နွေရာသီမှာ ဘူးပင်စိုက်မလား - Kharann Media

Breaking

နွေရာသီမှာ ဘူးပင်စိုက်မလား

          "ဗူးသီးမှအရီးတော်"
          "ဗူးသီးစင်ခံ လင်ကောင်းမှစံ"
          "ဗူးဆို ဖရုံမသီး"
          "ဗူးလေးရာ ဖရုံဆင့်"     
 
နွေမှာစိုက်ဖို့ကျင်း အကျယ် ၂.ပေ x အနက် ၂.ပေကို မိုးအကုန်ဆောင်းအကူးထဲကတူးထားပြီး သစ်ရွက်
ခြောက်တွေ မြေဆွေးတွေထည့်ပြီး မြေနှပ်ထားဘို့လိုပါတယ်။ စိုက်ဖို့တစ်ပတ်အလိုမှာ နှမ်းဖတ်အမှုန့် ဒါမှမဟုတ် ဆန်ကွဲသင့်သလိုထည့်ပြီး ရေလောင်းနှပ်ထားပါမယ်။
 
အစေ့တိုက်ရိုက်မြုပ်စိုက်မယ်ဆိုရင်တော့ အစေ့ကောင်းကောင်းတွေကို ရေတစ်ညစိမ်ပြီး ပြင်ထားတဲ့ကျင်းမှာ၂"အနက်မြုပ်ပြီးစိုက်ရပါမယ်။ ပျိုးထောင်စိုက်ဖို့ဆိုရင်တော့ မစိုက်ခင် တစ်လကြိုပြီး ပျိုးထောင်ပါ။ ပျိုးသက်တစ်လသားရှိတဲ့ ရွေ့စိုက်ရမယ့်အပင်ရဲ့အမြစ်ပိုင်းမြေတွေကို လင်းနို့ချေးနည်းနည်း သုတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
 
မြေကျင်းပြင် ကြိုတင်ပြင်ထားခြင်းမရှိရင်တော့ ချက်ချင်းကျင်းတူးပြီး မြေဆွေး၊ မြေကျက်တွေနဲ့အတူ ပုလဲဓါတ်မြေသြဇာ ဗူးဝက်ခန့်ကို မြေစာပြန်ဖြည့်ပြီးတဲ့ ကျင်းနှုတ်ခမ်း ပတ်လည်မှာ ထည့်ပေးပါ။
 
ရေအလွန်ကြိုက်တယ်ဆိုပေမယ့် အပင်ရင်းမှာရေအမြဲဝပ်နေရင် အမြစ်ပုပ်ပြီးသေတတ်တယ်။ ခေါင်ညွန့်ကလွဲပြီး မသန်တဲ့ဘေးတက်တွေကို ဖြတ်ပေးမှအသီး ပိုတင်တတ်ပါတယ်။ အရွက်ကြမ်းကြီးတွေကိုလည်း တတ်နိုင်သလောက်ချွေပေးသင့်တယ်။ 
 
တချို့က အပင်ခြေရင်းကနေ၈"အကွာက မြေသားလေးနည်းနည်းယက်ပြီး ဆန်ကွဲနို့ဆီဗူး ၂ လုံးစာထည့်ဖုံးပြီး အသီးပိုတင်စေကြပါတယ်။ တချို့က တီဆူပါနဲ့ ပုလဲ ဓါတ်မြေသြဇာနှစ်မျိုးကိုရေဖျော်ပြီး အပင်ရင်းရဲ့ ၈"ပတ်လည်မှာ လောင်းကြပါတယ်။

ကောက်ကြောင်း