ဆီးချိုသွေးတိုးအတွက် လက်တွေ့ပျောက် သဘာဝဆေး - Kharann Media

Breaking

ဆီးချိုသွေးတိုးအတွက် လက်တွေ့ပျောက် သဘာဝဆေး


ရုတ်တရက် သွေးတိုးနေတဲ့အခါမျိုးမှာ ခေါင်းမူးခြင်း၊ မျက်နှာအစ်မို့ခြင်း၊ ဇက်ကြောထိုးခြင်းများ ခံစားရပါတယ်။ သွေးပေါင်ချိန် အများကြီးတက်နေတာဟာ အသက်အန္တရာယ်ပေးနိုင်တဲ့အထိကို အန္တရာယ်ရှိပါတယ်။

ဒီလို မိမိကိုယ်ကို သွေးတိုးသည်ဟု သိသည်နှင့် တပြိုင်နက် ပုံမှန်ပြန်ဖြစ်အောင်လုပ်ဖို့ လိုပါတယ်။ အဲ့ဒီအတွက် ဆေးသောက်စရာမလိုဘဲ ကိုယ့်ရဲ့ အိမ်မှာရှိတဲ့ မီးဖိုချောင်ပစ္စည်းတွေနဲ့ ပြုလုပ်လို့ရပါတယ်။

၁။ သံပုယိုသီး (သို့) သံပုရာသီး

သံပုယိုသီး (သို့) သံပုရာသီးကို အရည်ညှစ်ပြီး ရေဖြင့်ဖျော်သောက်ပါ။ သွေးတိုးနေတဲ့အချိန်မှာ သောက်လျှင်လည်း သွေးပေါင်ချိန်ပုံမှန်ပြန်ဖြစ်အောင် လုပ်နိင်သလို……

သွေးတိုးရှိသူများအနေဖြင့်လည်းမနက်စာစားတိုင်းမှာ သောက်သုံးပေးခြင်းဖြင့် သွေးပေါင်ချိန် မတက်အောင် ပြုလုပ်လို့ ရပါတယ်။ အရည်ညှစ်ဖို့ အချိန်မရှိရင်တော့ အလုံးလိုက်သာ မြန်မြန်လေး ကိုက်စားလိုက်ပါ။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ သွေးလည်ပတ်မှုအတွက် အရမ်းကောင်းမွန်ပြီး ဒီလိုသွေးတိုးတဲ့အချိန်အပြင် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် အသက်ရှူကြပ်တဲ့အခါမျိုးမှာလည်း အသုံးပြုလို့ရပါတယ်။ နည်းလမ်းကတော့ ရိုးရှင်းပါတယ်။

ကြက်သွန်ဖြူ ၂ခုမှ ၄ခုကို ဝါးပေးရမှာပါ။ ဒီအတိုင်းဝါးမစားချင်ဘူးဆို ကြိတ်ပြီးမှ ရေဖြင့် မျှောချလည်းရပါတယ်။ သွေးတိုး၊ နှလုံးရောဂါရှိသူများ နေ့စဉ်ပုံမှန် ကြက်သွန်ဖြူ ၃ခုလောက် စားပေးတဲ့အကျင့်ကိုလည်း မွေးမြူထားသင့်ပါတယ်။

၃။ Baking Soda နှင့် ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်ဓါတ်တွေဟာ သွေးလည်ပတ်မှုကို များစွာ အထောက်အကူပေးပြီး သွေးပေါင်ချိန်တက်ခြင်းကို လျှော့ချပေးပါတယ်။

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းထဲသို့ ဆိုဒါမှုန့် လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံခန့် ထည့်မွှေပြီး သောက်ပါ။

တစ်နေ့ နှစ်ကြိမ် ပုံမှန် သောက်ပေးခြင်းဖြင့် သွေးတိုးခြင်းမှ ကာကွယ်နိုင်ပါတယ်။

shwe innle