ဘူတာလေးရဲ့ ရာဇဝင် - Kharann Media

Breaking

ဘူတာလေးရဲ့ ရာဇဝင်


အဲဒီ ခွေးရုပ်လို့ ခေါ်တဲ့ အင်္ဂလိပ်ခေတ် လက်ကျန် ရထားဘူတာပောာင်းလေးပာာ မြင်းဒိုက်၊ ဆင်တောင် ဘူတာတွေရဲ့ အလွန်မှာ ရှိပါတယ်။ မြင်းဒိုက် နဲ့ ဆင်တောင်ဘူတာ ကလည်း အင်္ဂလိပ်ခေတ်လက်ကျန် ဘူတာပောာင်းလေးတွေ ဖြစ်ပြီး ယနေ့အချိန်ထိ အသုံးပြုနေဆဲပါပဲ။ ကလောမြို့နယ်ထဲမှာပဲ ဆိုပါတော့။ အတိအကျပြောရရင် ပလောင်တောင်နဲ့ ပိုနီးပါတယ်။ အဲဒီနားပတ်ဝန်းကျင် ရွာတွေမှာ ဓနုတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပါတယ်။

အခုနက ပြောတဲ့ ခွေးရုပ်ဘူတာရယ်လို့ အမည်ဖြစ်လာပုံက မြန်မာပြည် အင်္ဂလိပ် အထွက် ဂျပန်အဝင်မှာ ဂျပန်တပ်တွေပာာ ရှမ်းပြည်တောင်ပိုင်းက ကလောမြို့နယ် နဲ့ တခြားနယ်တွေကို တဖြည်းဖြည်း သိမ်းယူအပြီး ဂျပန်စစ်ဗိုလ် နဲ့ အတူ ခွေးလေးတစ်ကောင် ပါလာပါတယ်။ အဲဒီခွေးလေးက သူ့သခင်ဖြစ်တဲ့ ဂျပန်စစ်ဗိုလ်လေး အပေါ်မှာ သိပ်ကို သံယောဇဉ်ကြီးပါတယ်။

တစ်နေ့တော့ အဲဒီ ဂျပန်စစ်ဗိုလ်လေးက အဲဒီ ကလောမြို့နယ်ထဲက ယခု ခွေးရုပ်လို့ခေါ်တဲ့ ဘူတာလေးမှာ သူ့ခွေးလေးကို "ပြန်လာခဲ့မယ် ဒီမှာပဲ စောင့်နေပါ" ဆိုပြီး အဲဒီဘူတာကနေ ထွက်မယ့်ရထားပေါ်တက်သွားပါတယ်။ အမှန်တော့ အဲဒီ ဂျပန်စစ်ဗိုလ်လေးက ဂျပန်တပ်တွေ နဲ့ အတူ ရှေ့တန်းတစ်နေရာ ထွက်ခွာသွားခြင်းဖြစ်ပါတယ်။

ကံဆိုးချင်တော့ ခွေးလေးရဲ့ သခင် ဂျပန်စစ်ဗိုလ်လေးက တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါတယ်။ ခွေးလေးက အဲဒီဘူတာမှာပဲ သူ့သခင်ပြန်အလာကို အစာရေစာ မစားဘဲ စောင့်နေရှာပါတယ်။ နောက်ဆုံး အဲဒီခွေးလေး အစာရေစာ ပြတ်လပ်ပြီး သူ့သခင်ကို ခင်တွယ်စိတ်နဲ့ ရင်ကွဲနာကျပြီး အဲဒီဘူတာရှေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။

အဲဒီ ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ နောင်လားနောင်သား တိုင်းရင်းသားတွေက အဲဒီဘူတာမှာသေသွားတဲ့ ခွေးလေးကို အစွဲပြုပြီး ခွေးရုပ်ဘူတာ ရယ်လို့ခေါ်ဆိုကြပါတယ်။
__________________________________________
ကေဇင်သော်


Feb 9.2016 | http://www.mymemo.cf/2016/02/post194.html