ဆေးလိပ်သမားများအတွက် နီကိုတင်းဓာတ် ရှင်းပေးမယ့် အသီးအရွက် ၉ မျိုး - Kharann Media

Breaking

ဆေးလိပ်သမားများအတွက် နီကိုတင်းဓာတ် ရှင်းပေးမယ့် အသီးအရွက် ၉ မျိုး


ဆေးလိပ်သောက်တဲ့သူတွေကို ဖြတ်လို့မရအောင် စွဲလမ်းစေတာက နီကိုတင်းဓာတ်ပါ။ ဆေးလိပ် စီးကရက် သောက်ရာကနေ ထွက်ပေါ်လာတဲ့ အဲဒီ နီကိုတင်းဓာတ်က ရှေးနှစ်ပေါင်း များစွာကတည်းက ယနေ့တိုင် လူတွေကို မူးယစ်စွဲလမ်းစေတဲ့အပြင် အာရုံကြောနဲ့ ကြွက်သားတို့ရဲ့ ဆဲလ်တွေ ပုံမှန် လှုပ်ရှားမှုကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။ ဆေးရွက်ကြီး မီးလောင်ရာကနေ ဖြစ်လာတဲ့ နီကိုတင်း ဓာတ်ကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်ကြောင့် ကျန်းမာရေး ထိခိုက်စေတယ်လို့ ဆေးပညာရှင်တွေက သက်သေအခိုင်အမာ ပြပေမယ့် လည်း လူတွေကတော့ ဆေးလိပ်ကို သောက်နေကြဆဲပါပဲ။ တချို့ဆို ဆေးရွက်ကြီးတွေကို ကွမ်းထဲ မှာတောင် ထည့်ငုံပြီး နီကိုတင်းကို စားသုံးနေတာ တွေ့နိုင်ပါတယ်။ အဲဒီလို ကိုယ်ခန္ဓာထဲက နီကိုတင်း ဓာတ်တွေ ဖယ်ရှားပေးနိုင်တဲ့ အသီးအရွက် ၉ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။


ပန်းဂေါ်ဖီစိမ်း
ဘရိုကိုလီလို့ ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် ဘီ ၅ နဲ့ စီ၊ ဘီ စတဲ့ ဗီတာမင်တွေ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် သင့်ရဲ့ ခန္ဓာကိုယ် အတွင်း အရေးကြီးတဲ့ လုပ်ဆောင်မှုတွေကို အားကောင်းစေ ပါတယ်။ ဗီတာမင် ချို့တဲ့နေရင်တော့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်တုံ့ပြန်မှုက အားကောင်းမှာ မဟုတ်ပါ။ ဘရိုကိုလီကို စားသုံးခြင်းဖြင့် ဗီတာမင် စီက ကိုယ်တွင်း အစာချက်လုပ်ငန်းနဲ့ ကြီးထွားမှု၊ စွန့်ထုတ်မှုတွေနဲ့ သက်ဆိုင်တဲ့ ဓာတုဇီ၀ ဖြစ်ပျက်မှုတွေကို ထိန်းညှိပေးတဲ့ အပြင် အဆုတ်ကို ဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ကာကွယ်ပေးပါတယ်။ ဘရိုကိုလီမှာ မျိုးစေ့ဗီဇ  NRF2 ပါဝင်ပြီး၊ ယင်းက အဆုတ်ရဲ့ သွေးကြော ဆဲလ်တွေကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။

လိမ္မော်သီး၊ ရှောက်သီးနဲ့ သံပရိုသီး
လိမ္မော်သီး၊ ရှောက်သီးနဲ့ သံပရိုတွေဟာ သံပရာမျိုးဝင် အပင်တွေ ဖြစ်ပြီး ယင်းတို့ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲက နီကိုတင်း ဓာတ်တွေကို လျော့နည်း ဖယ်ရှားပေးပါတယ်။ ပြီးတော့ ယင်းမှာပါတဲ့ ဗီတာမင် စီက ဆေးလိပ်သောက်သုံးတာက ဖြစ်လာတဲ့ နီကိုတင်း တောင့်တမှု၊ နီကိုတင်း အငမ်းမရ ဖြစ်မှုတွေ နည်းပါးလျော့ကျစေပါတယ်။

ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်မှာ ဖောလစ်အက်ဆစ် သို့မဟုတ် ဗီတာမင် ဘီ ၉ ပါဝင်ပြီး ဟင်းနုနွယ် စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲက နီးကိုတင်း ဓာတ်ကို ဖယ်ရှားပေးတယ် ဆိုတာ လူသိများပါတယ်။ နီကိုတင်းဓာတ် က ဆေးလိပ်သောက်သူများ ခံစားရလေ့ရှိတဲ့ အိပ်စက်တဲ့အခါ အသက် ပြင်းပြင်းရှုခြင်းကို အဟန့် အတားဖြစ်ပြီး၊ အသက်ရှူကြပ်စေ ပါတယ်။ ဖောလစ်အက်ဆစ်က အဟန့်အတား ဖြစ်စေတဲ့ နီကိုတင်းကို ရှင်းထုတ်ဖယ်ရှားတဲ့ အပြင် နီကိုတင်း စွဲလမ်းစိတ်ကို ဖြေဖျောက်ပေးပါတယ်။

ဂျင်း
ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်လာတဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို ဂျင်းက ဖယ်ရှားပေးပါတယ်။ ဂျင်းကို အစိမ်းလိုက် စားသုံးခြင်းဖြင့် နီကိုတင်း စွဲလမ်းစိတ်ကို ပြေလျော့စေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးတဲ့ အပြင် သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်တွင်း က နီကိုတင်းဓာတ် ဖယ်ရှားဖယ်ထုတ်ပေးဖို့ ဂျင်းက အကောင်းဆုံး ပါပဲ။

အနီရောင် ဘယ်ရီသီးအချဉ်များ
အနီရောင် ဘယ်ရီသီအချဉ်တွေက သင့်ခန္ဓာကိုယ်တွင်း သွေး လည်ပတ်မှု ပုံထက် ကောင်းမွန်စေတဲ့ အပြင် ကိုယ်တွင်း နီကိုတင်း ဓာတ်ကိုလည်း ဖယ်ရှား ရှင်းထုတ်ပေးပါတယ်။ နီကိုတင်းဓာတ် က သွေးထဲမှာပါတဲ့ သကြားဓာတ်ကို မြင့်မားစေပါတယ်၊ အနီရောင် ဘယ်ရီသီး အချဉ်တွေကတော့ နီကိုတင်းဓာတ် ရစေတဲ့ ဆေးလိပ် ‘ချင်ခြင်း’ ကို ပြေစေပါတယ်။

မုံလာဥနီ
ဆေးလိပ်သောက်ခြင်းက သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ ဗီတာမင် အေနဲ့ စီတွေကို လျော့ကျလာစေပါတယ်။ ကိုယ်ထဲမှာ ဗီတာမင် အေနဲ့ စီ နည်းပါး လျော့ကျနေမယ်ဆိုရင် နာဗ်ကြော ဆိုင်ရာဆဲလ်များ၊ သွေး လှည့်ပတ်မှုနဲ့ ဦးနှောက်ပုံမှန် လုပ်ဆောင်မှုတွေ ပျက်ယွင်း ထိခိုက်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင် အေနဲ့ စီ ပြည့်ဝစေဖို့ မုံလာဥနီကို စားသုံးပေးရပါမယ်။ သဘာ၀ ကိုယ်ခံအား ကောင်းစေတဲ့ အစားအစာ ဖြစ်သလို ရောဂါဘယတွေကိုလည်း ကာကွယ်ပေးပါတယ်။

သလဲသီး
ဆေးလိပ်သောက်ခြင်းဟာ နှလုံးခုန် မြန်စေပြီး၊ သွေးပေါင်ချိန် တိုးစေတဲ့အပြင် သွေးထဲမှာ အောက်စီဂျင် ပါဝင်မှု ကို လျော့ကျ စေပါတယ်။ အဲဒီလို မဖြစ်ရအောင် သလဲသီး စားသုံးပေးခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ သလဲသီး စားသုံးခြင်း ဖြင့် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး သွေးကြော အတွင်း သွေးနီဥ ပါဝင်မှုကိုလည်း များပြားစေပါတယ်။

ဂျုံစေ့များ
ဆေးလိပ်သောက်သုံးခြင်းက သင့်ရဲ့ သွေးကြောမျှင်တွေကို တင်းကြပ်စေပါတယ်။ ဒီလို သွေးကြောမျှင်တွေ တင်းကြပ်မှု မဖြစ်အောင် ဂျုံစေ့ဆန်တွေ စားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗီတာမင် အီး ဓာတ်ဆိုတာ ဂျုံစေ့ဆန်မှာ အများဆုံးပါဝင်ပြီး၊ ဗီတာမင် အီးက သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေတဲ့ အပြင် သင် အသက်အရွယ် ကြီးလာချိန် အထိ နှလုံးကို ဒုက္ခပေးတဲ့ ရောဂါ ဘယတွေကို ဖယ်ရှားပေးနိုင်လို့ပါပဲ။

ကိုက်လန်
ကိုက်လန်ဆိုတာ အံ့သြဖွယ် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး၊ ကိုက်လန် စားသုံးခြင်းအားဖြင့် ကင်ဆာရောဂါ ဖြစ်ပွားမှုကို တားဆီး ကာကွယ်ပေးပါတယ်။ ကိုက်လန်ဟာ အဆိပ်အတောက်တွေ ဖယ်ရှားပေးတဲ့ သဘာ၀ ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး သင့် ကိုယ်ခန္ဓာအတွက် မလိုအပ်တဲ့ အဆိပ်အတောက်နဲ့ နီးကိုတင်း ဓာတ်ကိုလည်း ဖယ်ရှားပေးပါတယ်။
__________________________________________
source : အေဘယ်လ် | ဧရာဝတီ
Mar 8.2016 | http://www.mymemo.cf/2016/03/post331.html