
ခရမ်းချဉ်သီးကို မြန်မာတို့တွေ ကြိုက်နှစ်သက်စွာ စားသုံးကြပါတယ်နော်။ အသားအရေလှတဲ့အပြင် ကျန်းမာရေအတွက်လည်း ကောင်းမွန်လို့ စားပေးသင့်တဲ့အသီးပါ။ သွေးကျတဲ့သူတွေအတွက်လည်း
အထူးသင့်တော်တာမို့ အိမ်မှာ အလွယ်တကူစိုက် အလွယ်တကူ ခူးစားလိုက်ရုံပဲပေ့ါ။
၁။ ခရမ်းချဉ်သီးတစ်လုံးကို လှီးလိုက်ပါ။ အစေ့မနာအောင် ဂရုစိုက်ပါ။
အထူးသင့်တော်တာမို့ အိမ်မှာ အလွယ်တကူစိုက် အလွယ်တကူ ခူးစားလိုက်ရုံပဲပေ့ါ။
၁။ ခရမ်းချဉ်သီးတစ်လုံးကို လှီးလိုက်ပါ။ အစေ့မနာအောင် ဂရုစိုက်ပါ။

၂။ မြေအိုး (သို့) ပုံးကိုယူပါ။ ပြီးရင် လေဝင်လေထွက်ကောင်းအောင် အပေါက်ဖောက်ပါ။ မြေဆီလွှာကောင်းတဲ့ မြေကြီးထည့်ပါ။ ဥပမာ သစ်ဆွေး၊ မြေဆွေး၊ မီးသွေးမှုန့်တို့ ရောပြီးထည့်ပါ။ စောစောက လှီးထားတဲ့ ခရမ်းချဉ်သီး အချပ်လိုက် မြေကြီးထဲမှာ ထည့်ပေးပါ။

၃။ အပေါ်က မြေဖုံးပေးပါ။ မြေ ပြန်ဖုံးရာမှာ အရမ်းကြီး ထူထူမဖုံးပါနဲ့။ အပင်အညှောင့်မထွက်နိုင်ဘဲ ဖြစ်နေပါမယ်။

၄။ တစ်နေ့တစ်ခါ ရေပုံမှန်လောင်းပေးရင် ၂ ပတ်အတွင်း အပင်ပေါက်လာပါလိမ့်မယ်။

၅။ အပင်တွေစုနေရင် အနည်းငယ်ပြန်ခွဲပြီး စိုက်ပေးပါ။ အိုးထဲမှာပဲ ဆက်ထားတာဖြစ်ဖြစ် အိမ်နောက်ဖေးမှာ ပြောင်းစိုက်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

Source: thriftyfun.com