ပင်အပ်မှို
ပင်အပ်မှို အရင်းပိုင်းကိုဖြတ်ပြီး လွှင့်မပစ်ဘဲ ဘယ်လိုပြန်စိုက်မလဲဆိုတာကို ပုံနှင့်တကွ ရေးသားဖော်ပြပေးထားတာမို့ လွယ်ကူစွာလုပ်ဆောင် နိုင်မယ်လို့မျှော်လင့်ပါတယ်။
အောက်ခြေအရင်းပိုင်းကိုမြင်ရပါလိမ့်မယ်။ တချို့ ရောင်းတဲ့နေရာတွေမှာ အဲ့လိုအရင်းပိုင်းမပါကြတာတွေလည်း ရှိတတ်တာကိုတွေ့ရပါတယ်။ အဲ့လိုဆိုစိုက်မရပါဘူး။

ဇလုံတစ်လုံးထဲ အုန်းဆံမှုန့်ထည့်ပါ။ မြေဆွေးအနည်းငယ်ထည့်ပြီးသမပါ။ ရေအနည်းငယ်ထည့်ပါ။ ရေများလို့မရပါ။ မြေအစိုဓာတ်ရရုံမို့ အနည်းငယ်သာ ထည့်ပေးပါ။
ရေအနည်းငယ်ထည့်ပြီး အားလုံးသမသွားအောင် မွှေပေးပါ။ ပျိုးမည့်အိုးတစ်လုံးယူပါ။ စပ်ထားတဲ့မြေထည့်ပါ
ပင်အပ်မှို အရင်းပိုင်းဖြတ်ထားတာယူပါ။ ပျိုးအိုးထဲက စပ်မြေထဲထိုးစိုက်ပေးပါ။ အပေါ်ယံကို စပ်ထားသောမြေထပ်ထည့်ပေးပါ။ မြေသားသိပ်သွားအောင် စပ်မြေတွေကို လက်ဖြင့်ခပ်ဖွဖွ ဖိသိပ်ပေးပါ။ ပျိုးအိုး အပေါ်နှုတ်ခမ်းဝကို ပလပ်စတစ်အပါးစဖြင့် ဖုံးအုပ်ပါ။ သရေပင်ဖြင့်စည်းပေးပါ။ ပလပ်စတစ်အနားစတွေကို ညီညာသွားစေရန် ကတ်ကြေးဖြင့်ဝိုက်ညှပ်ပါ။ အနားစကို ညှပ်ပြီးသွားရင် အေးမြပြီး အလင်းရောင်ကောင်းစွာရသောနေရာမှာ ထားပေးပါ။
၁၅ ရက်အကြာမှာ အပင်သစ်လေးတွေပွားထွက်လာကြပါပြီ။ ဖုံးအုပ်ထားတဲ့ ပလပ်စတစ်အပါးစကိုဖွင့်ကြည့်စဉ် မြင်ရပုံ။ ပလပ်စတစ်အပါးစကို ပြန်အုပ်ပါ။ သရေပင်ဖြင့် ပြန်ပတ်ချည်ပါ။
၂၀ ရက်အကြာ မှာ ခုလိုတိုးထွက်လာကြတာကို မြင်ရမှာပါ။
၂၅ ရက်အကြာ မြင်ရပုံံ
ကဲ! ထပ်မံခူးဆွတ် စားသုံးလို့ရပါပြီ။ စားပြီးရင်တော့ တစ်ဖန် ထပ်ပျိုးပေတော့ဗျာ။
အစားတစ်လိုင်း ကွီး Justin Aung Htike