သစ်ခွပင်ကို ဘီယာ ဖြန်းခြင်း
သစ်ခွပင်ကို ဘီယာ ဖြန်းခြင်းဖြင့် ချက်ချင်းပန်းပွင့်လာမယ် ၊ အမြစ်ထွက်လာမယ် ၊ သားတက်ထွက်လာစေပါတယ်
သုံးဖူးတဲ့သူတိုင်း အရင်ကထက် ထူးထူးခြားခြား အကျိုးခံစားကြတာကိုတော့ ငြင်းမရပါဘူး ... ဒါ့ကြောင့် သစ်ခွပင်ကို ဘီယာ တိုက်တဲ့နည်း ( 2 ) မျိုးအကြောင်း ဖတ်ဖူးထားတာလေး ပြန်လည်
မျှဝေပေးလိုက်ပါတယ်ဗျာ။
ဘီယာ စိမ်ခြင်း
သစ်ခွပင်ကို ဘီယာစိမ်မည်ဆိုပါက ဘီယာ တစ်ဗူးကို ရေ ( 2 ) ဂါလံနဲ့ရောစပ်ပြီး စိမ်လိုက်ပါ ... စိမ်တဲ့ပုံစံကတော့ အပင်ရဲ့အမြစ်မြှပ်အောင် ( 10 ) မိနစ်လောက်
စိမ်ပေးပါ ။
သစ်ခွပင်တစ်ပင်ကို ( 15 ) ရက်တစ်ခါ စိမ်ပေးသင့်ပါတယ် ... ဒီနည်းက အပင်နဲတဲ့သူများအတွက် ပြသနာမရှိပေမယ့် အပင်များသူတွေအတွက်ကတော့ အဆင်မပြေနိုင်ပါ။
ဘီယာ ဖြန်းခြင်း
ဘီယာ ဗူးတစ်ဝက်ခန့်ကို ရေ ( 4 ) ဂါလံနဲ့ရောစပ်ပြီး သစ်ခွပင်ကို ( 15 ) ရက်တစ်ကြိမ် ဖြန်းပေးရပါမယ်
တကယ်လို့ မိမိရဲ့သစ်ခွပင်တွေဟာ အပင်မသန်တာတွေများရင်တော့ ( 10 ) ရက်တစ်ကြိမ် ဖြန်းပေးသင့်ပါတယ်။
အပင်တွေကို ဘီယာ ဖြန်းခြင်း / စိမ်ခြင်း ပြုလုပ်မယ်ဆိုရင် မနက်ပိုင်း ( 8 : 00 ) မထိုးခင်
လုပ်ပေးသင့်ပါတယ်။
ဘီယာ အမျိုးအစားအနေနဲ့ကတော့ မိမိတို့ အလွယ်တကူဝယ်ယူလို့ရတဲ့ မည်သည့် ဘီယာ အမျိုးအစားမဆို အသုံးပြုလို့ရပါတယ် ။
သစ်ခွပင်များကို ဘီယာ ဖြန်းခြင်း / စိမ်ခြင်းကြောင့် အပင်များအတွက် ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူးလို့သိရပါတယ်။
Credit-စိုက်ပျိုးရေး နည်းပညာ