နည်းစနစ်ကျတဲ့ အမြစ်ပွားကိုင်းကူးနည်း - Kharann Media

Breaking

နည်းစနစ်ကျတဲ့ အမြစ်ပွားကိုင်းကူးနည်း


မာလကာ၊ သံပုရာ၊ ရှောက်၊ ကျွဲကော၊ လိမ္မော်၊ နှင်းသီး စသည့် ကိုင်းကူးရသည့်အပင်များ။

လိုအပ်ပစ္စည်းများ-
ခဲတံချွန်ဓား၊ အုန်းသီးခွံအတွင်းသား၊ ပလပ်စတစ်၊ နှီး၊ ရွှံ့စေး၊ အမြစ်ဆေး။

ကိုင်းကူးခြင်းကို မိုးရာသီတွင်ပြုလုပ်ပါ။ ကူးမည့်ကိုင်းနေရာ အရွက်နည်းနည်း ရှင်းလိုက်ပါ။ ကိုင်းမှာ အဆစ်နေရာရွေးပါ။ အမြစ်သည် အဆစ်မှသာထွက်ပါသည်။

အဆစ်အောက်နားမှ ဓါးနှင့် ရစ်ပတ်လှီးပါ။ နောက်အောက်မှ လက်မဝက်အကွာ ထပ်ရစ်ပါ။ အပေါ်ရစ်မှအောက်ရစ်ထိ အခွံခွဲခွာလိုက်ပါ။ လက်သည်းဖြင့်ခွာပါ။ ဓါးဖြင့်မခြစ်ရ။

ရွှံ့စေးကို အမြစ်ဆေး (ဥပမာ-ဖာတီစတက်။ ကြာလေကောင်းလေပါ။ ချက်ချင်းသုံးလည်းရပါသည်။) နှင့်နယ်ပါ။ အမြစ်ဆေးနယ်ထားသောရွံစေးကို ဒဏ်ရာနှင့်အဆစ် လုံအောင်ကပ်ပါ။

ရေစိမ်ထားသော အုန်းသီးခွံကို ၁ လက္မခွဲခန့် အပိုင်းလေးတွေဖြတ်ပြီး ရွှံ့စေးကပ်ထားသောနေရာမှာ လုံအောင်ပတ်ပါ။ ပလပ်စတစ်အကြည် ထစ်ထပ်ပတ်ပါ။ အပေါ်အောက်နှီးဖြင့်စည်းပါ။ အနည်းဆုံး ၂၁ ရက်ကျော် စောင့်ပါ။ အမြစ်အဖြူလေးတွေထွက်လာမည်။ မဖြတ်ပါနှင့်။ အနီရောင်သမ်းမှဖြတ်ပါ။
ဖြတ်ပြီးကိုင်းများကို B1 ဖြင့် တစ်ညစိမ်ထားပါ။ နောက်နေ့မှ ပလပ်စတစ်ခွာ ပျိုးအိတ်ထည့်ပါ။

မြေစာတွင် သဲနှင့်ဖွဲပြာသာသုံးရပါမည်။ နွားချေး၊ ကြက်ချေးမပါစေရ။ ပျိုးပင်များ ထည့်ခါစ အနည်းဆုံးတစ်ပတ်ခန့် နေရိပ်တွင်သာထားရပါမည်။ပျိုးအိတ်တွင် အမြစ်များထွက်လာမှ အစာအိတ်သို့ပြောင်းပြီး ဆက်မွေးပါ။