ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်ရင် ဒီအချက်(၇)ခုကို လုပ်ဆောင်ပါ - Kharann Media

Breaking

ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်ရင် ဒီအချက်(၇)ခုကို လုပ်ဆောင်ပါ




သင့်အနေနဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လုပ်ဆောင်ရမယ့် နည်းလမ်းတစ်ချို့ရှိပါတယ်။ ဒီနည်းလမ်းတွေနဲ့ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ထူးခြားတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး အနာဂတ်မှာ ခေါင်းဆောင်ဖြစ်ဖို့ သေချာပါတယ်။

၁။ အဖွဲ့အစည်းလိုက် ဆောင်ရွက်တတ်ပါစေ။
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အဖွဲ့အစည်းကို ဦးစားပေးစိတ်ဓာတ်ရှိပြီး ပူးပေါင်းဆောင်ရွက်တတ်ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့အဖွဲ့အတွင်းမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ အလုပ်တွေကို ကူညီဆောင်ရွက်ပေးပါ။

၂။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဦးဆောင်ပါ။
ခေါင်းဆောင်ဆိုတာက သတ်မှတ်ထားမှ ဖြစ်တာမဟုတ်ပါဘူး။ အနည်းငယ်ခက်ခဲနိုင်ပေမယ့် သင့်ကို ခေါင်းဆောင်တစ်ယောက်အဖြစ် သတိပြုမိနိုင်ဖို့အတွက် လုပ်ရမှာက ဦးဆောင်နိုင်စွမ်းရှိဖို့ ပဲဖြစ်ပါတယ်။ ပြောဆိုဆက်ဆံမှု အရည်အချင်းကောင်းမွန်ပြီး အခြားသူတွေမလုပ်ချင်တဲ့ ခက်ခက်ခဲခဲအလုပ်တွေကို တာဝန်ယူခြင်းက ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံစံဖြစ်ပါတယ်။

၃။ ကျွမ်းကျင်သူဖြစ်ပါစေ အရည်အချင်းသစ်တွေကို လေ့လာသင်ယူပါ။
လက်ရှိနေရာမှာ အကောင်းဆုံးလုပ်နိုင်မယ်ဆိုရင် ခေါင်းဆောင်နိုင်သူတစ်ယောက်အဖြစ် သတိပြုခံရဖို့ လွယ်ပါတယ်။ ဒါ့အပြင် အလုပ်နဲ့ပတ်သက်ပြီး နောက်ထပ်အသုံးဝင်နိုင်တဲ့ ပညာတွေ၊ အရည်အချင်းတွေကို ထပ်ပြီးလေ့လာထား၇မှာ ဖြစ်ပါတယ်။ သင့်အလုပ်နဲ့ပတ်သက်တဲ့ နောက်ဆုံးတိုးတက်မှု အချက်အလက်တွေကိုလည်း သိရှိနေပါစေ။

၄။ ဝေဖန်အကြံပြုမှုတွေကို လက်ခံပါ၊ တိုးတက်မှုအတွက် အသုံးချပါ။
သင့်ရဲ့ အထက်လူကြီးဆီကနေ သင့်နဲ့ပတ်သက်တဲ့ အကြံပြုချက်တွေကို တောင်ဆိုးပါ။ ဒီလိုလုပ်တဲ့နေရာမှာ အခက်အခဲအနည်းငယ်ရှိနိုင်ပေမယ့် သင့်ရဲ့လက်ရှိအခြေအနေနဲ့ ရပ်မနေဘူးဆိုတာနဲ့ အလုပ်မှာတိုးတက်ဖို့၊ အမှားတွေကနေ သင်ခန်းစာယူဖို့ ဆန္ဒရှိနေတယ်ဆိုတာကို ပြသနိုင်ပါတယ်။ သင့်အနေနဲ့ ဝေဖန်ခံရရင် ဒါမှမဟုတ် အမှားလုပ်မိရင် ဝေဖန်ပြစ်တင်မှုကို လက်ခံလိုက်ပါ။ နောက်တစ်ခါ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို သင့်အထက်လူကြီးဆီကနေ နာခံပါ။

၅။ ဝယ်သူတွေရဲ့ လိုအပ်ချက်ကို နားလည်ကြောင်း ပြသပါ။
သင့်လုပ်ကိုင်နေတဲ့ လုပ်ငန်းထဲက ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတွေအကြောင်းကို ကောင်းကောင်းသိထားပြီး တိုးတက်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေရမှာ ဖြစ်ပါတယ်။ ဝယ်သူတွေနဲ့ ဆက်ဆံနိုင်တဲ့အချိန်တိုင်းကို အခွင့်အရေးအဖြစ်အသုံးချပြီး သူတို့ရဲ့လိုအပ်ချက်နဲ့ သဘောထားတွေကို လေ့လာပါ။

၆။ ပြောဆိုဆက်သွယ်မှု ကောင်းမွန်အောင် လေ့လာသင်ယူပါ။
ခေါင်းဆောင်ဖြစ်ချင်တဲ့သူတွေဟာ အပြောအဆိုနဲ့ အရေးအသားပိုင်းမှာ ကောင်းမွန်ဖို့ လိုပါတယ်။ ပြောချင်တဲ့စကား၊ ဆိုလိုချင်တဲ့အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားလည်အောင် ပြောဆိုရေးသားနိုင်စွမ်းရှိအောင် လေ့လာသင်ယူပါ။ ယုံကြည်မှုရှိရှိနဲ့ တိတိကျကျပြောဆိုပါ။ စိတ်ခံစားမှုနဲ့ ပြောဆိုတာမျိုး မလုပ်ပါနဲ့။

၇။ ကိုယ်ကျိုးထက် အဖွဲ့အစည်း ကောင်းကျိုးကို ဦးစားပေးလုပ်ဆောင်ပါ။
လုပ်ငန်းခွင်ထဲက အထက်လူကြီးတွေဟာ အလုပ်နဲ့ အဖွဲ့အစည်းပေါ်ကို သစ္စာစောင့်သိပြီး အကျိုးရှိအောင် ကြိုးစားလုပ်ဆောင်ပေးချင်သူတွေကို မျက်စိကျတတ်ပါတယ်။ ဒါ့ကြောင့် အလုပ်နဲ့ အဖွဲ့အစည်းရဲ့ အကျိုးကို ရှေးရှုလုပ်ဆောင်ပါ။ လုပ်ဆောင်ချက်ကြောင့် မျက်နှာရစရာရှိရင် အားလုံးကိုမျှပေးပါ။ တစ်ယောက်တည်း နာမည်ကောင်းမယူပါနဲ့။