သဘာဝအခြေအနေ
ပူနွေးစွတ်စိုသောရာသီဥတုကိုနှစ်သက်သည်။ အီကွေတာနှင့်နီးပြီးမိုးမှန်သောသောဒေသတို့တွင် ပိုမိုဖြစ်ထွန်းသည်။ မြေဆီထက်သန်သည်ကိုနှစ်သက်ပြီး ရေဝပ်ဒဏ်မခံနိုင်ပါ။ အပင်ရင်းတွင်ဂဝံတုံးကြီးများ စီထားခြင်းဖြင့် အအေးဓါတ်ထိမ်းနိုင်သည့်အပြင် အသီးများ အပင်၏အမြစ်ပေါ်တိုက်ရိုက်ကြွေကျ၍ အသီးကွဲခြင်းမှကာကွယ်နိုင်သည်။ ဒူးရင်းသီးခွဲစားရန် ဓါးမပါက မြေမှာပေါ်နေသော ဒူးရင်းမြစ်ပေါ်ဆောင့်ခွဲလျှင် အမြှောင်းလိုက်ကွဲသည်။ အများအားဖြင့် အသီးမှည့်အောင်မထားဘဲ အရင့်များကိုခူးပြီး မှည့်အောင်အုပ်ကာ ဈေးကွက်တင်ပို့ကြသည်။
ပျိုးထောင်ခြင်း
အများအားဖြင့် အစေ့မှ ပျိုးထောင်ကြသည်။ ကိုင်းကူး၊ ကိုင်းဆက်၍လည်း စိုက်ကြသည်။ (၈x၇)အရွယ်ပလပ်စတစ်အိတ်ဖြင့် ပျိုးထောင်သင့်သည်။ အစေ့မှ(၇-၈)ရက်ကြာလျှင် အပင်ပေါက်လာမည်။ အစိုဓါတ်ထိမ်းပါ။ အရိပ်ဖန်တီးပေးပါ။ ပျိုးပင် တစ်နှစ်သားကို စိုက်ခင်းသို့ရွှေ့စိုက်နိုင်သည်။
စိုက်ပျိုးပြုစုခြင်း
စိုက်ကျင်းကို( ၃၀’)စီခွာပြီး တြိဂံစိုက်စနစ်( ပုံစံကို ဒီမှာ ပြန်ကြည့်နိုင်သည်)ဖြင့် (၃’x၃’x၃’)တူးပါ။ မြေဆွေးထည့်ပြီးစိုက်ပါ။ ယူရီးယား (ပုလဲ)ဓါတ်မြေသြဇာ များများမသုံးသင့်ပါ။ အပင်သက်(၈-၁၀)နှစ်၏ နွေနှောင်းရာသီတွင် တစ်လကြာအပွင့်ပွင့်ပြီး တစ်မိုးတွင်းလုံးအသီးဆွတ်နိုင်သည်။
ကောက်ကြောင်း
New