ကြက်မောက်သီးပင်(Rambutan)စိုက်နည်း - Kharann Media

Breaking

ကြက်မောက်သီးပင်(Rambutan)စိုက်နည်း

သဘာဝအခြေအနေ
ပူနွေးစွတ်စိုသောရာသီဥတုကို နှစ်သက်သည်။ ရေဝပ်ခြင်းကိုမနှစ်သက်ပါ။ (၆)နှစ်သားတွင်ပန်းပြပြီး ဇွန်လပိုင်းတွင် အသီးလှိုင်သည်။ အခွံကပ်မျိုးနှင့် အခွံကျွတ်မျိုးဟူ၍ရှိသည်။ ရွက်စားပိုး၊ ခူကောင်
တို့ ရံခါကျတတ်သည်။ ပြောပလောက်အောင်ပျက်စီးမှုမရှိပါ။

ပျိုးထောင်ခြင်း
အများအားဖြင့် အစေ့မှ ပျိုးထောင်ကြသည်။  ပျိုးခင်းတွင် တစ်နှစ်သားအထိ ထားရသဖြင့် (၅x၆) အရွယ် ပလပ်စတစ်အိတ်ဖြင့် ပျိုးထောင်သင့်သည်။ အစေ့ကို မိုးဦးကျတွင် ဘောင်ဖြင့်ပျိုးပြီးမှ ပျိုးပြီးမှ အိတ်များသို့ ပြောင်းရွေ့ပျိုးပါ။ ကိုင်းဆက်၍လည်းပျိုးထောင်နိုင်ပါသည်။

စိုက်ပျိုးပြုစုခြင်း
စိုက်ကျင်းကို( ၁၈’)စီခွာပြီး တြိဂံစိုက်စနစ်(ပုံစံကို ဒီမှာ ပြန်ကြည့်နိုင်သည်)ဖြင့် (၂’x၂’x၂’) တူးပါ။ မြေဆွေးထည့်ပြီး စိုက်ပါ။ စိုက်ခင်းရောက်အပင်များ တစ်နှစ်သားရှိသောအခါ တစ်ပင်လျှင် နွားချေးတစ်တင်း၊ အမိုနီယမ်ဆာလဖိတ်(၂)ပေါင်နှုန်းဖြင့် မိုးဦးကျတွင်တစ်ကြိမ်၊ ဆောင်းဦးပေါက်တွင်တစ်ကြိမ် အပင်ကိုဝိုင်းပတ်ပြီးကျွေးပါ။ ရေသွင်းခြင်း၊ ပေါင်းရှင်းခြင်းတို့ ပြုရမည်။ အပင်ကြားတွင် တစ်နှစ်(၂)ကြိမ် ထယ်ရေးဝင်ပေးခြင်းဖြင့် မြေတွင်းလေဝင် လေထွက်ကောင်းသဖြင့် အသီးပိုတင်သည်။

ကောက်ကြောင်း