
အလှအပရေးရာနဲ့ပတ်သက်လို့ကျွမ်းကျင်သူပညာရှင်တွေက အုန်းရည်ဟာ အသာသးအရည်ကျန်းမာဖို့နဲ့လှပစေဖို့အကျိုးကျေးဇူးတွေအများကြီးပေးနိုင်တယ်လို့ဆိုခဲ့ကြပါတယ်။ အုန်းရည်က အသားအရည်အတွက်ဘယ်လိုတွေအသုံးဝင် အကျိုးရှိနေတာလဲ?
*သဘာဝအာဟာရဓာတ်တွေပြည့်ဝ
အုန်းရည်ဟာ အာဟာရဓာတ်တွေ၊ဗီတာမင်တွေကြွယ်ဝစွာပါဝင်တဲ့ သဘာဝအသီးအနှံတစ်မျိုးဖြစ်ပါတယ်။အထူးသဖြင့် အသားအရည်ကျန်းမာလှပစေတဲ့ကယ်လ်စီယမ်ဓာတ်တွေ၊ဗီတာမင်စီ၊ဗီတာမင်အေ၊ ဗီတာမင်ကေ၊ပရိုတင်း၊သံဓာတ်နဲ့ပိုတက်ဆီယမ်ဓာတ်တွေကြွယ်ဝစွာပါဝင်တယ်လို့ ဒေါက်တာ Erin Gilbert ကပြောထားပါတယ်။အုန်းရည်သောက်ပေးတဲ့အခါ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေလည်းကင်းစင်သွားစေပါတယ်။
*ဝက်ခြံတိုက်ထုတ်ပေးနိုင်
အုန်းရည်မှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့မဂ္ဂနီယမ်ဓာတ်တွေဟာ ဝက်ခြံဖြစ်ပွားမှုနှုန်းကိုလျော့ကျစေပါတယ်။ဒါ့အပြင် အုန်းရည်ဟာ မျက်နှာအရေပြားပေါ်က မလိုအပ်တဲ့အဆီပိုတွေထွက်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ဒါကြောင့် အုန်းရည်မကြာခဏသောက်ပေးခြင်းဖြင့် ဝက်ခြံတွေလျောပါးသွားအောင်လုပ်နိုင်ပါတယ်။အုန်းရည်တင်မက အုန်းသီးအသားကိုပါ စားပေးရင် အသားအရည်အတွက်ပိုပြီးကောင်းမွန်စေပါတယ်။
*အသားအရည်နုပျိုစေ
အုန်းရည်ဟာ အသားအရည်ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ဆဲလ်အသစ်ပြန်လည်မွေးဖွားဖို့ကိုအထောက်အကူဖြစ်စေပါတယ်။ပရိုတင်းပါဝင်တဲ့အတွက် အသားအရည်ဆဲလ်တွေရဲ့လုပ်ဆောင်ပုံကိုပိုကောင်းမွန်စေပြီး အသားအရည်ကိုပိုနုပျိုစေကာနေရောင်ကြောင့်ထိခိုက်ပျက်စီးမှုမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။
*ရေဓာတ်ဖြည့်ပေး
အုန်းရည်ကို Cleanser အဖြစ်လည်းသုံးလို့ရတယ်လို့ ဒေါက်တာ Gilbert က ပြောထားပါတယ်။အုန်းရည်ကိုမျက်နှာအသားအရည်အပေါ်အသုံးပြုမယ်ဆိုရင် မျက်နှာကိုသန့်စင်ပေးသလိုရေဓာတ်လည်းဖြည့်ပေးတယ်။အသားအရည်ခြောက်သွေ့တာ၊ ယားယံတာတွေလည်းသက်သာစေပြီး အဆီပိုတွေဖယ်ရှားပေးတယ်လို့သိရပါတယ်။တစ်ပတ်ကို ၂ကြိမ်၊သုံးကြိမ်လောက် ပေါင်းတင်ရေဓာတ်ဖြည့်တဲ့အနေနဲ့ လုပ်ကြည့်သင့်ပါတယ်။
*ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောင်းမွန်စေ
အုန်းရည်ကိုမကြာခဏသောက်သုံးပေးတာဟာ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ပေးနေတာပါပဲ။ အုန်းရည်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သဘာဝအာဟာရဓာတ်တွေပါဝင်ပြီးသားဖြစ်လို့ ကျန်းမာရေးကောင်းဖို့အထောက်အကူပြုသလို အသားအရည်ကိုလည်းပိုပြီးလှပလာစေပါတယ်။
သတိပြုရမှာကတော့ အုန်းရည်ကိုအများကြီးမသောက်ဖို့ပါပဲ။သကြားဓာတ်နဲ့ပိုတက်ဆီယမ်ဓာတ်အရမ်းများသွားရင် ခန္ဓာကိုယ်အတွက်အန္တရာယ်ဖြစ်စေပါတယ်။ဒါကြောင့် အုန်းရည်ကို တစ်ပတ်ကိုသုံးကြိမ်၊လေးကြိမ်သာ သောက်သုံးပေးသင့်ပါတယ်။
Source:dermstore.com