မိုးရာသီမှာ အဝတ်မြန်မြန်ခြောက်စေမယ့် နည်းလမ်း (၅)မျိုး - Kharann Media

Breaking

မိုးရာသီမှာ အဝတ်မြန်မြန်ခြောက်စေမယ့် နည်းလမ်း (၅)မျိုး


မိုး တွေအရမ်းရွာတဲ့ နေ့တွေမှာဆိုရင် လူတိုင်းကြုံရတဲ့ ပြဿနာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့လျှော်ထားတဲ့ အဝတ် တွေ က လွယ်လွယ်နဲ့ မခြောက်တော့တာပါ။ အဝတ်တွေက မခြောက် တော့ပဲ စိုထိုင်းထိုင်းနဲ့ ဖြစ်နေတာ ကြာလာရင် အဝတ် အစားတွေ မှာမှိုစွဲတာ၊ အောက်သိုးသိုးအနံ့ဆိုးတွေ ထွက်လာတာမျိုးတွေ အထိ တောင်ဖြစ်တတ်ပါတယ်။ တချို့ ရုံး သမားတွေဆိုရင် ပိုဆိုးပါတယ်။ အိမ်မှာလည်း အဝတ်ကို စောင့်လှန်းပေးမယ့်၊ မိုးရွာလာရင် ထွက် ရုတ်ပေး မယ့် သူမျိုး တွေ မရှိရင် ပိုဆိုးပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကြုံရတဲ့ အဝတ်တွေ မခြောက်တဲ့ ဒုက္ခကို ကူညီ ဖြေရှင်း ပေး နိုင် တဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ကိုယ်သိသမျှ လက်လှမ်းမိတဲ့ နည်းလေးတွေကိုပဲ ဖော်ပြ ထားရ တာမို့ တခြား နည်းကောင်းလေးတွေရှိသေးရင်လည်း အချင်းချင်း ဝေမျှ ပေးခဲ့ပါအုံးနော်…..။

(၁) Spin Wash ကို သုံးပါ၊ရေကို သချောညှစ်ပါ။
အဝတ်လျှော်စက်နဲ့ လျှော်တဲ့ သူဆိုရင်တော့ Spin Wash ကို သုံးပေးပါ။ အရင်က လည်း သုံးနေကျ ဆိုပေမယ့် မိုးရာသီမှာတော့ Spin Time ကို ပုံမှန်သုံးနေကျထက် ပိုကြာကြာလေး Spin လုပ် ပေးပါ။အဝတ်အစား ထဲမှာ ရေကို ကုန်နိုင်သမျှ ကုန်အောင် ကြာကြာညှစ် ထုတ်ပေးပါ။ အဝတ်လျှော် စက် မသုံးပဲ ရိုးရိုး လက်နဲ့ပဲ လျှော်တာ ဆိုရင် တော့ ရေကို သေချာညှစ်ပေးပါ။ ရေကို လက်နဲ့ ဒီအတိုင်းညှစ်တဲ့ အပြင် အဝတ်လှန်းစင်ပေါ် တင်ခါနီးမှာလည်း အဝတ် အစား ကို လက်နှစ်ဖက်နဲ့ သေချာကိုင်၊ ဖြန့်ပြီး ရေတွေ လွှင့်စင် ထွက်အောင် ညှစ်ပေးပါ။ အဝတ်အစားက ရေညှစ်လို့ ခက်တာ မျိုး  ဥပမာ- ဂျင်းဘောင်းဘီတို့ စောင်တို့ ဆိုရင်တော့ အနားမှာရှိတဲ့ လူတစ်ယောက်ကို ရေကူညှစ်ပေးဖို့ အကူအညီ တောင်းပါ။ လုံး၀ အားမနာပါနဲ့ 😛

(၂) အရောင်မကျွတ်တဲ့ အမွေးနု အဝတ်ပေါ်မှာ တင်ထား
ဒါကတော့ အရင်လိုရင် သုံးတဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ အဝတ်အစားတွေ အများကြီးကိုတော့ ဒီနည်းသုံး ပြီး မြန်မြန် ခြောက်အောင် လုပ်ဖို့ ကတော့ သိပ်အဆင်မပြေပါဘူး။ မြန်မြန်ခြောက်ဖို့ မဖြစ်မနေ လိုအပ်တဲ့ ယူနီဖောင်း နဲ့ တခြား ကိုယ့်အတွက်အလျင်လို နေတဲ့ အဝတ်အစားတွေကို မြန်မြန်ခြောက်ချင်ရင် ဒီနည်းကို သုံးပါ။ အမွှေးပွ တဲ့ တဘက် (ဒါမှမဟုတ်) တခြားအဝတ်တစ်ခုခုကို ယူပါ။ အမွှေးပွ တဘက်က တော့ ပိုအဆင်ပြေပါတယ်။အရေးကြီး ဆုံး ကတော့ အရောင်မကျွတ်တဲ့ ဟာဖြစ်ဖို့ လိုပါတယ်။မဟုတ်ရင် အရောင်တွေ စွန်းကုန်ပါလိမ့်မယ်။အမွှေးပွ တဘက်ကို ဖြန့် ခင်းပါ။ပြီးရင်တော့ ရေသေချာ ညှစ်ထားတဲ့ အဝတ်အစားကို အဲ့ဒီအပေါ်မှာ ဖြန့် တင်ပေးရမှာပါ။တဘက် များ များရှိတယ်ဆိုရင်တော့ ကိုယ်မြန်မြန် ခြောက်စေချင်တဲ့ အဝတ်အစားရဲ့ အောက်မှာ တစ်ခု၊အပေါ်မှာ တစ်ခု ညှပ်ပြီး ဖြန့်တင်ပေးလို့ရပါတယ်။ အမွှေးပွ တဘက် မို့ အဝတ်အစားမှာရှိတဲ့ေ ရကို မြန်မြန် စုပ်ယူပေးနိုင်တာကြောင့် အဝတ်မြန်မြန် ခြောက် သွားမှာပါ။

(၃) အဝတ်ချိတ်ကိုပဲ သုံးပေးပါ
အဝတ်တွေကို မြန်မြန်ခြောက်ချင်တယ်ဆိုရင်တော့ အဝတ်ကို သေချာ လှန်းတတ်ဖို့ လည်း လိုပါတယ်။အပေါ်မှာ ပြော ထားတဲ့ အတိုင်းအဝတ်ကို ရေသေချာညှစ်ပါ။တန်းပေါ်တင်လှန်းခါနီးအချိန်ထိ ရေကို သေချာ ခါထုတ်ပြီး လှန်း ထား ပေးပါ။နောက်တစ်ခုကတော့ အဝတ်ကို ဒီအတိုင်းတန်းပေါ်မှာ ဖြန့်ခင်းတာက နေရာအရမ်းလည်း ယူသလို အဝတ် ခြောက် တာလည်း နှေးစေပါတယ်။ဒါကြောင့် အဝတ်လှန်းစင်ပေါ်မှာပဲ လှန်းလှန်း၊ဝါးတန်းပေါ်မှာပဲ လှန်းလှန်း၊ကြိုးတန်း ပေါ်မှာပဲ လှန်းလှန်း ဘယ်နေရာမှာပဲ လှန်းလှန်းပါ။အဝတ်ချိတ်ကို သုံးပြီး လှန်းပါ။အဝတ် ချိတ် နဲ့ လှန်းတာက မြန် မြန် ပို ခြောက်စေပါတယ်။နောက်တစ်ခုကတော့ ရေစိုဝတ်တွေ စုပုံနေလို့ အဝတ်တွေကို တစ်ထည်နဲ့ တစ်ထည် ပူး ကပ် ပြီး လှန်းတာမျိုး မလုပ်ပါနဲ့။အဲ့ဒီလို လုပ်တာက အလုပ်မဖြစ်စေပါဘူး။အဝတ်အစား တစ်ထည် နဲ့ တစ်ထည်ကို ခပ် ခွာ ခွာ ကွာပြီး လှန်းပေးပါ။

(၄) Dryer (သို့ ) မီးပူ သုံးပါ
Image from shuttterstock (By Evgeny Atamanenko)
ဒီနည်းကတော့ ကိုယ်တိုင်လည်း အများဆုံးသုံးဖြစ်တဲ့ နည်းလမ်းပါ။ (မီတာခတော့ ကုန်တာပေါ့ လေ :P) ။ ဒါပေမယ့် အလျင်လိုရင် တကယ်ထိရောက်တဲ့ နည်းလေးပါ။ကိုယ်အခြောက်ခံချင်တဲ့ အဝတ်အစားတွေကိုလည်း Dryer မှုတ်ပြီး မြန်မြန်ခြောက်အောင် လုပ်လို့ရပါတယ်။အဝတ်အစားကို လုံး၀ ခြောက်သွားအောင် Dryer မှုတ်တာမျိုး မလုပ် ချင် ရင်တောင်မှ အဝတ် လှန်းစင်မှာ ချိတ်ထားတဲ့ စိုထိုင်းထိုင်းဖြစ်နေတဲ့ အဝတ်ေ တွကို Dryer လေးသုံးပြီး လေပူ မှုတ်ပေးလိုက်ပါ။မှိုနံ့ စွဲတာ၊အနံ့ အသက် မကောင်းတာတွေကို သက်သာစေပါတယ်။နောက် တစ်ခုကတော့ မီးပူ ထိုးေ ပးပါ။မီးပူထိုးတဲ့ အခါမှာလည်း အရမ်းစိုထိုင်းနေတဲ့ အဝတ်တွေကို မီးပူနဲ့ တိုက်ရိုက်ထိပြီး မီးပူထိုးတာတွေ များလာရင် အဝတ်အစား အရောင်တွေ လွှင့်ကုန်တတ်ပါတယ်။ဒါကြောင့် စိုထိုင်းနေတဲ့ အဝတ်ပေါ် ကို မီးပူ ထိုးမယ် ဆိုရင် အပေါ်ကနေ အဝတ်စ အပါးလေး ဖြစ်ဖြစ် ခံပြီး ထိုးပေးပါ။

.
(၅) အခန်းရဲ့ စိုထိုင်းစကို လျှော့ ချမယ်
Image from shutterstock (By Jiraporn Tanjaipetch)
ဒါကတော့ အရေးကြီးဆုံးတွေထဲက တစ်ခုပါ။အဝတ်တွေကို မြန်မြန်ခြောက် ဖို့ ဆိုရင် အခန်းရဲ့ စိုထိုင်းစကို တတ်နိုင် သမျှ လျှော့ ချ ပေးဖို့ လိုပါတယ်။ဒါဆိုဘယ်လို လျှော့ ချရမလဲ..? အလွယ်လေးပါ။အခန်း ထဲမှာ အပင်တွေ ( Ind oor Plant ) တွေ စိုက်ထားတာရှိရင် အခန်းပြင် ကို ခဏ ထုတ်ထားပေးပါ။ပြီးရင်တော့ အလွယ် ဆုံး နည်းက Air Purifier Bag ကို ဝယ်ပြီး အခန်းထဲမှာ ချိတ်ထားပါ။တကယ်လို့ ရှာဝယ်ရတာ အဆင်မပြေ ဘူးဆိုရင် အရမ်း လွယ် တဲ့ တခြားနည်းတွေ ရှိပါသေးတယ်။မီးသွေးခဲ နဲ့ ဆားပါ။မီးသွေးခဲတွေကို ပုံးတစ်ခုထဲမှာ ထည့်ပြီး အခန်းထောင့် တစ်ေ နရာ မှာ ထားလိုက်ပါတယ်။မီးသွေးခဲ မရရင်လည်း ဆား၊ဆားမှာမှ Rock salt ပန်းရောင်ဆား(သဘာ၀ ဆားလို့ လည်းခေါ်) ဆိုရင် ပိုကောင်းပါ တယ်။ ဆားတွေကို ပန်းကန်(သို့) ပုံးတစ်ခုခုထဲမှာထည့်ပြီး အခန်းတစ်နေရာမှာ ထားပေးလိုက်ပါ။ဆားတို့ မီးသွေးခဲ တို့က အခန်းထဲမှာရှိတဲ့ စိုထိုင်းစကို စုပ်ယူ လျှော့ချပေးပါတယ်။

Credti : Aunty may