စိုက်ပျိုးရေး ဝါသနာပါတဲ့ညီငယ်တို့ မြေအခက်အခဲကြောင့် အိမ်ခြံဝိုင်းထဲမှာ သရက်ပင် (၁)ပင်စ (၂)ပင်စ စိုက်ထားတာပဲဖြစ်ဖြစ်၊ စီးပွားဖြစ်သရက်ခြံကြီး စိုက်ထားရင်ပဲဖြစ်ဖြစ် အပင်သန်မာ အသီးလှိုင်တာကို လိုချင်မှာပေါ့။ နည်းပေးလိုက်မှာ လွယ်လွယ်လေးပါ။
သရက်ပင်အောက် ပတ်ပတ်လည်မြေကြီးမှာ ချိုင့်ခွက်တွေ၊ ကျင်းတွေတူး (အမြစ်တွေမနာစေနဲ့)ပေးပြီး (၁)ပတ်(၁)ကြိမ် ရေဝအောင် မှန်မှန်သွင်းပေးရင် နှစ်စဉ်အသီးထွက်လှိုင်လာပါမယ်။ ဒါ့အပြင် ပိုးမစား၊ ကိုင်းမကျိုးတဲ့ အကျိုးကျေးဇူးတွေပါ ခံစားရပါမယ်။
နောက်ပြီး အပွင့်မပွင့်မီ (၁)လအလိုလောက်မှာ အပင်အောက်က မီးခိုးမှိုင်းတိုက် (အပူရှိန်မများစေနဲ့) ပေးရင်
အပွင့်ကောင်းပြီး သီးကင်းကြွေတာနည်းတယ်။ သရက်ပင်ကို အကောင်းဆုံးသော ပိုးကာကွယ်နည်းကတော့ ဆန္ဒန်ဆင်မင်းဇာတ်ထဲက ဇာတ်ပို့တစ်ကောင်ဖြစ်တဲ့ ခါချဉ်ကောင်ကိုသာ သရက်ပင်မှာမွေးလိုက်။ အင်ကြင်းပန်းထဲက ခါချဉ်ကောင်ဟာ စူဠသုဘဒ္ဒါက ဆန္ဒန်ဆင်မင်းကို ဘဝဆက်တိုင်း အငြိုးထားစေတယ်နော် ဟဲဟဲ။ ဘာပဲပြောပြော ညီငယ်ရဲ့သရက်ပင်ပေါ် ခါချဉ် (၁)အုံ လောက်ရှိနေတာဟာ ပိုးသတ်ဆေးစက်ရုံကြီးပေါင်း (၁၀) ရုံထက်စွမ်းတယ်လို့ မှတ်ပါ။ တစ်ခုတော့ရှိတယ် သရက်သီးခူးချိန်မှာ စူဠသုဘဒ္ဒါဖြစ်တတ်တာလေးတော့ သည်းခံပေါ့။
ကောက်ကြောင်း