ကော်ဖီတစ်နေ့ သုံးခွက်သောက်ခြင်းက ... - Kharann Media

Breaking

ကော်ဖီတစ်နေ့ သုံးခွက်သောက်ခြင်းက ...

ကော်ဖီကိုတစ်နေ့ သုံးခွက်လောက် ပုံမှန်သောက်သုံးသူတွေမှာ Hepatocellular carcinoma, HCC လို့ခေါ်တဲ့ အသည်းကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်းကို၅၀% လျော့ ကျနိုင်တယ်ဆိုတာကို သုတေသန တစ်ရပ်မှာ ဖော်ပြထားပါတယ်။

အသည်းကင်ဆာ HCC ဟာ အဖြစ်အများဆုံး အသည်းကင်ဆာ ရောဂါပုံစံဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ မီလန်တက္ကသိုလ်မှ သုတေသီ Dr.Carlo Vecchia က “ကော်ဖီရဲ့ အသည်းကင်ဆာအပေါ် ကာကွယ် နိုင် မှုဟာ ကော်ဖီက ဆီးချိုသွေးချိုရောဂါကို ကာကွယ်နိုင်တယ်ဆိုတဲ့ သက်သေပြချက်အပြီးမှာ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

ဆီးချိုသွေးချိုကလည်း အသည်းကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံ (risk factor) တစ်ခုဖြစ် ပါတယ်”လို့ပြော ကြားထားပါတယ်။

ဒီလေ့လာမှုကို ၁၉၉၆ခုနှစ်ကနေ ၂၀၁၂ခုနှစ်အထိ ပြုလုပ်ခဲ့ပြီး လူဦးရေစုစုပေါင်း ၃၁၅၃ဦးကို အရည် အသွေးမြင့် လေ့လာမှုစနစ်(high-quality studies)်ကို အသုံးပြုပြီး ကော်ဖီသောက်ခြင်းက အသည်း ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေနိုင်ခြင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါဟာကော်ဖီမှာပါဝင်တဲ့ flavonoid က အသည်းအင်ဇိုင်းတွေ အပေါ်မှာ သက်ရောက်မှု၊ အသည်းကင်ဆာကို ဖြစ်ပွားစေနိုင်တဲ့ အသည်း ခြောက်ရောဂါကို ကာကွယ်နိုင်မှုတွေ ကြောင့်ဖြစ်တယ်လို့ Dr.Carlo က ရှင်းပြထားပါတယ်။

ဒီလေ့လာမှုကို Journal of Clinical Gastroenterology and Hepatology မှာ ဖော်ပြထားပါတယ်။

_____________
ငြိမ်းအေး
Health Updates Journal