ကွမ်းရွက်စိုက်ပျိုးရာတွင် လိုအပ်သည့်အချက်များ - Kharann Media

Breaking

ကွမ်းရွက်စိုက်ပျိုးရာတွင် လိုအပ်သည့်အချက်များ

၁။ မြေခံအားကောင်းရမည်

ကွမ်းမစိုက်ခင်တခြားသီးနှံမစိုက်ပဲ ထယ်ရေးနက်နက်ထိုး သုံးလေးပြန်နေပူလှန်းမွေနှောက် အနားပေးသင့်ပါတယ်။

လတ်တလောကွမ်း ခရမ်းချဉ်စတဲ့ မြေနေရာမျိုး ချက်ချင်းပြန်မစိုက်သင့်ပါ (မြေကြီးထဲ မှိုဘတ်တီးရီးယားအကျွင်းကျန်များရှိနိုင်ပါသည်)။

မြစ်နှုံး (သို့)တခြားနေရာမှ မြေဆီလွှာကောင်းတဲ့ မြေသစ်တင်စိုက်ပိုကောင်းပါသည်။

ခြံမတည်ခင်ညီညာအောင်မြေကို ပြုပြင်ပေးပါ။ အနိမ့်မြင့် မရှိပါစေနှင့်။

ခြပေါတဲ့အရပ်ဒေသတွေ မြေပြုပြင်စဉ်ဖျူပါရန်ထည့် ပါ ။ ဝါးခြစားရင် လေမိုးဒဏ်မခံနိုင်ပဲ ခြံပြိုပါမည်။

အပင်စိုက်ကျင်းထဲသို့ ဘတ်တီးရီးယားသတ်ဆေး တမျိုးမျိုးထည့်ပါ ပိုတက်ဆီယမ် ဂျပ်ပဆင်လဲထည့်နိုင်ပါသည်။

၂။ မျိုးရွေးချယ်မှု မှန်ကန်ရပါမည်

ရောဂါကင်းတဲ့ခြံမှ ကွမ်းမျိုးဖြစ်ရမည်။ တစ်နှစ်သားအတွင်း ခြံသစ်ကဆိုပိုကောင်းသည်။

မီးစွတ် ဆီစွန်းမရှိစေရ တပင်ခြင်းတရုံခြင်း အတန်းတိုင်းစီစစ်ရပါမည်။ ရောဂါရှိအပင်ကို ဖြတ်တောက်ရှင်းထားခြင်း၊ အပင်အစားထိုးစိုက်ထားခြင်း၊ ရှိမရှိသိရပါမည်။ ကိုယ့်ခြံရောဂါအနည်းကျင်းရှိ မခိုးမခန့်လုပ်ပြီး မတိုးချဲ့သင့်ပါ စိတ်မချရပါဘူး။ရောဂါရှိခြံကနေ ဈေးချိုလို့ အလကားရလို့သွား မစိုက်ပါနဲ့ တခြားရင်းထားတာတွေပါ ဆုံးရှုံးပါမည်။

၃။ ကွမ်းခြံတည်လျှင်ပစ္စည်းအသစ်များကိုသာအသုံးပြုပါ

ဝါး အကာ အမိုး အသစ်ပဲအသုံးပြုပါ။ စိုက်ပျိုးရေးမိုးကာ အမိုးအတွက်လဲကောင်းပါသည်။ခြံဟောင်းက ဝါး အမိုးကာတွေက မှိုဘတ်တီးရီးယား တွေ ကပ်ပါလာနိုင်လို့ပါ။

၄။ ကွမ်းခြံ သန့်ရှင်းပါစေ

ပေါင်းမြက် အမှိုက်သရိုက် မရှိအောင်ဂရုစိုက်ပါ။

အပင်ငယ်စဉ် ပေါက်ရောက်မှုပိုများပါတယ် မနှုတ်ပဲအထူချည်းပြစ်မထားပါနဲ့ ပေါင်းမြက်ကနေ စုပ်စားပိုးတွေခိုအောင်းနိုင်သလို မှိုရောဂါများလဲဖြစ်ပွားနိုင်ပါတယ်။ ကွမ်းပင်လသားရလင်းစီးသွားရင် ပေါင်းမြက် မပေါက်နိုင်တော့ပါ ခြံသန့်ရှင်းပြီး လေဝင်လေထွက်
ကောင်းရပါမည်။

၅။ မလိုအပ်ဘဲ အစာအဟာရမကျွေးပါနဲ့

အပင်ငယ်စဉ်ဖြစ်ချင်ဇောနဲ့ ကွန်ပေါင်းကျွေး အားဆေးဖျန်းတာတွေမလုပ်ပါနဲ့ အဖြစ်မြန်တဲ့ကွမ်း ကအရိုးပွပြီး ရောဂါဝင် အကျမြန်ပါတယ် ။ကွမ်းကနှစ်ရှည်ပင်မျိုးနွယ် နှစ်သက်တမ်းရှည်မှ အကျိုးခံစားခွင့်များပါမည်။

၆။ မြေသစ်ကျွေးပါ

ကွမ်းပင်၆လသားတခါ ၁နှစ်သားတခါ အခါအားလျော် သလို အပင်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး မြေသစ်ကျွေးပေးပါ။

(နှစ်ဝါးခြားတပင်) လေးငါးပြီ မြေသစ်ကျွေးပါ လောင်းပြီး ပေါ်နေတဲ့အမြစ် အောက်ခြေအဆစ်တွေကို လက်နဲ့လိုက်ပြုပြင်ဖုံးပေးပါ ။ အပင်အဖြစ်များ ဆူနေပါပိုတက်ဆီယမ်ကျွေးပါ။

အခါအားလျော်စွာ ဂျက်ပဆင် (Quality) ကောင်း့တာအသုံးပြုပါ ထည့်ပါ အပင်နှစ်သက်တမ်းရ အဟာရလိုပါမှမိမိနှစ်သက်ရာ 15 R စတဲ့ကွန်ပေါင်းမြေသြဇာအသုံးပြုနိုင်ပါတယ်။

၇။ ရောဂါမကျရောက်အောင် ပြင်ဆင်ကာကွယ်ပါ

ပူနွေးစိုစွတ်တဲ့ ရာသီဥတုပဲကြိုက်ပါတယ်ရေငန်မကြိုက်ပါ ရေငတ်တာ အစိုဓာတ်များတာ မကြိုက်ပါဘူး။အထူးအဖြင့် အစိုဓာတ်များရင် ရောဂါဝင်ပါမည်။

မိုးရာသီ အထူးဂရုစိုက်ရပါမယ် ရေနှုတ်မြောင်း ကောင်းရပါမည်။မိုးဘယ်လောက်ရွာရွာ အောင့်မနေပဲတန်းထွက်သွားရပါမည် ကွမ်းပင်ရဲ့အရိပ်အနေထား အပူချိန်အနည်းများလဲ သိရပါမယ်။

မီးစွတ်ဆီစွန်း စဖြစ်လာလျှင်သတိထားပါ ကူးစက်မြန်ပါတယ်။ တွေ့စရောဂါရအရွက်တွေခူးပြစ်ပါ ထိသေ ပင်လုံးပြန့် ဘတ်တီးရီးယားသတ်ဆေးဖျန်းပါ ဆေးပတ်နီးပြီး ဆေးအုပ်စုလွဲဖျန်းပါ အရွက်ရောဂါစဖြစ်ပြီး မနိုင်မှအရိုးသွားဖြစ်ပါသည် ရိုးမဲဆစ်ပြုတ်ပျောက်တဲ့ဆေးမပေါ်သေးပါ။

၈။ စုပ်စားပိုး

နွေရာသီ တအားဆိုးပါသည် မိုးပိုင်းသိပ်မရှိပါ။

ရေမော်တာနဲ့ထိုးဖျန်းလဲသက်သာပါတယ် တမာပိုးသတ်ဆေး ဆေးရွက်ကြီးမှုန့်များလဲစိမ်ဖျန်းနိုင်ပါတယ်။ ပိုးမွှားမနိုင်ပါကကွမ်းပင်ရဲ့အလုပ်လုပ် နိုင်စွမ်းတွေလျော့ကျပါမည်။ အရွက်ဖားပြုတ်ကြောထပြီး ရောင်းတန်းမဝင်တော့ပါ မနိုင်တဲ့ခြံတွေ နှိမ်နှင်းရခက်တဲ့ပိုးများကိုလဲ နောက်ဆုံးပေါ်ဆေးအုပ်စုအသစ်တွေထွက်နေပါတယ် ဆေးဆိုင်တွေမေး၊စိုက်ပျိုးရေး ဝန်ထမ်းများနှင့်တိုင်ပါ ထိရောက်အောင် ဖျန်းပါ ဆေးကို စနစ်တကျသတိနှင့်ကိုင်တွယ်ပါ။

စည်းကမ်းလိုက်နာပါ။ဓာတုဗေဒ မှို ဘတ်တီးရီးယားသတ်ဆေး ဘိုင်အိုဇီဝ အော်ဂဲနစ် ဘာညာစတာတွေတော့ မိမိယုံကြည်နှစ်သက်လက်ခံနိုင်တဲ့ ဆေးကို သုံးစွဲပါလို့ပြောလိုပါတယ်။

မြေကောင်း ကွမ်းမျိုးကောင်း လိုအပ်ချက်မရှိ ခြံတည်စိုက်ပြီးရုံနဲ့မရသေးပါ လိုအပ်တဲ့ပြုစုစောင့်ရှောက်မှုတွေလဲပြုလုပ်ပေးရပါမယ်။

ကွမ်းခြံ ဘာဖြစ်နေ ဘာလိုနေတယ်ဆိုတာ သိရှိပြီး အနာနဲ့ဆေးကိုက်ဖို့အရေးကြီး လိုအပ်ပါတယ်။

နိုင်ငံအဝှမ်းဒေသစုံကွမ်းစိုက်ကြပါတယ် ရာသီဥတု မြေ ရေ မျိုး နည်းစနစ်တွေမတူညီကြပါ ကိုယ့်ဒေသနဲ့ကိုက်ညီမဲ့နည်းစနစ်ကို အသုံးပြုပါ ကိုယ်ပိုင်အတွေး လဲထည့်သုံးပါ များများလေ့လာပါလို့ အကြံပြုလို ပါတယ်။

ကွမ်းစိုက်တောင်သူများ အောင်မြင်ပျော်ရွင်ကြပါစေ
Cr d -     mzh