
တိရိစ္ဆာန်လေးတွေကို ချစ်မြတ်နိုးတတ်တဲ့နှလုံးသား ပိုင်ရှင်တွေရဲ့ စိတ်ဟာအရမ်းကို နူးညံထိရှလွယ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်လေးတွေထဲကမှ ကြောင်လေးတွေကိုဆိုရင် သဲသဲလူပ်ချစ်တတ်တဲ့ မမတွေရဲ့ စိတ်ထားလေးတွေနဲ့ နေထိုင်ပုံတွေကို မျှဝေပေးပါရစေ…။
ကြောင်ချစ်တတ်တဲ့မမတွေရဲ့ စိတ်ဟာ ကြောင်လေးတွေလိုပါပဲ…။စိတ်နေစိတ်ထားမြင့်မားတယ်၊ သူများရဲ့ လွှမ်းမိုးချုပ်ခြယ်မှုအောက်မှာ နေရတာကို မုန်းပြီး တစ်သီးတစ်သန့်နေလိုသူတွေပါ။
ဒ့ါအပြင်အရမ်းကို Sharp ဖြစ်တဲ့မိန်းကလေးမျိုးပါ။ အရာရာကို ဦးဆောင်စီမံခန့်ခွဲနိုင်မှုလည်း တော်ပါတယ်။ ကြောင်ချစ်တဲ့မမတွေဟာဆိုရင် အပြင်ပန်းအရကြည့်ရင် မာနကြီးသယောင် စိတ်ဓာတ်မာကျောသယောင်ရှိပြီး တကယ်တမ်းကျတော့ ဝမ်းနည်းစရာ အစိတ်အပိုင်းသေးသေးလေး ရှိရုံမြင်ရုံနဲ့တင် ရိူက်ကြီးတငင်ငိုတတ်သူတွေပါ။
ဘဝမှာဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့လည်း နေတတ်ကြပါသေးတယ်။ စိတ်ထားနူးညံသိမ်မွေ့တာတော့ ပြောစရာကိုမလိုပါဘူး။ အရေးကြီးတဲ့တစ်ချက်ကတော့သူတို့ကို နေရာတကာဆရာကြီးလိုက်လုပ်နေတဲ့သူတွေ အော်ငေါက်တဲ့လူတွေကို သဘောမကျဘဲ သူတို့ကိုယ်တိုင်သာဆရာကြီးလုပ်ရတာကို နှစ်သက်ပါတယ်။ သူ့တို့အပေါ်မဟုတ်တာများသွားပြောမိလို့ကတော့ သူတို့ပြန်ချေပတဲ့ ချေပချက်က မှိုချိုး ကန်စွန်းချိုးတာထက်ကို ဆိုးရွားပါတယ်နော်။
..................
credit: Marry