ကိုင်းဆက်သရက် မျိုးပွားရအောင် - Kharann Media

Breaking

ကိုင်းဆက်သရက် မျိုးပွားရအောင်

အမျိုးမတူတဲ့  သရက်နှစ်မျိုးကို ကိုင်းဆက်ကြရအောင်။ 
ကြိုက်တဲ့ သရက်မျိုးစေ့ကို ပလပ်စတစ်အိတ်နဲ့ပျိုးထောင်ပါ။ အပင်ပေါက်အမြင့် ၁၈"လောက်ရောက်ရင် အပင်တစ်ဝက်လောက်မှာ ဖြတ်လိုက်ပါ။ ဖြတ်ရာကနေ အောက်ဖက် ၁" အထိကို ဓါးပါးပါးထက်ထက်လေးနဲ့ စောင်းစောင်းလေးလှီးထားလိုက်ပါ။ 
 
သရက်ပင်ကြီးက သရက်ကိုင်းတစ်ကိုင်းရွေးပါ။  အဲဒီအကိုင်းရဲ့ လုံးပတ်ဟာ ပျိုးထုပ်ရဲ့ပင်စည်နဲ့ ညီပါစေ။ အဲဒီလက်ခံပင်ရဲ့ကိုင်းက ၈" နေရာလောက်မှာလည်း ၁" လျှာကွက်ဖြစ်အောင် လှီးလိုက်ပါ။ ပြီးရင် မြေထုပ်ရဲ့လှီးထားတဲ့ ပင်စည်မျက်နှာပြင်နဲ့ အပင်ကြီးကိုင်းကမျက်နှာပြင်ကို အံကျအောင်သေချာပူးကပ်ပြီး Uni-tape တိပ်အကြည်နဲ့ လုံလုံပတ်လိုက်ပါ။ အကိုင်းမှာမြေထုပ်က လေးနေတယ်ဆိုတော့ မြေထုပ်ကိုကြိုးနဲ့ဆိုင်းပြီး အပင်ကြီးကိုင်းမှာ ချည်ထားလိုက်ပေါ့။

ကိုင်းချင်းပေါင်းစပ်ပြီး ကျီးပေါင်းတက်ဖို့အချိန် တစ်လလောက် ကြာတတ်ပါတယ်။ ကျီးပေါင်းတက်ပြီး ဆက်သွားတဲ့နေရာရဲ့ အောက်ဖက် ၁.၅"လောက်မှာ တိတိရိရိဖြတ်လိုက်ပြီး မြေချစိုက်ရမှာဖြစ်တယ်။ 
 
ဒီနည်းဟာ သရက်မျိုးကောင်း၊ မျိုးသစ်တွေ ရနိုင်တဲ့အတွက် အလေးထားလုပ်သင့်တယ်လို့ ထင်ပါတယ်။

ကောက်ကြောင်း