အပင်အားဆေး သဘာဝအုန်းစိမ်းရည် - Kharann Media

Breaking

အပင်အားဆေး သဘာဝအုန်းစိမ်းရည်



 အပင်အားဆေး သဘာဝအုန်းစိမ်းရည်
=====================
~ Coconut
- စိုက်ပျိုးရေးနဲ့အသက်မွေးတဲ့သူ ၊ စိုက်ပျိုးရေးကို စိတ်ဝင်စားသူတွေအတွက် အကောင်းဆုံး အပင်အားဆေးတစ်မျိုးအကြောင်း ဖတ်ဖူးတာလေး ဝေမျှပါရစေခင်ဗျာ ...
- လူနဲ့တိရစ္ဆာန်တွေမှာ နို့ရည်ဟာ အကောင်းဆုံးအဟာရ ဖြစ်သလို အပင်အတွက် နို့ရည်က လတ်ဆတ်တဲ့ အုန်းစိမ်းရည်ဘဲ ဖြစ်ပါတယ် ...
- အပင်အတွက်သာမက လူတွေရဲ့သွေးကြောထဲကို ဂလူးကိုစ့်လို တိုက်ရိုက်ထည့်နိုင်တဲ့ အပင်ထွက်ပစ္စည်းက လတ်ဆတ်တဲ့အုန်းစိမ်းရည် တစ်မျိုးပဲရှိပါတယ် ...
- တကယ်တော့ အပင်နဲ့လူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်တွေ ၊မိုင်နိုအက်ဆစ်တွေ ၊ သတ္တုဓာတ်ဆားတွေအားလုံးလိုလိုဟာ အုန်းရည်ထဲမှာ ပါဝင်နေပါတယ် ...

~ ( 100 ) gm ရှိတဲ့ အုန်းရည်မှာ .........
- Energy = ( 79 ) KJ ( 19 kcal )
- Carbohydrate = ( 3.71 ) gm
- Fat = ( 0.20 ) gm
- Proteins = ( 0.72 ) gm
- Vitamins = ( 3.7 ) mg
ပါဝင်ပါတယ် ခင်ဗျာ ...

~ သတ္ထုဓာတ် ( Mineral ) အနေနဲ့ဆိုလဲ .........
- Ca = ( 24 ) mg
- Cu = ( 0.04 ) mg
- Iron = ( 0.29 ) mg
- Mg = ( 25 ) mg
- Mn = ( 0.132 ) mg
- P = ( 20 ) mg
- K = ( 250 ) mg
- Sodium = ( 105 ) mg
- Zinc = ( 0.1 ) mg
နဲ့ ရေ ( 95 ) gm ပါဝင်ပါတယ် ခင်ဗျာ ...

- အုန်းစိမ်းရည်ကို အားကစားသမားတွေအတွက် ခွန်အားဖြည့် ဓာတ်ဆားရည်အဖြစ် အချို့နိုင်ငံတွေမှာ ပုလင်းတွေ ၊ သံဗူးတွေနဲ့ ရောင်းချနေပါပြီ ...
- အုန်းရည်ထဲမှာ စိုက်တိုကိုင်နင်နဲ့ ဂျစ်ဘရယ်လင်တို့လို အပင်ဟော်မုန်းတွေ များစွာပါဝင်ပါတယ် ...
- စိုက်တိုကိုင်နင် ( cytokinin ) ဟော်မုန်းက ဆဲလ်တွေ ကွဲပွားဖို့ ( cell division ) လုပ်ဆောင်ရင်း
အညွန့်သစ် အတက်သစ် မြန်မြန်ထွက်ဖို့ အားပေးပါတယ် ...
- ဂျစ်ဘရယ်လင်က ပန်းစောစောပွင့်ဖိုနဲ့ ပန်းများများပွင့်ဖို့ ပန်းပွင့်ဟော်မုန့်း ( Florigin ) အနေနဲ့ အားပေးပါတယ် ခင်ဗျာ ...
- အုန်းရည်မှာပါတဲ့ အောက်ဇင် ( Auxin ) က အပင်တွေကြီးထွားဖို အထူးသဖြင့်အမြစ်သစ်တွေ ထွက်ဖို့လှုံ့ဆော်ပေးတဲ့ အမြစ်ပေါက်ဟော်မုန်း ( Rooting Hormone ) ဖြစ်ပါတယ် ...
- နောက်တစ်ခုက ABA ( Abscisis acid ) လို ပတ်ဝန်းကျင်ဖိစိးမှုကို ခံနိုင်ရည်ရှိစေတဲ့ အပင်ဟော်မုန်းတွေ အုန်းရည်ထဲမှာ ပါနေပါတယ် .

~ မျိုးစေ့စိမ်ခြင်း
--------------------
- မျိုးစေ့တွေကို အုန်းရည်ထဲမှာ စိမ်စိုက်ရင်
အပင်ပေါက်မြန်ပါတယ် ... အမြစ်မြန်မြန် ထွက်ပါတယ် ... အပင်ကျန်းမာသန်စွမ်းပြီး အနာကင်းတဲ့ပျိုးပင်တွေ ရရှိပါတယ် ... 
- အုန်းရည်တစ်ဆကို ရေအဆနှစ်ဆယ်နဲ့ရောပြီး ပျိုးပင်တွေကို ငါးရက်ခြား ဖျန်းပေးရင် အမြစ်အားကောင်းပြီး ကျန်မာသန်စွမ်းတဲ့ ပျိုးပင်တွေ ရပါတယ်ခင်ဗျာ ...

~ မျိုးကိုင်းစိမ်ခြင်း
-----------------------
- နှင်းဆီလို အကိုင်းကိုမြေထဲထိုး ( Cutting ) ပြီး ပျိုးတဲ့အပင်တွေမှာ မျိုးကိုင်းကို အုန်ရည်ထဲနှစ်ပြီးစိုက်ရင် အမြစ်ထွက်မြန်ပါတယ် ...
- အပင်ကိုဖျန်းပေးရင် အဖူးတွေ မြန်မြန်နိုးကြားပြီး ပန်းခိုင်အထွက်ကောင်းပါတယ် ...
- ကွမ်းညွှန့်ချိုးပြီး မစိုက်ခင် အဆစ်သုံးဆစ်
မြှုပ်အောင် စိမ်စိုက်ရင် အပင်အမြစ်စွဲလွယ်ပါတယ် ...
- စတော်ဘယ်ရီပျိုးပင် ( Runner ) တွေကိုလည်း စိမ်စိုက်လို့ရပါတယ် ... 
- ကွမ်းပင်တွေကို ငါးအမိုင်နိုနဲ့ ရောဖျန်းပေးရင် ကွမ်းသားထူပြီး အထွက်တိုးပါတယ်ခင်ဗျာ ...

~ ပန်းပင်နဲ့သီးပင်တွမှာ ဖျန်းခြင်း
------------------------------------------
- ဂန္ဓမာ ၊ မေမြို့ ၊ သစ္စာပန်း ၊  သစ်ခွ စတဲ့ ပန်းပင် တွေမှာဖျန်းပေးရင် ပန်းအဖူးများခြင်း ၊ အရောင်အသွေးလှခြင်း ၊ ပန်းပွင့်ကြီးခြင်း ၊ တာရှည်ခံခြင်းစတဲ့ အကျိုးကျေးဇူးများ ရပါတယ် ခင်ဗျာ ...
- တိုင်ထောင်ပဲ ၊ ရုံးပတီ ၊ ခရမ်းချဉ်စတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဖျန်းပေးရင် ပန်းပွင့်ဖြိုင်ပြီး အထွက်နှုန်း သိသိသာသာတိုးပါတယ် ...
- အုန်းရည်မှာပါတဲ့ကယ်လစီယမ်က ခရမ်းချဉ်ထိပ်ပုပ်ခြင်း ၊ ခရမ်းသီးနဲ့ ငရုတ်သီးများအဖျားပုပ်ခြင်းကိုကာကွယ်ပေးပါတယ် ...

~ ဆေးနှုန်းထား
---------------------
- အုန်းရည်တစ်ဆ ရေအဆနှစ်ဆယ်ခန့် ရောရပါမယ် ... ( 50cc / litre )
- ဆေးဖျန်းပုံးတစ်ပုံးကို ( 800 ) cc ( ရေသန့်ဗူးတစ်ဗူးခန့် ) ထည့်ဖျန်းပေနိုင်ပါတယ်ခင်ဗျာ ...

~ အဟာရပြင်အဖြစ်အသုံးပြုခြင်း
--------------------------------------
 - တစ်ရှုးနည်းနဲ့အပင်မျိုးပွားခြင်း ၊ မှိုစိုက်ပျိုးရေးအတွက် မှိုမျိုးထုတ်တဲ့နေရာတွေမှာ အုန်းရည်ကို အဟာရပြင်လုပ်တဲ့နေရာတွေမှာ အသုံးပြုလို့ရပါတယ် ... 
- မှိုပုံကိုဖျန်းပေးခြင်း : : စိုက်ထုပ်ကိုဖျန်းပေးခြင်းဖြင့် မှိုပွင့် အလေးချိန်စီးခြင်း ၊ အလုံးကြီးခြင်းနဲ့ မှိုပွင့် ( ငွေနှင်း ၊ ကြွက်နားရွက် ) ကြီးပြီး အလေးချိန်စီးပါတယ် ခင်ဗျာ ...

~ အုန်းရည် လောင်းပေးခြင်း
------------------------------------
- အပင်တွေကို အုန်းရည်တိုက်ရိုက်လောင်းပေးရင် အုန်းရည်မှာ ပါတဲ့ အဟာရတွေ အထူးသဖြင့် ပိုတက်စီယမ်ကို အမြစ်က အခြားစက်ရုံထုတ် အားဆေးတွေထက် အလွယ်တကူစုပ်ယူနိုင်ပါတယ် ...
- စက်ရုံထုတ် အပင်အားဆေးများနဲ့ ယှဉ်ပြိုင်အစားထိုးသုံးစွဲနိုင်တဲ့ တန်ဖိုးရှိတဲ့အုန်းရည် ကို အုန်းဆီထုတ်လုပ်ငန်းတွေ ၊ အုန်းသီးပါတဲ့ မုန့်လုပ်ငန်းတွေနဲ့ အစားအသောက်လုပ်ငန်းတွေမှာ အလဟဿ သွန်ပစ်နေကြတာတွေ့ရလို့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးချကြဖို့ သိသမျှ ရေးသားခြင်းဖြစ်ပါတယ်ခင်ဗျာ .....

# ( သုခမိန် ) ၏ ပို့စ်မှ ထုတ်နုတ်တင်ပြပါသည် ..
crd  kyawswar Dar Dar