ပိုးစေးနှဲ အတွက် လွယ်လင့်တကူရှိသောပစ္စည်းများဖြင့် နှိမ်နှင်းနည်း - Kharann Media

Breaking

ပိုးစေးနှဲ အတွက် လွယ်လင့်တကူရှိသောပစ္စည်းများဖြင့် နှိမ်နှင်းနည်း

 


ပိုးစေးနှဲ တွေကို နှိမ်နှင်းကြရအောင်ဗျာ

အာ့ပိုးဖြူဖြူလေးတွေမြင်ရင် ကြည့်ကောင်းကောင်းနဲ့ ထိုင်ပြီးအလှ ကြည့်မနေကြပါနဲ့ အမြန်ဖယ်ရှားရှင်းလင်းပါ

အာ့ပိုးအမြစ်အုံကိုတွယ်ပြီဆို အပင်အားယုတ်ချိနည့်လာပါလိမ့်မယ် ပင်စည်အရွက်တွေကိုတွယ်ပြီဆို ဝါပြီး ကြွေကျ အပင်ပါဂိနိုင်ပါတယ်ဗျာ့

အာ့ပိုးလေးတွေလာပြီဆိုပုရွက်ဆိတ်တွေပါ တစ်ပါတည်းလိုက်ပါလာပါလိမ့်မယ်။ ဂရုစိုက်စစ်ဆေးကြည့်ရှု့ပါ ဘယ်လိုနှိမ်နှင်းရမလည်း? ဟုတ် ကျနော်ပြောပြပေးပါမယ်။

(1) အရက်ပျံ တစ်ဖုံးစာ + ပန်းကန်ဆေးဆပ်ပြာဆီ တစ်ဖုံး + စားသုံသည့်ဆီတစ်ဖုံး + ရေတစ်လီတရောစပ်ပြီး တစ်ပင်လုံးအနှံ့ဖြန်းပေးပါ။

(2) Dettol ဆေးရည်လက်ဖက်စားဇွန်း တစ်ဇွန်း + ပန်းကန်ဆေးဆပ်ပြာရည် တစ်ဇွန်း + ရေတစ်လီတာရောစပ်ပြီး ဖြန်းပေးပါ။

(3) ဗီနီကာ တစ်ဖုံး + ဂျင်းထောင်းအရည်ညှစ် တစ်ဖုံးစာ+ရေတစ်လီတာရောစပ်ပြီးဖြန်းပေးပါ။

(4) အင်ဖာနိုဆေး လက်ဖက်စားဇွန်း လေးပုံတစ်ပုံ + ရေတစ်လီတာရောစပ် ပြီးဖြန်းပေးပါ ( ဆေးရည်မဖြန်းမီအပင်ကို ရေဖြင့်အရင်ဖြန်းပေးပြီးမှဆေးရည်ရောစပ်ထားတာကိုဖြန်းပေးရပါမည် )

ဆေးရည်ဖြန်းပြီးနောက်ရက်တွင် ဆပ်ပြာရည်တစ်ဖုံး + ရေတစ်လီတာရောစပ်ပြီး ထပ်မံဖြန်းပေးရပါမည်

အထက်ပါနည်းများထဲမှ မိမိတို့ထံမှာလွယ်လင့်တကူရှိသောပစ္စည်းများဖြင့်လုပ်ဆောင်ရန်လွယ်သောနည်းကို ရွေးချယ်ကာ ပိုးစေးနှဲရန်မှကာကွယ်ကြပါစို့ဗျာ။

Justin Aung Htike