မကောင်းတော့ မကောင်းဘူး ဒါပေမယ့် မကင်းနိုင်တဲ့ အရာ ဒါကိုပြောတာပါ
တဏှာဆိုတဲ့ တပ်မက်ခြင်း မှာ အကြောင်းအရာ တွေများပြား လှပါတယ်။ စားချင်၊ ဝတ်ချင်၊ လှပချင်၊ လိုချင်၊ ပိုင်ဆိုင်ချင်၊ ချမ်းသာချင်စသည့် တပ်မက်မှု တဏှာများစွာ တွေထဲက ကာမ တဏှာက လည်းအပါ အဝင်ဖြစ် ပါတယ်။ လူ့လောကမှာ အဖိုနဲ့ အမ နှစ်မျိုးရှိကြသလို တိရိစ္ဆာန် သတ္တဝါတွေ ထဲမှာ အဖိုနဲ့အမ သာ ရှိကြတာ သိကြပြီးသားပါ။ အဖို အမ ပေါင်းစပ်မှုကြောင့်သာ မွေး ဖွားပေါက်ဖွား လာခဲ့ကြတာပဲဖြစ် ပါတယ်။
အသိဉာဏ် ရှိသောလူသား တွေ အလုပ်အကိုင် ရှာဖွေစား သောက်ကြရာမှာ လုပ်ငန်းမျိုးစုံရှိ တဲ့အထဲက ကိုယ်ခန္ဓာကို ရင်းနှီး ရှာဖွေစားသောက် ကြရတဲ့ အမျိုး သမီးတွေ ရှိသလို အဲဒီမိန်းကလေး တွေကို စီမံအုပ်ချုပ် လုပ်ငန်းခွဲ ဝေ ဆက်သွယ် ဆောင်ရွက်ပေး ရတဲ့ ‘ဂေါင်း’လည်း ရှိလာပြန်ပါ တယ်။ လူတွေဟာ ကာမတဏှာ နဲ့ပတ်သက်လာရင် အလွန်အမင်း ထက်သန်တဲ့ ယောကျာ်းတွေ မိန်းမတွေလည်း ရှိတတ်ကြ ပါသေး တယ်။ သံဝါသကိစ္စမှာ အလွန် ပျော်မွေ့ ပျော်ပိုက် တတ်ကြတဲ့ သူတွေဖြစ်ကြပါတယ်။
အနည်းငယ် ဖြတ်ပြီးပြော လိုက်ပါဦးမယ်။ လူတွေကို ” ဒု၊ သ၊န၊သော”ရှောင်ဖို့ ဗုဒ္ဓဘုရားရဲ့ တရားတော်မှာ တိုက်တွန်းထား ပေမယ့် ကာမတဏှာ ကြောင့် မမျှော်လင့်သော အကြောင်းကိစ္စ တွေ ဖြစ်လာတတ် ကြပါ တယ်။ ဒါကြောင့်လည်း တရားဥပဒေမှာ လင်ခိုးမှု၊ မယားခိုးမှု ဆိုတဲ့ အမှု ကိစ္စတွေအတွက်ဥပဒေပုဒ်မတွေ ထားကြရတာပေါ့။ ကာမတဏှာ လွန်ကြူးလာတဲ့အခါ အသက် ကိုရန်ရှာဖို့ မကြောက်တော့တဲ့ အထိ စိတ်တွေပြောင်းလဲလာတတ် ကြပါတယ်။ ပြင်ပလောကမှာ လည်းဖြစ်တာပါပဲ။အစိုးရဝန်ထမ်း လောကထဲ မှာလည်းဖြစ်တတ်ကြ တာပါပဲ။ အပြင်လောကကြီးရဲ့ အမှုကိစ္စတွေကိုတော့ မှုခင်းဂျာ နယ် မဂ္ဂဇင်းတွေမှာ ဖတ်ရှုကြရ ပါလိမ့်မယ်။
ဝန်ထမ်းလောကအမှု အခင်းတွေကိုတော့ကြားရုံသက် သက်မျှပါပဲ။မြန်မာတစ်နိုင် ငံလုံး မှာ နေ့စဉ်နဲအမျှဖြစ်ပေါ်နေတဲ့မှု ခင်းကိစ္စတွေကို ကြည့်ရင်ကာမ တဏှာကြောင့် ဖြစ်ကြတဲ့ အမှု ကိစ္စတွေ များစွာရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်တော်တော် များများက ပြင်ဦးလွင် လေ့ကျင့် ရေးတပ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကို မန္တလေးပြင် ဦးလွင် အနီးတစ်ဝှိုက် ကသူတွေတော့သိခဲ့ရကြမှာပါ။ မိမိတို့ရဲ့ ဂုဏ်သိက္ခာ ရာထူးကို မေ့ပျောက်ပြီး ကာမတဏှာလွန်ကဲ ခဲ့ကြရာမှ ခင်ပွန်းဖြစ်သူကို လင် ငယ်နဲ့ပူးပေါင်းပြီးသတ်ဖြတ် အစ ဖျောက်ခဲ့တဲ့ အမှုကြီးပေါ့။
အတော် လေးကို လေ့လာစုံစမ်း ထောက် လှမ်းပြီးမှ အမှုမှန်ပေါ်လာခဲ့ရပါ တော့တယ်။ အရာရှိ ရဲ့ ဇနီးက အိမ်မှာ ယာဉ်မောင်းဖို့တာဝန်ယူ ထားတဲ့ ကားဒရိုင်ဘာနဲ့ဖောက် ပြားခဲ့ကြတယ်။ ခင်ပွန်းဖြစ်သူက တဖြည်းဖြည်းရိပ်မိလာတော့ ခင် ပွန်းကိုသတ် အစဖျောက်ပြီး အ လောင်းကို အိမ်နောက် က ငှက် ပျောတောထဲမှာ သွားမြှုပ်ထား ခဲ့ကြတယ်။ ခင်ပွန်းဖြစ်သူ အမဲ လိုက်သွားတာ ပြန်မလာဘူးဆို ပြီး ပြောဆိုအသံလွှင့်ခဲ့တယ်။ တာဝန်ရှိသူတွေက တောပစ် တတ်တဲ့နေရာတွေကို လိုက်လံ စုံစမ်းထောက် လှမ်းတယ်။ မထူး ခြားဘူး။
အိမ်ပေါ်မှာလည်းရှာဖွေ စစ်ဆေးကြပါတယ်။ သဲလွန်စ ဘာတွေ့သွားလဲဆိုတော့ သူမရဲ့ ခင်ပွန်းဟာ အသက်အရွယ် အရ မျက်မှန်မတပ်ခဲ့ရင် တောပစ်လို့ မရနိုင်ဘူးဆိုတာပါ။ခင်ပွန်းသည် တပ်နေကျ မျက်မှန်ကိုဘုရားစင် ပေါ်မှာသွားတွေ့တယ်။ မျက်မှန် ရှိနေတဲ့အတွက် တောပစ်သွား တာ မဟုတ်ဘူးဆိုတဲ့ အဖြေကို ရပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေး ရာကလူသတ်မှုကြီးဟာ ရှင်းရှင်း ဘွင်း ဘွင်းကြီးပေါ်ပေါက်လာခဲ့ရ ပါတော့တယ်။ ကာမတဏှာဟာ ဘယ်လောက်ကြောက်ဖို့ကောင်း ပါသလဲဗျာ။
နောက်ဖြစ်ရပ်လေးတစ်ခု ကတော့ကာမ တဏှာပေါ်စွဲလမ်း တပ်မက်တဲ့အပြင် အရွယ်နုနယ် မှုကို လိုလားတပ်မက်တဲ့ ဖြစ်ရပ် ပါ။ ဒီဖြစ်စဉ်က မိထ္ထီလာမြို့က တပ်တစ်ခုမှာ ဖြစ်ခဲ့တာပါ။ တပ် ရဲ့ အကြီးအကဲ ဇနီးက ငယ်ရွယ် တဲ့ အရာရှိငယ်လေးနဲ့ ဖောက် ပြန်ခဲ့ကြတဲ့ ဇာတ်လမ်းပေါ့။ လူ့ ရဲ့ အသက်ကိုတော့ ရန်မရှာပါ ဘူး။ ခင်ပွန်းသည် ရှေ့တန်းသွား နေတုန်း လွန်ကြူးမိကြတဲ့သူတို့ ရဲ့ ဖြစ်စဉ်ကို စာတွေ ဆက် သွယ် ရာမှတဆင့် သိရှိသွားခဲ့ပြီးအရာ ရှိငယ် ထောင်ကျသွားခဲ့ရတဲ့အ ဖြစ်တစ်ခုပါ။ ကြာလည်းကြာခဲ့ ပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကာမ တဏှာနောက်လိုက်မိရာကနေ ထောင်ကျခဲ့ရတဲ့ အဖြစ်ဆိုးကို သင်ခန်းစာယူစေ ချင်တာပါ။
ကောင်းပြီ။ ကာမတဏှာ သတ္တဝါကြီးအတွက် မသင့် တော်တာတွေမလုပ်ကြပဲဒီထက် အဆင်ပြေစေမယ့် ငွေပေးပြီး ပျော်ပါးနိုင်တဲ့ အပျော် မိန်းက ဘူးလားလို့ မေးစရာရှိပါတယ်။လူ တစ်ယောက်ကပြောဘူးပါ တယ်။ မလွတ်မလပ်သူတွေနဲ့ လူမှုရေး ဖောက်ပြန်မှုတွေပြုနေမယ့်အစား အနှီကိစ္စအတွက် ငွေပေးပြီးရနိုင် တဲ့နေရာတွေရှိနေပါတယ်။
ကျုပ် တို့ကတော့ငွေပေးတဲ့စနစ်ပဲကျင့် သုံးတယ်ဆိုပဲ။ စာရေးသူတို့ ငယ် စဉ်အချိန်က အေကိုက်တယ် ဆိုတဲ့ ရောဂါဆိုးတွေမရှိသေး ပါဘူး။ ထိုစဉ်က ယနေ့တီဗီမှာ ကြော်ငြာေ ပးနေသော ‘ အဖော်’ ဆိုတဲ့ပစ္စည်းကို မသုံးခဲ့ရင်လည်း ပြဿနာမရှိခဲ့ဘူး။ လူတွေအသုံး များတဲ့မိန်း ကေ လးတွေနဲ့ ဆက် ဆံမိရင်သာသူတို့မှာရှိနေတတ်တဲ့ ဆစ်ဖလစ်ပိုးကြောင့် ကိုဖိုးကြာ ဘွဲ့ကိုရ ယုံလောက် သာဖြစ်ခဲ့ကြ ပါတယ်။ ကိုဖိုးကြာရဲ့ အန္တရာယ် ကိုတော့ ပင်နယ်စလင် ၅သိန်း အား ခပ်ပြင်းပြင်းလေး ထိုးလိုက် တာနဲ့ ပျောက်သွားကြရပါတယ်။
ဒီဘက်ခေတ်မှာတော့ ရော ဂါပိုးဆန်းတွေရဲ့ အခြေအနေက ဌာနဆိုင်ရာတွေမှာ ရာထူးကြီး ကြီးပေးသလို ဗှှီု ဆိုတဲ့ အ ဆင့်မြင့် ရောဂါပိုးကြီး ဖြစ်နေကြပါ ပြီ။ ကုရာနတ္ထိ ဆေးမရှိမို့ မည်သို့ ပင်ဖြစ်စေ ကာမတဏှာ အတွက် အပျော်မိန်းကလေးများနှင့် စခန်း သွားဖြေဖျောက်ရန်မသင့်တော့ပါ။ ဒါတောင် တစ်ယောက် ကပြော သေးတယ်။ မင်းတုန်းမင်းတြား ကြီးတောင် မိဖုရားတွေ၊မောင်းမ မိတ်သံတွေ များစွာရှိနေတဲ့ကြား က မကြေနပ်နိုင်သေးလို့ နန်းပြင် ကိုထွက်ပြီးတိတ်တဆိတ်ပျော် ပါးသေးတာပဲ၊ယောကျာ်းပဲကွာ၊ ကိုယ့် အတွက်နောင်ဖြစ်လာမယ့် အန္တရာယ်ကို ကာကွယ်ပြီးသွား တာပေါ့လို့လည်းပြောတာကို ကြားခဲ့ရပါေ သးတယ်။
စာရေးသူရဲ့ တပည့်လေး တစ်ယောက်ငယ်ငယ် ရွယ်ရွယ် နဲ့ ဗကိုက်တဲ့ ရောဂါနဲ့သေတော့ ဘယ်လိုဖြစ်ရ တာလဲဆိုပြီး စုံစမ်း ကြည့်ပါတယ်။ တပည့်တွေက အဘရေ …. အရေးအခင်း ကာလပြီးတော့အချို့ မိန်းကလေး တွေက လုပ်ကိုင် ရှာဖွေ စား သောက်ရတာ ခက်တယ်ထင်ပါ တယ်။ ပေါလိုက်တဲ့ မိန်းမတွေ၊ မန္တလေးမြို့မှာ ဘယ်လောက်ထိ ဈေးပေါသလဲဆိုရင်၁၀/၂၀ကျပ် လောက်နဲ့လည်း အဲဒီကာလက အဆင်ပြေ ခဲ့ကြတာ။ အဲဒီအချိန် က ပတ်သက်ခဲ့တဲ့ အဖြစ်တွေ ကြောင့် ထိခဲ့ရတယ်လို့ ထင်ရ တာပါပဲတဲ့။
ယနေ့ကာလလည်း ပြည့် တန်ဆာတွေဆိုတာ ရှိနေဆဲလို့ သိနေရပါတယ်။ ရှိနေလို့လည်း အဖော်ဆိုတဲ့ ကွန်ဒုံးကိုတရားဝင် ကြော်ငြာပေးနေရပါတယ်။ ခုခံ အား ကျဆင်းမှု ရောဂါအတွက် ကာကွယ်ဖို့ နည်း လမ်းတွေကို လည်းဖြန့်ဝေပေးနေတာ မဟုတ် ပါလား။ ပြည့်တန်ဆာလုပ်ငန်း အတွက်အခြားနိုင်ငံတွေ လိုတရား ဝင်လုပ်ကိုင်ခွင့် မပေးတာပဲရှိပါ တယ်။
တရားဝင်လုပ်ကိုင်ခွင့်ပေး လိုက်ရင် ပြည့်တန်ဆာတွေ နဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေ ပေါ်လာဦးမလား မပြောတတ်ပါ ဘူး။ တချို့က ပြည့်တန်ဆာဆို တာ တိုင်းပြည်ရဲ့ တန်ဆာတစ်ခု မို့ ရှိသင့်တယ်လို့ ဆိုနေကြတာ လည်း ကြားနေရပါတယ်။
ပြည့်တန်ဆာနဲ့ ပတ်သက် တဲ့အကြောင်းရေးဖို့ပတ်ဝန်းကျင် ကိုလေ့လာရင်း ဟိုမေးဒီမေးလုပ် ခဲ့ပါသေး တယ်။ လက်ရှိဝန်ထမ်း တစ်ယောက်က ကျွန်တော့်ဘဝ မှာလုံးဝကင်းရှင်းပါတယ်လို့အာမခံ ချက်ပေးပါ တယ်။ ဒါပေမယ့်သူ ငယ်စဉ်ကရာထူးတိုးစာမေးပွဲဖြေ ဖို့ အတွက် ပျော်ဘွယ်ကနေ မန္တလေးလာပြီး ရ၃လမ်းပေါ် က ‘ စိန်သိန်း’ တည်းခိုခန်းမှာ ဆယ် ရက်လောက် စာကျက်နေရင်း တည်းခိုခဲ့တယ်တဲ့။ ရောက်စ တည်းခိုခန်းထဲ စာကျက်နေစဉ် မသိကျွမ်းဖူးတဲ့ မိန်းကလေးတစ် ယောက်က အခန်းတံခါးကိုလာ ခေါက်ပြီး မိတ်ဆက်လာတယ်။
တစ်ရက်မဟုတ်၊နှစ်ရက်သုံးရက် တံခါးလာခေါက်တော့ ငါက စာ မေးပွဲ ဖြေမလို့ စာကျက်နေတာ၊ ဒီကိစ္စတွေ စိတ်မဝင်စားဘူး၊ မနှောက်ယှက်ပါနဲ့၊ စာပဲစိတ်ဝင် စားတယ် လို့ပြောခဲ့ကြောင်း ပြော ပြပါတယ်။ ကံကောင်းချင်ပြန် တော့ စာမေးပွဲဖြေမယ့် ပြည်သူ့ ရဲတွေနောက် တစ်နေ့ လာတည်း ကြတဲ့အခါ အဲဒီ မိန်းကလေး လည်း တည်းခိုးခန်းမှာ အသံ တောင် မကြားရတော့ ပါဘူးလို့ လည်းထပ်ပြောပြတော့သူ့စကား ကိုယုံကြည်လိုက်ပါတယ်။
ဝန်ထမ်း၊ အရပ်သား၊အနု ပညာသမားများ၊ ကုမ္ပဏီတွေ ထဲမှာမိန်းမကိစ္စအတွက် မရှောင် နိုင်ကြတာတွေ အများကြီးပါ။ မိမိမှာ ကာမပိုင်ရှိရက်နဲ့ လုပ်ငန်း ခွင်မှာနီးစပ်မှုသံယောဇဉ်တွေဖြစ် ကြပြီး အိမ်ထောင်ရေး ပျက်စီး ကြတာတွေလည်းအများကြီးပါ။ ဇနီးကရှုပ်လို့ယောကျာ်းကတရား ဝင်ကွာရှင်းတာ၊ ယောကျာ်းက ဖောက်ပြန်လို့ဇနီးဖြစ်သူက ကွာ ရှင်းတာတွေသတင်းစာတွေထဲ မှာလည်း တွေ့တွေ့ နေကြရပါ တယ်။ အထူးသဖြင့်အမျိုးသမီး တွေက ယောကျာ်းတွေအပေါ် သောက်စားတတ်တာလောက် ကိုခွင့် လွတ်နို င်ကြပေ မယ့်ဖောက် ပြန်တဲ့ကိစ္စ၊ အပျော်မိန်းမလိုက် စားနေကြတဲ့ကိစ္စတွေကို လုံးဝ ခွင့် မလွတ် တတ်ကြပါဘူး။ မုန့် ကိုသာ ဝေစားနိုင်မယ် ဆိုတဲ့ စကားမျိုးလိုပါပဲ။
အချို့သော အရာရှိကြီး တွေက မိန်းမတွေနဲ့ ပျော်ပါးဖို့ တပည့်တွေကိုရှာဖွေခိုင်းပြီး ပျော် ပါးတတ်ကြတာကို လည်းတွေ့ရ ပါတယ်။ လုပ်ငန်းခွင်မှာ သိက္ခာ က အရေးကြီးပါတယ်။ အချို့က လုပ်ငန်းကိစ္စ အောင်မြင်အဆင် ပြေဖို့ မိန်းမနဲ့ မြူဆွယ်တတ်ကြ တာတွေလည်း ရှိတတ်ပါတယ်။ ကာမတဏှာနဲ့ပတ်သက်ပြီးထိမ်း သိမ်းရှောင်ရှားနိုင်ကြရင်အကောင်း ဆုံးပါပဲ။
မိန်းမနား မကပ်ရရင်မနေ နိုင်တဲ့ယောကျာ်းနဲ့ ယောကျာ်နဲ့ မဆက်ဆံရရင်မနေနိုင်တဲ့ ဟတ္ထနီ လို မိန်းမတွေ လည်း ရှိတတ်ပါ တယ်။ စာရေးသူ အရာရှိဘဝ ဗထူးရပ်စောက်မှာ ခွဲမှူးသင်တန်း တက်ရတော့ အချို့သင် တန်းသား အရာရှိတွေက မိန်းကလေးတွေနဲ့ ပျော်ပါးဖို့ အောင်ပန်းမြို့အထိ သွားတတ်ကြတယ်။ အောင်ပန်း ကပွင့်သစ်စ တည်းခိုခန်းမှာ မိန်း ကလေးတွေ ပေါတယ်လေ။ ဒါကို သိနေတဲ့ သင်တန်းမှူး ဗိုလ်မှူး သိန်းအောင်ကအရာရှိများ အသိ တရား၊သတိတရားနဲ့ဆင်ခြင်ပြီး နေထိုင်ကြပါ၊သွားကြလာကြပါ။ တကယ် လို့ မအောင့်နိုင်ဘူးမနေ နိုင်ဘူးဆိုရင်မိုးပေါ်သာ ထောင် ဖောက်လိုက်ကြပါလို့ ပြောခဲ့ပါ တယ်။ အစက သဘောမပေါက် ကြဘူး။နောက်မှစဉ်းစားရင်းတွေး ရင်းသဘောပေါက်မှဝါးကနဲရယ် ကြရပါတော့တယ်။
ထို့ကြောင့် ကာမတဏှာ ဘက် လွန်ကျွံတာ မကောင်းပါ ဘူး။မိမိကိုယ်မိမိထိန်းသိမ်းခြင်း ဖြင့် ဘာသာရေး၊ကျန်းမာရေး၊ လူမှုရေးများတွင် အားပြုနိုင်ကြပါစေ။ မကောင်းသောမိန်းမ ပြည့်တန်ဆာမှန်း သိရက်နှင့် မကောင်း မှုတွင်ပျော်မွေ့ပါက တခဏတာ ကောင်းခြင်းနဲ့သာ ကြုံတွေကြရ ပြီး ထာဝရအတွက် ဒုက္ခများစွာ တွေ့နိုင်ပါကြောင်းစေတနာထား ရေးသားလိုက်ရပါသည်။
SHADE JOURNAL