ဂန္ဓမာပန်းအမျိုးမျိုးရှိပြီး စိုက်ပျိုးတဲ့အခါမှာတော့ အကိုင်းကို စိုက်ပျိုးလေ့ရှိပါတယ်။ ဂန္ဓမာပန်းပျိုးပင် တွေကို တစ် လခန့်ပျိုးထားပေးဖို့လိုပါတယ်။
ပျိုးမယ့်နေရာကလည်း လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကို သင့်တင့် မျှတစွာရရှိဖို့လည်း လိုအပ်ပါတယ်။ ဂန္ဓမာပန်းတွေဟာပူလွန်း၊ အေးလွန်း တဲ့ရာသီဥတုကို မနှစ်သက်ပါ။
မြေဆီ သြဇာထက်သန်တဲ့မြေတွေမှာ ပိုပြီး ဖြစ်ထွန်းပါတယ်။ ရေဝပ် တာကို မကြိုက်တဲ့အတွက် ရေဝပ်တဲ့မြေတွေမှာ စိုက်ဘောင်ဖော်ပြီး စိုက်ပျိုးဖို့လိုပါတယ်။တစ်ပင်နဲ့ တစ်ပင် (၆)လက်မကွာ စိုက်ပျိုးပေးရပါတယ်။
ဂန္ဓမာပန်း စိုက်ပျိုးတဲ့အခါမှာလည်း အရမ်ကြီးစိုက်စရာ မလိုပဲ တစ်လက်မလောက် မြေကြီးထဲကို ဝင်အောင် စိုက်ရင်အ ဆင်ပြေနိုင်ပါတယ်။
ရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ရေလောင်းပေးရ ပါတယ်။ ရေလောင်းတဲ့အခါမှာလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။
ရေလောင်းတဲ့ အရှိန်အရမ်းပြင်းရင် အရှိန်ကြောင့် မြေအောက်အနက်ကိုရောက်သွားရင် အပင်ကောင်းကောင်းမရှင်သန်နိုင်ပါ။
ဒါကြောင့် ရေကို ဖြည်းဖြည်းနဲ့ မှန်မှန်လောင်းပေးဖို့လိုပါတယ်။ အပင်တွေကောင်းကောင်းရှင်သန်ကြီးထွားကျန်း မာနေပြီး ပိုးမွှားရောဂါဒဏ်ခံ နိုင်အောင် စတင်စိုက်ပျိုးချိန်ကတည်းက အထူးဂရုစိုက်ဖို့လိုပါတယ်။
စိုက်ပျိုးပြီး (၁)လခွဲကြာတဲ့အခါ အဓိကလုပ်ဆောင်ပေးရမယ့် အခ်က္တစ္ခုကေတာ့ ပေါင်းရှင်း တဲ့လုပ်ငန်းဖြစ်ပါ တယ်။ ပြီးရင်အစာထပ်ပြီးကျွေးပေးရမှာဖြစ်ပါတယ်။
ဒါကြောင့် ကျွေးလိုက်တဲ့ အစာတွေကို ကြားထဲက ပေါင်းမြက်တွေလုယူမစားသုံးပဲ ပန်းပင်က အပြည့်အဝရအောင် ပေါင်းဂရု စိုက်ရှင်းဖို့ လိုအပ်ပါတယ်။
စိုက်ပျိုးပြီး (၃)လကျော်ကြာတဲ့အချိန်မှာတော့ အဖူးလေးတွေကို ချွေပေးရမှာဖြစ်ပါတယ်။ အဖူးခြွေတဲ့ လုပ်ငန်းဟာ ဈေးကွက်ဝင်တဲ့ ပန်းတွေရဖို့အတွက် အဓိကကျတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
(၄) လကျော်ကြာတဲ့ အခါ ဈေးကွက်ဝင်ရောင်းပန်းလှတဲ့ ပန်းတွေကို ခူးဆွတ်နိုင်ပြီဖြစ်ပါတယ်။
ဂန္ဓမာ ပန်းတစ်ခါစိုက်ရင် အနည်းဆုံး (၂-၃)ကြိမ်ခန့်အထိ ပွင့်လေ့ရှိသလို (၃)ကြိမ်မြောက်ပွင့်ပြီးရင် အပွင့် တွေသေးငယ်သွားတာကြောင့် ဖယ်ရှားပြီး ထပ်မံစိုက်ပျိုးဖို့ လိုအပ်ပါတယ်။
ဂန္ဓမာပန်းဟာ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ပြုစုပေးသလောက် ဝင်ငွေရစေတဲ့ ပန်းဖြစ်ပါတယ်။
စိုက်ပျိုးရေး နည်းပညာ
New