လုပ်ငန်းတစ်ခု စတင်ဖို့ ငွေမရှိဘူးလား - Kharann Media

Breaking

လုပ်ငန်းတစ်ခု စတင်ဖို့ ငွေမရှိဘူးလား

 ပြဿနာ မရှိပါဘူး။ ဒီနည်းလမ်း(၅)ရပ်ကို စမ်းကြည့်လိုက်ပါ။
သင်လုပ်ငန်းတစ်ခု စတင်ချင်တဲ့အချိန်မှာ ငွေအကြပ်အတည်း အကန့်အသတ် ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်တာကြောင့် သင့်မှာရွေးချယ်စရာ နည်းလမ်းတစ်ခုခု မရှိတာတော့ မဟုတ်ပါဘူး။ သင်သာ အရည်အချင်း၊ အလုပ်ကျင့်ဝတ်နှင့် မားကက်တင်းနည်းလမ်းကို သင့်တော်မှန်ကန်စွာ ပေါင်းစပ်မှုရှိမယ်ဆိုရင် အနည်းငယ်မျှသော ငွေနဲ့ လုပ်ငန်းတစ်ခု စတင်ဖို့ ဖြစ်နိုင်ပါတယ်။
Chirs Guillebeau ပြောကြားချက်အရ “စီးပွားရေးလုပ်ငန်း ပရောဂျက်တစ်ခု အောင်မြင်ဖို့ဆိုတာ အဲဒီလုပ်ငန်းဟာ အထူးသဖြင့် သင်ပြုလုပ်ဖို့ တက်ကြွစေတဲ့ လုပ်ငန်းဖြစ်ရပါမယ်။ အခြားသူတွေကို အထောက်အကူပြုနိုင်မယ့် သင့်မှာရှိတဲ့ အရည်အချင်းတွေအားလုံး အကြောင်းကို စေ့စေ့စပ်စပ် စဉ်းစားရာမှာ အကူအညီပေးပါတယ်။ အထူးသဖြင့်တော့ အဲဒီအရည်အချင်းတွေကို ပေါင်းစပ်ခြင်း အကြောင်းပါ။”
သင့်မှာ ငွေအနည်းငယ်မျှသာ ရှိတဲ့အခါ လုပ်ငန်းတစ်ခုစတင်ဖို့အတွက် ဒီရိုးရှင်းလွယ်ကူတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပါ-

1. တစ်ခုခုလုပ်ပါ။
ဟုတ်ပါတယ်။ တစ်ခုခုကို ပြုလုပ်ခြင်းဟာ ပေးသွင်းခြင်းမှာ အစအဦး ကုန်ကျစရိတ်တစ်ခုကို ဖြစ်စေပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို အဲဒီကုန်ပစ္စည်းများဟာ သူတို့ရဲ့အမှန်တကယ် တန်ဖိုးငွေထက် အဆများစွာနဲ့ ရောင်းချနိုင်ပါတယ်။ ဆုံးဖြတ်ချက် ချဖို့ကတော့ သင့်အလုပ်ပါပဲ။ ဒါပေမယ့် သင့်ရဲ့အိမ်တွင်း ရောင်းဝယ်ခြင်းကို အွန်လိုင်းမှာ ရောင်းချနိုင်တဲ့ နေရာတွေ များစွာရှိပါတယ်-
eBay သည် ကမ္ဘာတွင် အကြီးမားဆုံး အွန်လိုင်း ကုန်သွယ်မှု ဈေးကွက်နေရာများထဲမှ တစ်ခု ဖြစ်ပါသည်။ ၎င်း၏ ထိရောက်တွက်ချေကိုက်သော စတိုးဆိုင် ရွေးချယ်မှုများ၊ Paypal ဖြင့် အလွယ်တကူ ငွေသိမ်းယူခြင်းနှင့် ဝယ်ယူသူစိတ်ကြိုက်အထူးပြုလုပ်ထားသော စာရင်းပြုစုထားသည့် ရွေးချယ်စရာများသည် ပစ္စည်းများ ရောင်းချခြင်းအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေပါသည်။

2. တစ်ခုခုကို ပြန်လည်ရောင်းချပါ။
သင် တစ်ခုခု ပြုလုပ်ရန် ဆန္ဒမရှိလျှင် (သို့မဟုတ် သင်သည် ဖန်တီးနိုင်စွမ်း ရှိသော သူတစ်ယောက် မဟုတ်ဟု သင့်ကိုယ်သင် ယူဆလျှင်) များစွာသော စီးပွားရေးလုပ်ငန်းရှင်များသည် ပြုလုပ်ပြီးသား ကုန်ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းဖြင့်သာ ကြီးမားသော စီးပွားရေးလုပ်ငန်းများကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ကြပါသည်။ အမျိုးမျိုးသော နည်းလမ်းများ သို့မဟုတ် လမ်းကြောင်းများဖြင့် ပြုလုပ်နိုင်ပါသည်-
• အွန်လိုင်းစတိုးတစ်ခု တည်ဆောက်ပြီး သင့်အတွက် အော်ဒါများအားလုံးကို ဖြည့်ဆည်းပေးမည့် drop-shipping ကုမ္ပဏီများနှင့် ပြန်လည်ရောင်းချပါသည်။

3. သင်၏ဝန်ဆောင်မှုများကို ရောင်းချပါ။
ကနဦး အရင်းအနှီးမရှိဘဲ အနည်းငယ်မျှဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ဆောင်ရွက်ရန် နည်းလမ်းတစ်ခုသည် ထိတွေ့ကိုင်တွယ်၍ရသည့် ကုန်ပစ္စည်းတစ်ခုအား ရောင်းချသည့်အစား သင်၏ဝန်ဆောင်မှုများကို ရောင်းချပါ။ သင်၏နောက်ခံအကြောင်းနှင့် စိတ်ပါဝင်စားမှုများအပေါ် မူတည်၍ သင်ပေးစွမ်းနိုင်သော ဝန်ဆောင်မှုများစွာ ရှိပါသည်။
• သင်လုပ်ငန်းဆောင်ရွက်သည့် နမူနာများကို ပြသရန်၊ သင်၏အတွေ့အကြုံများကို စာရင်းပြုစုတင်ပြရန် နှင့် ကြည့်ရှုသူများကို ဆွဲဆောင်ရန် သင်၏လုပ်ငန်းနယ်ပယ်အကြောင်း သတင်းအချက်အလက် ပေးရန် website တစ်ခု ရှိလျှင်လည်း အသုံးဝင်ပါသည်။

4. သင်၏လိုအပ်သည်ကို ရရှိရန် ပစ္စည်းချင်းဖလှယ်ရောင်းဝယ်ပါ။
ကံဆိုးသည်မှာ ငွေကြေးတစ်ပြားတစ်ချပ်မျှ မရှိဘဲ လုပ်ငန်းတစ်ခု စတင်ရန် အလွန် ခက်ခဲပါသည်။ Elance နှင့် အခမဲ့ WordPress သို့မဟုတ် Wix website အသုံးပြု၍ အလွတ်စာရေးသားခြင်း လုပ်ငန်းတစ်ခုကို ဖန်တီးပြုလုပ်လျှင်တောင် အလုပ်လုပ်ရန် ကွန်ပြူတာတစ်လုံးနှင့် အင်တာနက် လိုအပ်ပါသေးသည်။ သို့သော် ငွေမရှိဘဲ သင်၏လုပ်ငန်းကို စတင်ရန်အတွက် သင်လိုအပ်သော အထောက်အပံ့များ ရရှိရန် နည်းလမ်းများ ရှိပါသည်-
• ဥပမာအားဖြင့် တစ်ပတ်ရစ် laptop တစ်လုံး သင် လိုအပ်နေကြောင်း သိရှိလျှင် ထိုအတွက် ပစ္စည်းချင်းဖလှယ်ရန် ကြိုးပမ်းပါ။ တစ်ပတ်ရစ် အီလက်ထရွန်းနစ် အထောက်အပံ့ပစ္စည်းတစ်ခု အတွက် website အသစ်တစ်ခု တည်ဆောက်ပါ။

5. အသုံးစရိတ် နည်းပါးသော ဝန်ဆောင်မှုများကို အကျိုးရှိရှိ အသုံးချပါ။
သင်၏စတိုင်နှင့် ကိုက်ညီသော ဒီဇိုင်းပညာရှင်တစ်ဦး သို့မဟုတ် ဝန်ဆောင်မှု ပံ့ပိုးသူတစ်ဦးအား ရှာဖွေတွေ့ရှိရန် ပြန်လည်ဆန်းစစ်ခြင်းများကို ခွဲခြားရွေးထုတ်ပြီး ယခင်က နမူနာများကို ကြည့်ရှုပါ။
သို့မဟုတ် ကုန်ကျစရိတ် အများအပြား မရှိဘဲ အခြား လိုအပ်သောပစ္စည်းများကို ရရှိရန် အကောင်းဆုံးနည်းလမ်းတစ်ရပ် ဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းသည် သင်လုပ်ဆောင်နေသည်များအတွက် စဉ်းစားဉာဏ်နှင့် စိတ်ထက်သန်ပြင်းပြမှုတစ်ခု လိုအပ်ပါသည်။ သင်ပျော်မွေ့သည့်အရာတစ်ခုခုအား လုပ်ဆောင်နေသည်ကို သင် သိရှိလျှင် အရာအားလုံးကို တစ်စုတစ်စည်းတည်း ပြုလုပ်ရန် နည်းလမ်းများကို သင် ပိုမို၍ ရှာဖွေတွေ့ရှိ လာပါလိမ့်မည်။
Ref: No Money to Start a Business?