မြင့်မြတ်ပြီး နှလုံးလှတဲ့ မိန်းကလေးမှန်း သိနိုင်မယ့် စရိုက်လက္ခဏာ (၅) မျိုး - Kharann Media

Breaking

မြင့်မြတ်ပြီး နှလုံးလှတဲ့ မိန်းကလေးမှန်း သိနိုင်မယ့် စရိုက်လက္ခဏာ (၅) မျိုး



ပုံပြင်တွေ၊ ရာဇဝင်တွေထဲကလို မြင့်မြတ်ပြီးနှလုံးလှတဲ့ မိန်းကလေးတွေက အပြင်မှာ တကယ်ရှိကြပါတယ်။ ဒါပေမယ့် အနည်းငယ်ပါပဲ။ ရှားပါးတဲ့ တန်ဖိုးကြီးတွေလိုပဲပေါ့။ သင်ဟာ ဒီအချက်အားလုံးနဲ့ မကိုက်ညီရင်တောင် တော်တော်များများနဲ့ ကိုက်ညီနေတယ်ဆိုရင် မြင့်မြတ်ပြီးနှလုံးလှတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေလို့ပါ။

(၁) မနာလိုစိတ်မရှိဘူး
လူတော်တေ်ာများများဟာ ကိုယ့်ထက်သာရင် မနာလိုတတ်တဲ့ စိတ်ရှိကြပါတယ်။ မြင့်မြတ်တဲ့ မိန်းကလေးကတော့ သူတစ်ပါးကိုယ့်ထက်သာတာကို မြင်ရင် ရင်ထဲကနေ မုဒိတာပွားနေတတ်တဲ့ သူမျိုးတွေဖြစ်ပါတယ်။ သူတစ်ပါးရဲ့ ကောင်းကွက်ကို ချီးကျူးဖို့ ဘယ်တော့မှ ဝန်မလေးတတ်သလို သူတစ်ပါးက ကိုယ့်ထက်သာသွားမှာကိုလည်း ဘယ်တော့မှ မစိုးရိမ်ကြပါဘူး။

(၂) တာဝန်ယူစိတ်ရှိတယ်
မြင့်မြတ်ပြီး နှလုံးလှတဲ့ မိန်းကလေးတွေရဲ့ စိတ်ဓာတ်ဟာ သံမဏိလိုပဲ ခိုင်မာပါတယ်။ သူတို့ဟာ သူတို့လုပ်တဲ့ အရာတိုင်းအတွက် တာဝန်ယူစိတ် အပြည့်ရှိသူတွေ ဖြစ်ကြပါတယ်။ သူတို့တာဝန်ယူထားတဲ့ အရာတစ်ခု ဖြစ်မြောက်လာနိုင်အောင် အစွမ်းကုန်ကြိုစားကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ရင်တောင် အဲဒီ့အရာနဲ့ ပတ်သက်တဲ့ အဆိုးအကောင်းအားလုံးကို တာဝန်ယူဖို့ နောက်မတွန့်တတ်ကြပါဘူး။

(၃) ကိုယ်ကျင့်တရားကောင်းမွန်တယ်
ခေတ်ရေစီးကြောင်း ဘယ်လောက်ပြောင်းပြောင်း မပြောင်းလဲနိုင်တဲ့ အရာတစ်ခုက မြင့်မြတ်တဲ့နှလုံးသားရှိတဲ့ မိန်းကလေးတွေရဲ့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားပါပဲ။ သူတို့ဟာ ခေတ်နောက်ကျနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ခေတ်နဲ့အတူ ပါလာတဲ့ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းစေနိုင်တဲ့ အရာတွေကို သူတို့ ကောင်းကောင်း ရှောင်တတ်ကြပါတယ်။ သူတို့ကို မကောင်းမြင်တဲ့ သူတွေတောင် သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာကို မြင်သွားတဲ့အခါမှာ သူတို့ကို ပြန်လေးစားသွားကြပါတယ်။

(၄) ထိန်းချုပ်နိုင်စွမ်းမြင့်မားတယ်
သူတို့တွေဟာ သူတို့ရဲ့ ခံစားချက်တိုင်းကို ဖော်ပြနေတတ်တဲ့သူတွေ မဟုတ်ပါဘူး။ မဖြစ်သင့်တဲ့အရာတွေအပေါ် ဘယ်လောက်ပဲ သူတို့ ဆန္ဒရှိရှိ သူတို့ကိုသူတို့ ထိန်းချုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူမှုရေးဖောက်ပြန်တဲ့ကိစ္စ၊ ကိုယ်ကျင့်တရားပျက်ယွင်းမယ့်ကိစ္စ၊ ဒေါသ၊ လောဘဝ မောဟ တွေနဲ့ သူတို့ကြောင့် သူတစ်ပါးနာကျင်စေမယ့် ကိစ္စတွေကို မလုပ်မိအောင် အရမ်း ထိန်းချုပ်နိုင်ကြပါတယ်။ ဒီအချက်ကပဲ သူတို့ကို မိန်းမကောင်းမိန်းမမြတ် စာရင်းဝင်စေတာ ဖြစ်ပါတယ်။

(၅) အကောင်းမြင်စိတ်ရှိတယ်
မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင် မိန်းကလေးတွေဟာ အရာရာတိုင်းကို အကောင်းမြင်စိတ်ရှိကြပါတယ်။ ဘဝရဲ့ အဆိုးဆုံး အခြေအနေကို ရောက်ခဲ့ရင်တောင် ကြံဖန် အကောင်းမြင်တတ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ကိုယ်တိုင် ဒီလို အကောင်းမြင်စိတ် ရှိတဲ့အတွက် အားနည်းနေတဲ့ သူတွေကို အားပေးတဲ့ အခါမှာလည်း သူတို့အတွက်တကယ်ကို အားဖြစ်စေပါတယ်။ အကောင်းမြင်စိတ်ရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ငြိမ်းချမ်းခြင်းကို သယ်ဆောင်လာတဲ့ မြင့်မြတ်ပြီး လှပတဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပါတယ်။

Credit:akswln