ဂေါ်ရခါးပင် စိုက်ပျိုးနည်း - Kharann Media

Breaking

ဂေါ်ရခါးပင် စိုက်ပျိုးနည်း

ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကို သားခွဲယူခြင်း စသည်ဖြင့်စိုက်ကြသည်။ တစ်ခါတရံ အကိုင်းဖြတ်ထိုးမျိုးပွား၍လည်း စိုက်ပျိုးနိုင်သည်။ 

စိုက်ပျိုးရာတွင် အသီးရင်းကို အသီးဖျားထက် အနည်းငယ်နိမ့်၍စိုက်ပါ။ အသီးကို မြေပေါ်တွင် အလျားလိုက်ချ၍ အစေ့ကို အပေါ်ဘက်တွင်ထားပြီး အသီးတစ်ဝက်ဖော်၍စိုက်ပါ။ အသီးကို အပင်ဖောက်နေစဉ် ရေမလောင်းရပါ။ အစေ့အပင်ပေါက်လာပြီးနောက် ရေကိုသင့်တင့်ရုံလောင်းပေးပါ။ 

တန်းကြားပင်ကြား စိုက်ရမည့်အကွာအဝေးမှာ (၄ x ၄)ကိုက် (၄) ကွက်ကြားဖြစ်သည်။ ရှမ်းပြည်နှင့် ပြင်ဦးလွင်မြို့များတွင် (၆ x ၆) ပေထား၍ တစ်နေရာတွင် (၂ - ၃)သီးထားကာ မြေပုံ၍ စိုက်ကြသည်။