နှစ်ရှည်ခံ သစ်သီးဝလံပင်များစိုက်ပျိုးရန်အတွက် စိုက်ကွက်ဖော်ရာတွင် တြိဂံစိုက်စနစ်ကိုသုံးသင့်သည်။ သာမန်အတန်းကွက်ဖော်စနစ်ထက် ဧကဝင်အပင်အရေအတွက် ပိုမိုရနိုင်သောကြောင့် တြိဂံစိုက်စနစ်ကို သုံးသင့်ခြင်းဖြစ်သည်။ တြိဂံစိုက်စနစ်တွင် စိုက်ပင်တို့၏ အကွာအဝေးအားလုံး တူညီကြသည်။
သာမန်အတန်းဖော်စနစ်ဖြင့်စိုက်သောအပင်တို့သည် တစ်တန်းချင်းအတွင်း အကွာအဝေးတူညီမည် ဖြစ်သော်လည်း အခြားကပ်လျှက်တန်းမှအပင်တို့နှင့်အကွာအဝေးမတူနိုင်ပါ။ ဥပမာအားဖြင့် သာမန်အတန်းဖော်စနစ်အရ တစ်တန်းနှင့်တစ်တန်း(၂၀’)၊ တစ်ပင်နှင့်တစ်ပင် (၂၀’)ခွာစိုက်သော ရှောက်ချိုစိုက်ခင်းတွင် ပထမတန်း၏ အပင်(၁)နှင့်(၂)တို့သည် (၂၀’)ကွာမည်ဖြစ်သည်။ ထို့အတူ ဒုတိယတန်း၏ အပင်(၁)နှင့်(၂)တို့သည်လည်း (၂၀’)ကွာမည်ဖြစ်သည်။ ထို့နည်းတူ ပထမတန်း(၁)(၂)(၃) စသည့်အပင်တို့သည်လည်း ဒုတိယတန်း၏ အပင်(၁)(၂)(၃)တို့နှင့် အကွာအဝေးတူကြမည်။ သို့သော် ပထမတန်း၏ နံပါတ်(၁)ပင်နှင့် ဒုတိယတန်း၏ နံပါတ်(၂)အပင် အကွာအဝေးမှာမူ (၂၀’)ကျော်သွားပါမည်။ (ပိုက်သာဂိုရသီအိုရီအရကြည့်ပါရန်)။ အတန်းကိုဗဟိုပြု အကွက်ဖော်ထား၍ ဖြစ်သည်။ တြိဂံစိုက်စနစ်တွင်မူ အပင်ကိုဗဟိုပြုထားသောကြောင့် အပင်အကွာအဝေးအားလုံး အတူတူပင်ရှိကြသည်။
နှစ်ရှည်ခံသစ်သီးဝလံပင်များကို အပင်အမျိုးအစားကိုလိုက်ကာ စိုက်ကျင်းတူးကြသည်။ အကြမ်းအားဖြင့် စိုက်ကျင်းကို(၃’x၃’x၃’)တူးစိုက်ကြသည်။အပင်အကွာအဝေးကိုကား အပင်အမျိုးအစားကိုလိုက်ပြီး သတ်မှတ်ရပါမည်။ ဥပမာ သြဇာပင်ကို (၈’)ခွာ စိုက်ပါသည်။ မာလကာပင်ကို(၁၀’)ခွာစိုက်ကြသည်။

နှစ်ရှည်ခံ သစ်သီးဝလံများဖြစ်သော မာလကာ၊ ရှောက်၊ သံပုရာ၊ သြဇာ၊ လိမ္မော်၊ သရက်၊ ဒူးရင်း၊ ပိန္နဲ၊ မင်းဂွတ်၊ သစ်ကြားသီး၊ သလဲ၊ ပန်းသီး၊ သစ်တော်၊ မက်မန်း၊ ဆီး(ဇီး)၊ကြက်မောက်၊ ထောပတ်သီး၊ အုန်းအစရှိသည်တို့ကို တြိဂံစိုက်စနစ်ဖြင့် စိုက်သင့်ပါကြောင်း…..။
ကောက်ကြောင်း
ကောက်ကြောင်း