မိန်းကလေးတိုင်းသုံးကြတဲ့ ဒီပစ္စည်းဟာ တခြားနေရာတွေမှာလည်း အသုံးဝင်နေ - Kharann Media

Breaking

မိန်းကလေးတိုင်းသုံးကြတဲ့ ဒီပစ္စည်းဟာ တခြားနေရာတွေမှာလည်း အသုံးဝင်နေ

မိန်းကလေးတိုင်း အမြဲအသုံးပြုရ၊ဆောင်ထားရတဲ့ နေ့စဉ်သုံး pad လေးတွေ၊လစဉ်သုံး pad လေးတွေဟာ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်တင်မက တစ်ခြားနေရာတွေမှာပါအသုံးဝင်နေပါသတဲ့။ကဲ ဘယ်လိုနေရာတွေမှာအသုံးဝင်နေလဲ ကြည့်လိုက်ပါဦး

*အံဆွဲ၊ဗီရိုအနံ့ဆိုးကင်းစင်စေတယ်


မသုံးရသေးတဲ့ Pad ကို ကိုယ်ကြိုက်တဲ့ရေမွှေးဖြစ်စေ၊မွှေးပျံ့တဲ့ဆီတစ်မျိုးမျိုးဖြစ်စေ အနည်းငယ်ဆွတ်ပြီး အဝတ်အစားထည့်ထားရာ အံဆွဲ၊ဗီရိုတွေထဲမှာထည့်ထားပေးမယ်ဆိုရင် လှောင်ပိတ်နေတဲ့အနံ့ဆိုးမျိုးမထွက်စေတော့ပါဘူးတဲ့။

*ခြေဖနောင့်နာကျင်မှုကာကွယ်ပေးတယ်


ဒေါက်ဖိနပ်တွေစီးလို့ ခြေဖနောင့်နာကျင်တာ၊ပွန်းတာမျိုးမဖြစ်ချင်ဘူးဆိုရင် ပုံထဲမှာပြထားသလို Pad လေးအနည်းငယ်ကို ကပ်ပြီးစီးပါ။ တစ်ခြားသက်တောင့်သက်သာမဖြစ်တဲ့နေရာမှာလည်း ကပ်ပြီးစီးမယ်ဆိုရင် ဖိနပ်ပေါက်တာမျိုး၊ဒေါက်ဖိနပ်စီးရတာ အဆင်မပြေဖြစ်တာမျိုး ဖြစ်တော့မှာမဟုတ်ပါဘူး။

*High heel မှာ ထည့်စီးမယ်


တစ်ခါတစ်လေ ခြေထောက်က ချွေးစေးတွေထွက်တတ်ပါတယ်။အဲ့ဒီအခါ ဖိနပ်စီးရတာအဆင်မပြေတော့ပါဘူး။ ကိုယ်က အမြဲခြေထောက်ချွေးထွက်တတ်တယ်ဆိုရင် ဒီလိုမျိုး Pad လေးကိုထည့်စီးလို့ရပါတယ်။

*ဖိနပ်အနံ့ဆိုးမထွက်အောင်ထိန်းပေးတယ်


အားကစားဖိနပ်တွေစီးပြီး ပစ်ထားလိုက်တဲ့အခါ ဖိနပ်က အနံ့ဆိုးတွေထွက်တတ်ပါတယ်။ အထဲမှာဘတ်တီးရီးယားတွေရှိနေလို့ အနံ့ ဆိုးတွေထွက်လာတာပါ။ အဲ့ဒီလိုမဖြစ်အောင် အားကစားဖိနပ်တွေ၊ရှူးဖိနပ်ရှည်တွေထဲမှာ Pad လေးကိုထည့်ထားပါ။ အဲ့ဒါက အနံ့ဆိုးမထွက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

*အတွင်းခံအကျီတွေမှာထည့်မယ်
 

တစ်ခါတစ်လေ အတွင်းခံအကျီတွေက ဝတ်ရတာအဆင်မပြေတတ်ပါဘူး။ သက်တောင့်သက်သာမခံစားရဘူးဆိုရင် တစ်နေကုန်လည်း စိတ်က မဖြောင့်ဖြစ်နေတတ်ပါတယ်။ တကယ်လို့ သင့်ရဲ့အတွင်းခံအကျီက ဝတ်ရတာအဆင်မပြေဘူးဆိုရင် နောက်တစ်ခါ ပုံထဲမှာပြထားသလို နေ့စဉ်သုံး Pad သေးသေးလေးတွေကို ကပ်ထားပြီးဝတ်ဆင်လို့ရပါတယ်။ အဲ့ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။

*လက်သည်းနီဖျက်မယ်
 

လက်သည်းဆိုးဆေးဖျက်ဖို့ Cotton ball တွေမရှိဘူးလား? သင့်မှာ Pad လေးရှိနေရုံနဲ့ ဒီပြဿနာကိုဖြေရှင်းလို့ရပါတယ်။ လက်သည်းဖျက်ဆေးလေးကို Pad မှာဆွတ်ပြီး အရေးပေါ် လက်သည်းဖျက်လို့ရပါတယ်။ ဒါ့အပြင် Pad တွေက နူးညံ့တဲ့အတွက် အသားအရည်ပျက်စီးမှာလည်း မစိုးရိမ်ရပါဘူး။

Ref:Brightside
Credit:TrendMyanmar