
ဒီအချက်တွေနဲ့ ကိုက်ညီရင် အပျိုကြီး ဖြစ်မယ်လို့ မပြောဘူးနော်၊ ဒါမဲ့ အပျိုကြီး ဖြစ်နေသူတွေကတော့ ဒီအချက်တွေနဲ့ ကိုက်ညီနေတာ သေချာပါတယ်။
ကဲ… သင်ရော ဒီအချက်တွေထဲက ဘယ်နှစ်ချက်လောက်နဲ့ ကိုက်ညီ နေပြီလဲ ?
- ရည်းစားစကား ပြောခံရသည်ကို နှစ်သက်သော်လည်း အဖြေတောင်းလျှင်မူ ကတ်ကတ်လန် ရန်တွေ့တတ်ခြင်း
- imaginary boyfriend များထားပြီး အပြင်လောကတွင် မိမိစိတ်ကူး ထဲက ကောင်လေးသကဲ့သို့ ယောကျ်ားလေးများကို ရှာဖွေနေတတ်ခြင်း
- အဖေ နဲ့ အမေကို အလွန် တွယ်ကပ်ပြီး မိသားစုသာ မိမိဘဝဟု ကြွေးကြော်တတ်ခြင်း
- ရသမျှ ပိုက်ဆံ စားသောက်ရင်း၊ cosmetic များ အလွံအကျွံ ဝယ်ရင်းကုန်ဆုံးတတ်ပြီး ရည်းစားကို အနည်းငယ်မျှပင် မသဒ္ဒါခြင်း
- တိရိစ္ဆာန်များအား အလွန် ကြိုက်နှစ်သက်ပြီး ”ငါ အသက်ကြီးရင် ခွေးတွေ အများကြီး မွေးမှာ” ဟု မကြာခဏ ပြောဆိုတတ်ခြင်း
- TV series များ မနားတမ်းကြည့်ပြီး အိမ်ထဲမှ အိမ်ပြင်မထွက်ဘဲ ရက်သတ္တပတ် အတော်ကြာ အသက်ရှင် နေထိုင်တတ်ခြင်း
- crush ရှိလာခဲ့လျှင်လည်း crush ကိုပါ တခြား ယောကျ်ားလေးများနှင့် တန်းတူ မချေမငံ ဆက်ဆံတတ်ခြင်း
- independent woman ဟု ကြွေးကြော်ကာ ယောကျ်ားများ၏ အကူအညီ ရယူရခြင်း၊ စကားကို နွဲ့နွဲ့နှောင်းနှောင်း ပြောရခြင်းများကို ရှက်စရာ ကောင်းသည်ဟု ထင်ခြင်း
- အလှပြင်ရမည်ကို ပျင်းရိပြီး စာဂျပိုး ယောင်ယောင် စဆရက ယောင်ယောင် လုပ်တတ်ခြင်း
- စကားပြောလျှင် ဘုကလန့် ပြောတတ်ပြီး ချေးများ၊ ပါးစိပါးစပ် များတတ်ခြင်း
ကဲ… သင်ရော ဒီအချက်တွေထဲက ဘယ်နှစ်ချက်လောက်နဲ့ ကိုက်ညီ နေပြီလဲ ?