
၁။ မြေဆွေးဆိုတာ သစ်ရွက်တို့ မြေနဲ့ အတူ ဆွေးမြေ့ရောနှောသွားသောမြေဟု ယေဘူယျ ခေါ်ရင်ရပါတယ်။
အာ့လို မြေဆွေးမရပါက သစ်ရွက်များဖုံးလွှမ်းခံရသောမြေကို အပေါ်ယံ သုံးလက်မထုလောက်လွှာ၍ ကီလို ၁၀၀လောက် ယူပါ။ (ဘိလပ်မြေ အိတ်တစ်လုံး ကီလို ၅၀ရှိပါသည်)
၂။ ဆန်ဆေးရည် ပထမဆေးသောရေကို ဗူး(သို့)မြေအိုးတွင် ထည့်၍ အနည်းဆုံး သုံးရက် ထားပါ။ ၇ လီတာမှ ၁၀လီတာ။
၃။ ထန်းလျက် အမည်း (အရက်ချက်ရာတွင်သုံး ) အမည်းမရပါက ရေသာ ထန်းလျက်၂၅ကျပ်သားလောက်ကို နှစ်လီတာလောက်ရအောင်ရေစပ်၍ကြိုပါ။ ဗူးထဲထည့်၍ သုံးရက်လောက် သိမ်းထားပါ။ မြေ ကီလို ၁၀၀လောက် အသုံးပြုရပါသည်။
၄။ နွားချေး လင်းနို့ချေး ကြက်ချေး ခိုချေး သင့်ရာ တိရိစ္ဆာန်ချေးကို ခြေထားပါ။ နှစ်ပြည်မှ လေးပြည့်အထိ ထည့်သုံးနိုင်ပါသည်။အလွယ်မရ မထည့်နဲ့ပေါ့။ဟောင်း/ သစ် နှစ်မျိုးလုံး သုံးလို့ရပါသည်။
ထို့ပြင် ပြာ နို့ဆီဗူး ၃ မွ ၅ ဗူး ၊ထုံး နို့ဆီဗူး ၂ မှ ၄ ဗူး ကြက်ဥ ဘဲဥခွံများညှက်စွာထောင်းထားပါ။
၂၀ မှ ၄၀ခြံ သစ်သီး အမှည့်လွန်များလည်း ခြေ၍ ထည့်နိုင်ပါသည် ။
ဥပမာ – သဘောင်္သီး၊ ပန်းသီး၊ နာနတ်သီး၊ ငှက်ပျော်သီး စေသာ အမှည့်လွန်သစ်သီး/ ပုပ် စသည်များ သင့်သလိုထည့်နိုင်ပါသည်။ မရက မထည့်ရုံသာ။
ဆွေးမြေ့နေသော မည်သည့်သစ်ရွက်မြေဆွေးမဆိုရပါတယ်။ ၂ပြည် မှ ၅ ပြည်ထိ ထည့်နိုင်ပါသည်။
ထိုစီမံထားသော အရာတို့ကို နှံ့အောင် သမ၍ ငှက်ပျောရွက်ဆိုလျှင် ပိုကောင်း အုပ်ပေးထားပါ။
မည့်သည့် အရွက်နှင့်မဆို တစ်ပတ် ဆယ်ရက်ခန့် အုပ်ပေးပါ။ ဆယ်ရက်ပြည့်လျှင် စိုက်ပျိုးရန် မြေရပါပြီ။ ထို သမ၍နှပ်ထားသောမြေအားပြန်လည် ရောမွှေသမ၍ လိုသလို စိုက်ပျိုးနိုင်ပါသည်။