ငှက်ပျောပင်နဲ့ပတ်သက်တာလေးတွေ - Kharann Media

Breaking

ငှက်ပျောပင်နဲ့ပတ်သက်တာလေးတွေ

 "ငှက်ပျောကဆုန်၊ ဘူးနယုန်"   တဲ့။

အသီးမှာအစေ့မပါအောင်..
ငှက်ပျောကို မိုးဦးကျမှာ သားတက်ခွဲပြီး စိုက်ရတဲ့ အပင်မျိုးပါ။ သားတက်ရဲ့ခေါင်းက အမြစ်ပွားလေးတွေကို
ပြောင်အောင် ကတုံးရိတ်ရမယ်။ ဒီလိုမလုပ်ရင် အသီးမှာ အစေ့ပါတတ်တယ်။ 
 
ငှက်ပျောဖူးခုတ်တဲ့အခါ..
ငှက်ပျောခိုင်ထွက်လာပြီးလို့ ငှက်ပျောဖူးကို စားဖို့အတွက် လူအများစုကအဖူးချိုးပြီး ဒီအတိုင်းထားလိုက်တာ မှားတယ်။ ချိုးလိုက်တဲ့နေရာက ထွက်နေတဲ့ အစေးတွေဟာ အသီးကိုအားပျော့သွားစေတယ်။ အသီးမထွားဘူးပေါ့။ ဒီတော့ အဖူးချိုးပြီးတဲ့ ရိုးတံထိပ်မှာ အစေးတိတ်သွားအောင်လုပ်သင့်တယ်။ လုပ်နည်းအမျိုးမျိုးထဲမှာ သံပြားကိုအပူပေးပြီး ရိုးတံထိပ်မှာ ကပ်လိုက်တာပါပဲ။
 
ငှက်ပျောခိုင်ခုတ်တဲ့အခါ..
ငှက်ပျောခိုင်ခုတ်ဖို့ ပင်စည်ပိုင်းတဲ့အခါ အလွယ်တကူဘဲ ပင်စည်အလယ်က ပိုင်းလိုက်ကြတာပါပဲ။ ဒါဟာ ဖြတ်လိုက်တဲ့အဖျားပိုင်းကနေပုပ်ပြီး ပိုးဝင်တယ်။ ပြီးတော့ အခြားပင်တွေကို ကူးစက်စေတဲ့အတွက် အရင်းကနေဘဲ ပိုင်းသင့်ပါတယ်။
 
ငှက်ပျောသီးအစိမ်းကို မြန်မြန်မှည့်အောင်..
* သေတ္တာထဲထည့်၊ 60Wမီးလုံးတစ်လုံး တစ်ညလုံးထွန်းရင် မှည့်မြန်တယ်။ 
* ပလပ်စတစ်အိတ်အထူထဲ အခိုင်လိုက်ထည့်ပိတ်ပြီးလည်း အမှည့်မြန်စေတယ်။ 
* အခိုင်ကို အိမ်သုံးဆားနည်းနည်းထည့်ပက်ပေးပြီး မြွေရေခွံအိပ်ထဲသွပ်ထားရင် ၂/၃ ရက်အတွင်းပဲ မှည့်စေတယ်။

ကောက်ကြောင်း