
အင်္ကျီအဖြူမှာ ချိုင်းချွေးကွက်၊ သံချေးကွက်လေးတွေဖြစ်နေရင် ရေ ၂ လီတာလောက်ကို အိုးကြီးတစ်လုံးနဲ့ ပွက်ပွက်ဆူအောင်တည်ပါ။ သံပုရာသီး သုံးလုံးကို အရည်ညှစ်ထည့်ပြီး၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပါ။ ဆပ်ပြာမှုန့် ခွက်သေးတစ်ခွက်စာရောထည့်ပြီး အင်္ကျီအဖြူတွေကို တစ်နာရီလောက် ထည့်စိမ်ထားပါ။ ပြီးရင် ပွတ်တိုက်လျှော်ဖွပ်၊ ရေစင်အောင်လျှော်ပြီး လှန်းလို့ရပါပြီ။ အစွန်းအထင်းတွေ ကျွတ်သွားတဲ့အပြင် ပိုပြီးဖြူဆွတ်တောက်ပြောင်စေပါတယ်။