Alone ဖြစ်နေတာလား? Lonely ဖြစ်နေတာလား? ဒီ၂ခုကြားမှာ ကွာခြားမှုရှိပါတယ် - Kharann Media

Breaking

Alone ဖြစ်နေတာလား? Lonely ဖြစ်နေတာလား? ဒီ၂ခုကြားမှာ ကွာခြားမှုရှိပါတယ်




ဒီကနေ့ ခေတ်ဟာ ဆက်သွယ်ရေးခေတ်ဖြစ်ပြီး Social media ကြီးစိုးထားတဲ့ ခေတ်ဖြစ်တာနဲ့ အညီ လူပေါင်းစုံ၊ ဒေသပေါင်းစုံက လူတွေနဲ့ အွန်လိုင်းကတဆင့် ထိတွေ့ နေကြရတဲ့ ခေတ်ကြီးပါပဲ။ ဒီခေတ်ကြီး မှာ လူတိုင်းနီးပါးကအပြင်သွားလိုက်၊ သူငယ်ချင်းတွေနဲ့ မုန့်သွားဝယ်စားလိုက်၊ ရည်းစားနဲ့ အပြင်ထွက် လိုက်တွေ လုပ်နေကြလို့ ကိုယ့်မှာ အဲ့ဒီအရာတွေလည်း တစ်ခုမှမရှိတော့ တောင်ပဲ ပြေးရတော့မလို၊ .မြောက်ပဲ ပြေးရတော့မလို ဝေခွဲမရ ဖြစ်နေကြတဲ့ လူတွေ များမှာပါ။ ဒါပေမဲ့ သင်ဟာတစ်ယောက်တည်း အထီးကျန်နေမယ်၊ တစ်ယောက်တည်းဖြစ်နေတယ်ဆိုရင်  ဘယ်အရာမှ လွဲမှားခြင်းမရှိပါဘူး။ ဒီလိုဖြစ်ခြင်း ကိုက လောကရဲ့ သဘောတရားတစ်ရပ် ဖြစ်ပါတယ်။ သူငယ်ချင်းတွေရလာမယ်၊ပြန်ကွဲသွားမယ်၊ သူငယ်ချင်းတွေ ရန်ဖြစ်လိုက်၊ပြန်တွဲလိုက်ဖြစ်ကြမယ်။ သင်အခိုက်အတန့်မှာ တစ်ယောက်တည်း ဖြစ်နေတာလား အထီးကျန်နေတာလားဆိုတာကို ခွဲခြားလို့ရအောင်ဖော်ပြလိုက်ပါတယ်။


ဒီလူ တစ်ယောက်တည်း ဖြစ်နေတယ်ဆိုတိုင်းလည်း ဒီဘဝကြီးကတော့ စိတ်ညစ်စရာကောင်းမှာပဲလို့ မထင်လိုက်ကြပါနဲ့။ ဒီတော့ ကျွန်တော်တို့ Alone နဲ့ Lonely ကိုခွဲခြားကြည့်ရအောင်။ ”Lonely is not being alone, it’s the feeling that no one cares” အထီးကျန်တယ်ဆိုတာ တစ်ယောက်တည်း သမားကိုခေါ်တာ မဟုတ်ပါဘူး။ အထီးကျန်တယ်ဆိုတာ သူ့ခံစားချက်တွေကို ဘယ်သူကမှ ဂရုမစိုက် တာပါ။

တစ်ယောက်တည်းသမားကျတော့ သူ့ဘာသာ တစ်ယောက်တည်း သူ့ခံစားချက်တွေနဲ့နေမယ်။ သူ့ကို နားလည်တဲ့ လူလည်းတစ်ယောက်မှမရှိပေမဲ့ သူက တစ်ယောက်တည်းဖြစ်နေရတာကို ပျော်ရွှင်နေတဲ့ အခြေအနေ တစ်ရပ်ပါ။ သူဟာ အများသူငါ အမြင်မှာတော့ တစ်ယောက်တည်း ဖြစ်နေပေမဲ့ သူရဲ့ ကိုယ်ရောစိတ်ပါ ပြီးပြည့်စုံ ပျော်ရွှင်နေပါတယ်။ သူပျော်ရွှင်မှုကို ဘယ်တစ်ဦးတစ်ယောက်ပေါ်ကိုမှာ မှီခိုထားခြင်း မရှိဘဲ တစ်ယောက်တည်းကျေနပ်နေကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဘုရားတောင် တောထွက်ပြီး တရားကျင့်ခဲ့ရတာပါ။ လူစုလူဝေးထဲမှာ မကျင့်ခဲ့ပါဘူး။ ဒါကြောင့် သင်အထီးကျန်နေမယ်ဆိုရင် သင်ကိုပျော်ရွှင်စေမဲ့ လူတစ်ယောက်ကို လိုက်ရှာနေမဲ့အစား တစ်ယောက်တည်းသမား အဖြစ် ကျေနပ်ပျော်ရွှင်စွာနေလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ပေးနိုင်တဲ့ပျော်ရွှင်မှုဆိုတာ သင်ထားသလောက်မကြာလို့ပါဘဲ။

Lumos (Shwemom)