလူကလဲမနေ့ကမှအိမ်ကိုပိုက်ဆံပို့ပေးလိုက်တယ်မဟော်ကလဲသိပ်အဆင်ပြေဒါမဟုတ်ဘူး
"ငါ...ဘာလုပ်ရမလဲ"
နေအကြာကြီးစဉ်းစားနေပြီးမှအံတစ်ချက်ကြိတ်လိုက်ကာဆိုင်ကယ်ကိုမောင်းထွက်ခဲ့တယ်

အခန်းထဲဝင်လာတဲ့နေကိုတွေ့တော့ရှိုင်းလူက
"နေ...ဘာဖြစ်လိုလဲရိပ်သတိရလာပြီလားငါတောင်ခဏနေရင်ထပ်လာတော့မလို"
"ရိပ်သတိမရသေးဘူး...ရှိုင်း...ငါ့ကိုဒေါ်သရဖီရဲ့လိပ်စာကဒ်ပေးပါ"
"ဘာလုပ်မလိုလဲနေ..မင်းဒါတွေမလုပ်...
ရှိုင်းလူရဲစကားမဆုံးခင်မှာဘဲ
" ဒီတစ်လမ်းဘဲရှိတော့တယ်...ရိပ်ခွဲစိတ်တော့မှာ"
ရှိုင်းလူကစိတ်မကောင်းစွာပင်ခေါင်းညိမ့်ပြီး
" ငါသွားယူလိုက်အုံးမယ်...ခဏလေးနော်"
နေရဲ့ပခုံးကိုကိုင်ပြီး
"ငါမကူညီနိုင်တဲ့အတွက်...စိတ်မကောင်းဘူးသူ
ငယ်ချင်းရာ"

******
ဟင်အင်...ဟင်အင်း
ရိပ်မျက်ရည်တွေကျကာလန့်နိုးလာခဲ့တယ်
"ကိုကို"
ရိပ်ကုန်းရုန်းပြီးထလိုက်တော့အနားမှာဘယ်သူမရှိဘူးသွင်းထားတဲ့ဆေးပိုက်တွေကိုဆွဲဖြုတ်ကာ
အောက်ဆင်းလိုက်တော့အားမရှိတဲခန္တာကိုယ်ကမထိုန်းနိုင်စွာပြစ်လဲသွားတယ်မျက်စိကပိုက်ဆံတွေထည့်ထားတဲအိတ်ဆီရောက်သွားကာမြင်ကွင်းတွေအားလုံးကမျက်စိထဲမှာပီပြင်စွာပေါလာတယ်
"ကိုကို"
ပိုက်ဆံတွေကိုထုပ်ကာရိပ်ကြည့်နေမိတယ်မျက်ရည်တွေစီးကြလာကာ
"ကိုကိုရယ်"
ပိုက်ဆံနွေကိုရင်မှာပိုက်ကာရိပ်ဒယိုင်းဒယိုင်နဲထွက်လာပြီးအပေါ်ဆုံးထပ်ကိုတက်လာခဲ့တယ်
"ရိပ်နဲ့မတန်ပါဘူးကိုကိုရယ်"
" ရိပ်ကအစထဲကကိုကိုအတွက်ဝန်ထုပ်ဝန်ပိုးဆိုတာသိခဲ့သင့်တယ်"
" ဒီလိုမလုပ်ပါနဲ့ရိပ်အတွက်ကိုကိုဒီလိုမပေးဆပ်ပါနဲ့"
အပါ်ဆုံးထပ်ကိုရောက်တော့ရိပ်အဆွန်စုံးမှာသွား
ရပ်ကာပိုက်ဆံတွေကိုငုံကြည့်ပြီးမျက်ရည်တွေကျကာ
"မုန်းတယ်...ဒီပိုက်ဆံတွေကိုလဲမုန်းတယ်...ရိပ်
ကိုယ်ရိပ်လဲမုန်းတယ်"
အော်ဟစ်ကာပြောပြီးပိုက်ဆံတွေကိုဆေးရုံအောက်ကိုပြစ်ချလိုက်တယ်
"ရိပ်ကိုက့ိုကိုကန်တော့ပါတယ်"
ရိပ်မျက်ရည်တစ်စက်ကျစင်းသွားခဲ့တယ်......
******
နေဒေါသရဖီအိမ်ထဲကအမြန်ပြန်ထွက်လာခဲ့တယ်
ရိပ်ဆီအမြန်သွားရမယ်သူ့ကိုမတွေ့ရင်ဝမ်းနည်းပြီးလိုက်ရှာနေမှာစိတ်ထဲမှာလဲဘာကြောင့်မှန်းမသိလေးနေတယ်ဆိုင်ကယ်ပေါ်တက်နေတုံးမှာဘဲဖုန်းမြည်လာတယ်

နေခွဲစိတ်ခန်းရှေမှာငြိမ်သက်စွာထိုင်နေမိတယ်မျက်ရည်မကျအောင်အံကြိတ်ထားတာသွေးတွေပါထွက်လာတဲ့အထိဘဲ ရှိုင်းလူလဲဆေးရုံကိုရောက်လာကာ
"နေရိပ်ဘယ်လိုဖြစ်တာလဲ"
"ရှိုင်း...ရိပ်...ရိပ်လေ......
နေစကားသံထွက်မလာတော့ဘဲငိုချလိုက်တယ်
"ရှိုင်း....ရိပ်တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"
နေပြောနေတုန်းမှာဘဲခွဲစိတ်ခန်းတခါးပွင့်သွားကာဆရာဝန်ကြီးထွက်လာတယ်နေပြေးသွားပြီး
"ဆရာ...ရိပ်အဆင်ပြေတယ်မို့လား"
"ရိပ်...ရိပ်ဘာမှမဖြစ်ဘူးမို့လား"
"ရိပ်ခွဲစိတ်ဖို့...ကျွန်တော်ပိုက်ဆံတွေပါလာပြီရိပ်ကိုမြန်မြန်ခွဲစိတ်ပေးပါ"
တရပ်စပ်ပြောနေတဲ့နေကိုဆရာဝန်ကြီးကစိန်မကောင်းစွာဖြင့်
"ဆရာတို့...စိတ်မကောင်းပါဘူးကွာ.."
"သမီးကိုမကယ်နိုင်လိုက်ဘူးသား"
."ဆရာ..ဘာတွေပြောနေတာလဲဘာကိုမကယ်လိုက်နိုင်တာလဲ"
"ကျွန်တော်ပြောတာရိပ်ကိုခွဲစိတ်ပေးဖို့"
"ဆရာပြောတော့အဆင်ပြေတယ်ဆို...ဘာဖြစ်လို့အချိန်ဆွဲနေတာလဲ"

"မဟုတ်မှလွဲရောဟိုတစ်ခါလိုသူအျားကိုပေးလိုက်ပြန်ပြီလား"
" ရိပ်ကိုခွဲစိတ်ပေးလို့...ကျူပ်ချစ်သူကိုခွဲစိတ်ပေးလို့"
ဒေါသတကြီးဆရာဝန်ကြီးကိုနေအော်ဟစ်နေတုံးမှာဘဲခွဲစိတ်တခါးပွင့်သွားကာတဂျိဂျိနဲလူနာတင်တွန်းလှည်းပြန်ထွက်လာတယ်တွန်းလှည်းပေါမှာအုပ်ထားတဲပိတ်စအဖြူမှာလဲသွေးတွေကစွန်းထင်းနေတယ်

တဖြည်းဖြည်းနဲ့တွန်းလှည်းကနေနဲနီးကပ်လာတယ်နေမငိုပါဘဲမျက်ရည်တွေစီးကျလာတယ်မျက်စိထောင့်မှာမြင်နေရတဲတွန်းလှဲကိုနေမကြည့်ရဲခဲဘူး
အံကိုတင်းတင်းကြိတ်ကာဆရာဝန်ကြီးရဲ့အင်္ကျိကိုဆွဲပြီး
"ခွဲစိတ်ပေးပါဆရာရယ်...ရိပ်ကိုခွဲစိတ်ပေးပါ"
"ဒီမှာတွေလား...ကျွန်တော့မှာပိုက်ဆံတွေအများ
ကြီးပါလာတယ်...ဆရာယူပါ"
ပြောပြီးပိုက်ဆံတွေကိုဆရာဝန်ကြီးရဲအိတ်ထဲကိုအတင်းထဲ့ပေးနေတုန်းမှာဘဲ
ဟူး....ခနဲနေ့နားကနေလူတစ်ယောက်ဖြတ်သွားသလိုတိုက်ခတ်သွားတဲ့လေကြောင့်သွေးစွန်းနေတဲအဖြူရောင်ပိတ်စတစ်ဝက်လောက်လန်သွားတယ်နေလက်ထဲကပိုက်ဆံတွေထွက်ကျသွားခဲ့တယ်အဲဒီလေထဲမှာဘဟ်သူ့မှမသိလိုက်တဲရိပ်ရဲကိုယ်သင်းနံ့လေး
နေမျက်ရည်တွေစီးကျလာကာလှည်းစီကိုလှမ်းလျှောက်သွားပြီးလှည်းပေါကရိပ်ကိုပွေချီမိုလက်လှမ်းလိုက်တော့ရိပ်နှာခေါင်းကကျနေတဲသွေးတွေရယ်
ဆံပင်တွေမှာစိုစွဲနေတဲ့သွေးတွေကြောင့်နေကြောင်နေပြီးငေးကြည့်နေမိရာကအံကိုတင်းတင်းကြိတ်ကာရိပ်ကိုကောက်ချီပြီး
"သွားမယ်...ကိုကိုရိပ်ကိုတခြားဆေးရုံပို့ပေးမယ်"
"ကိုကိုရိပ်ကိုနေကောင်းအောင်လုပ်ပေးမယ်နော်"
ဆရာမိုးအောင်က
"နေမင်းစိတ်ထိန်းပါအုံး...."
အနားရောက်လာတဲ့ရှိုင်းလူကလဲ
"ဟုတ်တယ်နေ...မင်းစိတ်ထိန်းပါကွာ...ရိပ်ဆုံးသွား
ပြီ"
မျက်ရည်တွေစိုနေတံမျက်လုံးတွေနဲရှိုင်းလူနဲမိုးအောင်ကိုစိမ်းစိမ်းကြီးကြည့်ကာ
"မင်းတိုဘာပြောတာလဲ...ရိပ်ကဘာဖြစ်လိုဆုံးရမှာလဲ"
"ရိပ်ကငါကို...စိတ်ဆိုးနေတာ...သူမကြိုက်တဲအရာလုပ်လိုစိတ်ကောက်နေတာမက်းတိုနားလည်လား"
ဒေါသတကြီးအော်နေတဲနေကိုလာုပီးရှိုင်းလူကပခုံးကိုဆွဲလှုပ်ကာ
"နေ...ရိပ်ဆုံးသွားပြီးမင်းသိရဲသားနဲဘာဖြစ်လိုလက်မခံတာလဲ"
"မဟုတ်ဘူး...မဟုတ်ဘူးရိပ်ကငါ့ကိုခွဲမသွားဘူးလိုကတိပေးထားတယ်"
" ရိပ်ကကတိမဖျက်ဘူး...ငါသိတယ်မင်းတိုလိမ်နေတာ"
"ရိပ်ထပါအုံး...သူတိုကိုမဟုတ်ဘူးဆိုတာသက်သေပြလိုက်...ကိုကိုကိုစိတ်မစိုးနဲတော့နော်"
"ရိပ်မကြိုက်တာကိုကိုမလုပ်တော့ဘူး...ကတိပေးတယ်နော်"
" ဒီလိုလုပ်တာကရိပ်ကိုချစ်လွန်းလို့ပါ"
"ချစ်လွန်းလို့ပါလလေးရယ်"
ရှိုက်ကြီးတငင်ငိုနေတဲနေကိုကြည့်ပြီးဆေးရုံဝန်းထမ်းနှစ်ဦးကမိုးအောင်ကိုဘယ်လိုလုပ်ရမလဲမေးနေတယ်မိုးအောင်ကမျက်ရည်သုပ်လိုက်ပြီးနေပခုံးကိုသွားကိုင်ကာ
"နေသူငယ်ချင်း...စိတ်ထိန်းပါကွာ...ဖြစ်ပြီးသွားပြီဆိုမှတော့ရိပ်အတွက်အကောင်းဆုံးလုပ်ပေးကြတာပေါ့"
နေကဆတ်ခနဲလှည့်ကြည့်ပြီး
" ဘာကိုလဲ...ဘာကိုလုပ်ရမှာလဲ"
ဆေးရုံဝန်ထမ်းတွေကရိပ်ကိုလာခေါ်တော့
"ဘာလုပ်တာဘဲ...လွှတ်စမ်းရိပ်ကိုဘယ်ခေါသွားမို့လဲ"
အော်ဟစ်ရင်းအတင်းလိုက်ဆွဲနေတဲနေကိုမိုးအောင်နဲရှိုင်းလူကသိုင်းချူပ်ထားပြီး
"နေ...စိတ်ထိန်းစမ်း"
"ရှိုင်းမိုးအောင်ရိပ်ကိုပြန်ခေါပေးကြပါကွာ"
" ရိပ်....ရိပ်..ပြန်လာပါ..ကိုကိုဆီပြန်လာပါ...ရိပ်"
နေအော်နေရင်းကအသံသိမ်ဝင်သွားကာပျော့ခွေကျသွားတယ်
"နေ....နေ"

******
နှစ်လခန့်ကြာသော်
မနက်ခင်းမိုကျောင်သွားသူနဲအလုပ်သွားသူများရှုပ်ရှပ်ခပ်နေတဲလမ်းမပေါကလူတွေကြားမှာအသက်သုံးဆယ်လောက်ရှိမဲယောကျာၤးကြီးတစ်ယောက်ကသွားနေရင်းကသူအင်္ကျိစလှမ်းဆွဲလိုက်သောကြောင့်ပြန်လှည့်ကြည့်တော့......ဆံပင်ဘုတ်သိုက်နဲ့အင်္ကျိဘောင်းဘီတွေကစုပ်ပျက်သက်နေကာမျက်နှာကလဲလူရုပ်မဖေါ်နိုင်လောက်အောင်ပေပွနေတယ့်လူတစ်ယောက်
" ကျွန်တော်ကို...ပိုက်ဆံနည်းနည်းလောက်ပေးပါ"
"ဟာ...ဒီအရူးမနက်စောစောစီးစီးကျက်သရေမရှိအောင်...ဝေးဝေးသွားစမ်း"
ပြောပြီစောင့်တွန်းလိုက်ကာသွားမယ်လုပ်တော့ထိုလူကထပ်ဆွဲကာ
" အရေးကြီးနေလို့ပါဗျာ...နည်းနည်းလောက်ပါပဲ"
" ဒီကောင်ပြောနေတာနားမပါဘူးလား...သူများပိုက်ဆံကိုအလကားလိုချင်နေတဲကောင်...ကဲဟာ.....
ကဲဟာ...."
ထိုလူကြီးကပြောလဲပြောစောင့်တွန်းကာလဲကျသွားတော့ခြေထောင့်နဲစောင့်ကန်နေတယ်လူတွေကဝိုင်း
ကြည့်နေကြပေမဲ့ဝင်မဆွဲရဲကြဘူးထိုလူကအားရအောင်ကန်ပြီးမှ ထွက်သွားတယ်

လူအုပ်ကြားထဲကအသက်ခြောက်ဆယ်လောက်ရှိမဲအဘွားအိုကထွက်လာပြီးကွေးကွေးလေးလဲနေတဲထိုလူနားမှာထိုင်ချလိုက်ပြီးအိတ်ထဲကထောင်တန်နှစ်ရွက်ကိုထုပ်ပြီး
" လူလေး...ဒီမှာဒါလေးယူသွားနော်"
ထိုသူကထထိုင်လိုက်ပြီးနှာခေါင်းမှာထွက်နေတဲသွေးကိုသုပ်ပြီး.. အဘွားအိုပေးတဲ့ပိုက်ဆံကိုတုန်ရီ
နေတဲ့လက်များနဲလှမ်းယူကာ
"ကျေးဇူးတင်ပါတယ်အဘွားရယ်...ကျွန်တော့ချစ်သူခွဲစိတ်ဖို့ပိုက်ဆံလိုနေလိုပါ"
အဘွားအိုကိုပြောပြီးပိုက်ဆံကိုအိတ်ကပ်လေးထဲထိုးထည့်ကာဝမ်းသာအားရပြေးထွက်သွားတယ့်ထိုလူဟာတချိန်ကမိန်းကလေးတွေမြင်တိုင်းငေးရတဲ့
နေမင်းရောင်ဆိုတာဘယ်သူသိနိုင်မှာလဲ......

သူဘယ်ကိုသွားမှာလဲ...လူလောကမှာမရှိတော့တဲ့သူချစ်သူစီကိုလား...ဒါမှမဟုတ်သူ့ချစ်သူခွဲစိတ်ဖို
လုပ်ခဲ့ဖူးတဲ့ဆေးရုံစီကိုလား.................

လူတိုင်သောကကင်းဝေးတဲ့ အချစ်များနဲ့ကြုံစုံနိုင်ကြပါစေ

******
.(ပြီး)

❤စာဖတ်သူများကိုကျေးဇူးတင်ပါတယ်❤
     (ပျိုလေးညို)