ငရုတ်ပင် အလွယ်တကူ စိုက်နည်း - Kharann Media

Breaking

ငရုတ်ပင် အလွယ်တကူ စိုက်နည်း


ငရုတ်ဟာ ပူနွေးတဲ့ ရာသီဥတုကို ကြိုက်ပါတယ်။ မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ ဆောင်းတွင်း စိုက်ကြပါတယ်။ ငရုတ်သီးမှာ အမျိုးမျိုး ရှိပါတယ်။ အပု၊ အရှည်၊ အဝိုင်း၊ မိုးမျှော်သီး စသဖြင့် မျိုးစုံလှပါတယ်။

စိုက်ပျိုးဖို့အတွက် အောက်ခြေမှာ အပေါက်ပါတဲ့ အိုးထဲမှာ မြေဆီကောင်းတဲ့ မြေဆွေး သို့မဟုတ် အုန်းဆံမှုန့်တို့ ဖြည့်ထားပါ။

မြေကို လက်ချောင်းနဲ့ အနည်းငယ်ထိုးပြီး အိုးတစ်အိုးအတွက် ငရုတ်စေ့ သုံးစေ့ ထည့်ပါ။ မြေပြန်ဖုံးပါ။ ငရုတ်စေ့ကို ငရုတ်သီးအမှည့်ကနေ အစေ့ထုတ်ပြီး စိုက်လို့ရပါတယ်။ အချို့က အခြောက်ခံပြီး စိုက်ပါတယ်။

အစိုဓာတ် မပြတ်စေဖို့ အတွက် ရေမှန်မှန် လောင်းပေးပါ။ အိုင်နေအောင် မလောင်းရ။ ၂-၅ ရက် ကြာတဲ့အခါ အပင်ညှောင့်လေး ပေါက်လာပါမယ်။

ပေါက်လာတဲ့အထဲက အသန်ဆုံး အကောင်းဆုံး ဖြစ်မယ့် အပင်ကိုချန်ပြီး ကျန်တဲ့ အပင်တွေကို နှုတ်ပစ်ပါ။ လေရတဲ့ နေရာနဲ့ နေရောင်အနည်းငယ်ရတဲ့နေရာမှာ ထားပါ။ ရေမှန်မှန်လောင်းပေးပါ။