
နံနံစေ့လေးတွေကို သနပ်ခါးတုံးလိုအတုံးတစ်ခုခုနဲ့ လှိမ့်ပါ။ ခွက်တစ်ခုခုထဲတည့်ပြီး ရေ တစ်ရက်စိမ်ထားပါ။ ရေကို သုံးကြိမ်လဲပေးပါ။ ပြီးရင် ဘောင်လေးဆွဲပြီး ကြဲပေးပါ။ ကောက်ရိုးလေးအပေါ်က ဖုံးပေးပါ။ အစေ့ကြဲပြီး သုံးရက်လောက် ရေပုံမှန်လောင်းပေးပါ။ (ကောက်ရိုးမဖယ်ရ)
အပင်လေးတွေထွက်လာရင် ရေကို လျှော့လောင်းပါ။ ရေအများကြီးလောင်းရင် ခါးရိရောဂါဖြစ်တတ်ပါတယ်။ ခါးရိရောဂါဖြစ်ရင် အပင်မရှင်တော့ပါ။ ၄၅ ရက်ပြည့်ရင် ရိတ်သိမ်းခူးဆွတ်ဖို့ အသင့်ဖြစ်ပါပြီ။ ၄၅ ရက်မပြည့်ခင် ရက် ၂၀၊ ၃၀ လောက်ဆိုလည်း ကိုယ်စားချင်ရင် ခူးစားလို့ရပါတယ်။