အကိုင်းမြေထုပ်စည်း မျိုးပွားနည်း - Kharann Media

Breaking

အကိုင်းမြေထုပ်စည်း မျိုးပွားနည်း

(၁) အခေါက်ပျော့ရှိသောအပင်များ၊ မနုလွန်း၊ မရင့်လွန်း၊ မကြီးလွန်း၊ မသေးလွန်းသည့် တစ်နှစ်သားခန့်ရှိသော အကိုင်းများဖြစ်ရမည်။

(၂) ကိုင်းဖျားမှ ( ၈” ) မှ ( ၁၂” )အကြား နေရာများသည် မြေထုပ်စည်းရန်အတွက် အကောင်းဆုံးဖြစ်၏။

(၃) သံချေးကင်းပြီး ထက်ရှသောဓါးဖြင့် ထိုနေရာတွင် မျက်နှာပြင်ဗျက် ( ၁” )အကျယ်ရအောင် ကိုင်းတစ်ပတ်လည်၏ အခေါက်ကို ခွာ(လွှာ)ပါ။

(၄) ထိုနေရာတွင် ကြိုတင်စီမံထားသောမြေ(ဓါတ်မြေသြဇာမထည့်သင့်)ဖြင့် ပတ်လည်အုံပေးပြီး အုန်းဆံဖတ် သို့မဟုတ် ချည်ထည်ပိတ်စကျဲအုပ်ပြီး ပုံပါအတိုင်းစည်းနှောင်ပါ။

(၅) စည်းနှောင်ထားသောမြေထုပ်များ အစဉ်အစိုဓါတ်ရှိနေရန် လိုအပ်သည်။

(၆) မြေထုပ်စည်းရန်အတွက် အကောင်းဆုံးအချိန်သည် ယေဘူယျအားဖြင့် သစ်ရည်တက်ချိန် သို့မဟုတ် ရွက်နုထွက်ချိန် တန်ခူး၊ ကဆုန်လများဖြစ်သည်။
 
(၇) အကိုင်းမှအမြစ်များထွက်လာပါက တနေ့လျှင်နဲနဲချင်းဖြင့် ဖြတ်ထုတ်ပြီးမှ မြေပြင်ထားရာတွင် စိုက်ပျိုးသင့်ပါသည်။

ကောက်ကြောင်း