ပြောင်းဖူးပင် စိုက်ပျိုးနည်း - Kharann Media

Breaking

ပြောင်းဖူးပင် စိုက်ပျိုးနည်း

စိုက်ပျိုးချိန်
မိုးရာသီ မေလ (၁၅)ရက် ဇွန်လပထမပတ်အတွင်းစိုက်ပျိုးရန်။ မိုးနှောင်းကာလ - မျိုးစေ့ကို မိုးရာသီတွင် ၂.၅ လက်မအနက်၊ ဆောင်းရာသီတွင် ၂-၂.၅ လက်မအနက်စိုက်ပြီး မြေကြီးဖြင့်ဖုံးပါ။ တန်းကြား ၂.၅ ပေနှင့် ၉ လက်မစိုက်ပါ။

မြေပြုပြင်ခြင်း
ထယ် ၁ စပ်၊ ထွန် ၂-၃ စပ်၊ နောက်ဆုံးမြေညှိခြင်း၊ မြေမပြင်ခင် သဘာဝမြေဩဇာကို တစ်ဧက လှည်း ၅-၁၀ စီး

မြေဩဇာကျွေးခြင်း
- တစ်ဧကနှုန်းထား ယူရီးယား ၅၆ ပေါင်၊ တီစူပါ ၁၁၂ ပေါင်၊ ပိုတက် ၅၆ ပေါင်ကို စိုက်ချိန်တွင်ကျွေးပါ။
- စိုက်ပျိုးပြီး ၁၅ - ၂၀ ရက်အတွင်း တစ်ဧက ယူရီးယား ၅၆ ပေါင် နှင့် ၃၅ - ၄၀ ရက်အတွင်း နောက်ထပ် ယူရီး ယား ၅၆ ပေါင်ကိုကျွေးပါ။