သင့် မွေးသက္ကရာဇ်ကပြောတဲ့ သင့်အကြောင်း - Kharann Media

Breaking

သင့် မွေးသက္ကရာဇ်ကပြောတဲ့ သင့်အကြောင်း

 

ကိုယ်မွေးတဲ့ ရက်၊ လ ၊နှစ်တွေ က ကိုယ့် အရည်အသွေး နဲ့စိတ်နေ စိတ်ထားကို ပြောပြနေပါတယ်။ မွေးခုနှစ်ကပြောတဲ့ အသံတွေ ကို တစ်ခါလောက် နားစွင့်ကြည့်ရအောင်။
တွက်နည်းက လွယ်ပါတယ်။ မွေးနေ့၊ မွေးလ၊ မွေးနှစ် ကို ဂဏန်း တစ်ခုတည်းရအောင် ပေါင်းရမှာပါ။
ဥပမာ –
  မတ် ၂၀ ၁၉၅၀
  ၃+၂၀+၁၉၅၀ = ၁၉၇၃
  ၁+၉+၇+၃ = ၂၀
  ၂+ဝ= ၂
  ဒီတော့ ၂ ကို သွားကြည့်ရမှာပါ။

အခု ဖွင့်ဆို ရှင်းလင်းချက်တွေ ကို ကြည့်ရအောင်။
၁ ဂဏန်းသမား မူလရင်းမြစ်
၂ ဂဏန်းသမား ငြိမ်းချမ်းရေး အကျိုးတော်ဆောင်
၃ ဂဏန်းသမား ပျော်ရွှင်မြူးထူးတဲ့သူ
၄ ဂဏန်းသမား ရှေးရိုးစဉ်လာ သမား
၅ ဂဏန်းသမား ရွေ့လျားနေတတ်သူ
၆ ဂဏန်းသမား ရိုမန်တစ်ဖြစ်တဲ့သူ
၇ ဂဏန်းသမား စူးစမ်းသူ
၈ ဂဏန်းသမား ပြသနာရှင်း တတ်သူ
၉ ဂဏန်းသမား အနုပညာရှင်

၁။ မူလရင်းမြစ်
၁ တွေဟာ အခြေခံ ကျတဲ့သူတွေဖြစ်တယ်။ သူတို့ဆီ က အိုင်ဒီယာ အသစ်တွေ အမြဲထွက်လာလေ့ ရှိ တယ်။ ခေါင်းလည်း မာကြတယ်။ သိပ်လည်း ရိုးသားတယ်။ လိုချင်တာ ရှိရင် ရအောင် ညှိနှိုင်းနိုင်ကြတယ်။ ကိစ္စ တစ်ခု ကို ဦးဆောင်ဖို့ ဝန်မလေးဘူး။ ခေါင်းဆောင်လည်း ဖြစ်တတ်ကြတယ်။ သတိထားရမှာက သူများ ရဲ့စိတ်ကူး ကလည်း သူ့နေရာနဲ့သူ ကောင်းတယ် ဆိုတာပါပဲ။
နာမည်ကြီး ၁ ဂဏန်းသမားတွေ – တွမ်ဟန့်၊ ကာရိုးဘားနက်၊ နန်စီရေဂင်

၂။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်
၂ တွေဟာ သံတမန်ဖြစ်ဖို့ မွေးလာသူတွေပါ။ တခြားသူတွေ ရဲ့ လိုအပ်ချက်၊ ခံစားချက်တွေ ကို သူတို့သိ တယ်။ သူတပါး ကို ဦးစားပေး စဉ်းစားတတ်တယ်။ သူတို့ဟာ တစ်ယောက်တည်း မနေချင်ကြ ဘူး။
ပေါင်း သင်း ဆက်ဆံရေး နဲ့ သူငယ်ချင်းတွေဟာ သူတို့ အတွက် သိပ် အရေးကြီးပြီး သည် ဆက်ဆံရေးကြောင့် ဘ၀ မှာ အောင်မြင် ကြတယ်။ ဒါပေမယ့် ဆက်ဆံရေး မပြေလည်တာထက် စာရင် တစ်ယောက်တည်းနေဖို့ကို ပဲ ရွေးချယ်တာ လည်း သူတို့ပါပဲ။ ပင်ကို အားဖြင့် ရှက်တတ်သူတွေဖြစ်တာကြောင့် ကိုယ့်အကြောင်းကိုယ် ထုတ်ပြောတတ်ဖို့၊ သိုဝှက်မထား ဖို့ လေ့လာသင့် ပါတယ်။
ထင်ရှားတဲ့ ၂ တွေ- ဘီလ်ကလင်တန်၊ မက်ဒေါနား၊ သောမတ်စ်အယ်ဒီဆင်၊ မိုးဇက်

၃။ ပျော်ရွှင်မြူးတူးတဲ့သူ
၃ တွေဟာ စိတ်ကူးဉာဏ် ရင့်သန်သူတွေဖြစ်တယ်။ တီထွင် ဆန်းသစ်နိုင်စွမ်း သိပ်ကောင်းတယ်။ ဆိုရှယ်ကျ တယ်။ ချစ်စရာကောင်းတယ်။ ပေါင်းလို့ သင်းလို့ကောင်းတယ်။ တခြားသူတွေကို ပျော်ရွှင်စေချင် တဲ့ဆန္ဒ ရှိ ပြီး ပျော်အောင်လည်း စွမ်းဆောင်ပေးနိုင်တယ်။ သူတို့ဟာ ပေါ်ပြူလာလည်းဖြစ်၊ စိတ်ကူးယဉ်လည်း ဆန်ကြ တယ်။ ကမ္ဘာကြီး ကို ပိုမို လက်တွေ့ဆန်တဲ့ အမြင်နဲ့ မြင်တတ်ဖို့ သူတို့လေ့လာသင့်ပါတယ်။
ထင်ရှားတဲ့ ၃ တွေ – ဂျိုဒီဖော်စတာ၊ အန်းလန်ဒါ

၄။ ရှေးရိုးစဉ်လာသမား
၄ တွေဟာ ရိုးရာဓလေ့ ကို နှစ်သက်တယ်။ အစီအစဉ် အတိုင်း ပုံမှန် လှုပ်ရှားရတာ ကို ကြိုက်တယ်။ ခိုင်းတာ ကို ရှင်းရှင်း လင်းလင်း နားလည်တဲ့ အခါမှ သူတို့က လှုပ်ရှားတတ်ကြတယ်။ လုပ်ရင်လည်း စိတ်ပါလက်ပါ၊ အားကြိုးမာန်တက် လုပ်ကြတယ်။ သူတို့ ဟာ ပြင်ပလောကကို စိတ်ဝင်စားပြီး သဘာဝနဲ့ဆက်စပ်မှုရှိ တယ်။ စောင့် ဆိုင်းဖို့ စိတ်ရှည်တယ်။ ခေါင်းလည်း မာတယ်။
သူတို့ အနေနဲ့ အရာရာနဲ့လိုက်လျော ညီထွေဖြစ်အောင် နေထိုင်ပြီး ကိုယ့်ကိုယ်ကို ညှာတာဖို့ လေ့လာသင် ယူ သင့်တယ်။
ထင်ရှားတဲ့ ၄တွေ – အာနိုး ရှဝါဇန်နဂ္ဂါ၊ မာဂရက် သက်ချာ၊ အိုပရာဝင်းဖရီး

၅။ ရွေ့လျားနေတတ်သူ
၅ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်တယ်။ သဘာ၀ အရ စပ်စုတဲ့ စိတ်၊ လာမယ့်ဘေး ပြေးတွေ့တဲ့ စိတ်နဲ့ စိတ်အား ထက်သန်မှုကြောင့် မကြာခဏ ဒုက္ခကြုံရတယ်။ သူတို့ဟာ ကွဲပြားခြားနားမှု ကို လိုလားပြီး ရေသေ အိုင် မှာ ဝပ်မနေချင်ဘူး။ တစ်ကမ္ဘာလုံး က သူတို့ကျောင်းပဲ။ ဘယ်အခြေအနေ မှာရောက်ရောက် လေ့လာ သင်ယူနိုင် စွမ်း လည်းရှိကြတယ်။ မေးခွန်းတွေကိုလည်း အဆက်မပြတ်မေးတတ်ကြတယ်။ ဒီတော့ တစ်ခုခုဆို ထင်ရာ မစိုင်းဖို့ အတွက် ဆုံးဖြတ်ချက်မချခင် အရာရာကို စေ့စေ့စပ်စပ်လေ့ လာ သင့်တယ်။
ထင်ရှားတဲ့ ၅ တွေက အေဘရာဟမ်လင်ကွန်း၊ ဗင်းဆင့်ဗင်ဂိုး၊ ဟယ်လင်ကယ်လာ

၆။ ရိုမန်တစ်ဖြစ်တဲ့သူ
၆ တွေဟာ စိတ်ကူးကောင်းပြီး သူတို့ဟာ အသုံးကျတဲ့လူလို့ ခံစားရမှ နေပျော်တဲ့သူတွေဖြစ်တယ်။ မိသားစုနဲ့ ချစ်ကြည်နွေးထွေးမှု ဟာ သူတို့ အတွက် သိပ် အရေးကြီးတယ်။ သူတို့ဟာ သူတပါးကို ကူညီဖို့၊ ဂရုစိုက်ဖို့ စိတ် လို လက်ရရှိကြတယ်။ သိပ်ပြီး သစ္စာ ရှိသလို ဆရာကောင်းတွေလည်း ဖြစ်တတ်ကြတယ်။ သူတို့ က အနုပညာ၊ ဂီတ ကို နှစ်သက် တယ်။ သူတို့မှာ ခင်မင်ရင်းနှီးမှု ကို အထူးတလည် တန်ဖိုးထားတဲ့ သူငယ်ချင်းကောင်းတွေ ရှိတယ်။ ၆ ဂဏန်း သမားတွေ လေ့လာသင့် တာက သူတို့ပြောင်းလဲရင် ဒါမှမဟုတ် မပြောင်းလဲဘဲ ထားရင် ဖြစ်ပေါ် လာမယ့် ကွဲပြားခြားနားမှုတွေ ကို လေ့လာသင့်ပါတယ်။
ထင်ရှားတဲ့ ၆ တွေ – အဲလ်ဘတ် အိုင်းစတိုင်း၊ ဂျွန်ဒန်ဗာ၊ ခရစ်စတိုဖာ ကိုလံဘတ်

၇။ စူးစမ်းသူ
၇ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်တယ်။ နောက်ကွယ် က သတင်း အချက်အလက်တွေ ကို အမြဲဖော် ထုတ်နေ ပြီး အပေါ်ယံ တန်ဖိုး အတိုင်း လက်ခံဖို့ ခက်ခဲကြတယ်။ ခံစားချက်ကြောင့် ဆုံးဖြတ်ချက် မယိမ်းယိုင် ဘူး။ ဘ၀ မှာ အရာရာ ကိုမေးခွန်းထုတ် တတ်ပြီး သူတို့ကို သူတို့ မေးခွန်းထုတ်ရမှာကိုတော့ မကြိုက်ဘူး။ ဘယ်အရာကို မှ အလျင်စလို မလုပ်ဘူး။ သူတို့ ရဲ့ဆောင်ပုဒ်က ဖြည်းဖြည်း မှန်မှန်အောင်ပွဲခံပါ။ သူတို့ဟာ အတွေး အခေါ် ပညာရှင်တစ်ယောက် လို ဘ၀ ကိုဖြတ်သန်းပြီး အသိပညာကြွယ်၀ တတ်ပေမယ့် တခါ တလေ အထီးကျန် ဆန်ကြတယ်။ သူတို့ဟာ လျှို့ဝှက်ချက်တွေ ကို နှစ်သက်တယ်။ ကိုယ်ပိုင် ကမ္ဘာငယ်လေးမှာနေထိုင်သူတွေဖြစ်တာကြောင့် လောကကြီး က ဘာကို လက်ခံနိုင်တယ်၊ ဘာကို လက်မခံနိုင်ဘူး ဆိုတာ လေ့လာသင့်ပါတယ်။
ထင်ရှားတဲ့ ၇တွေ ဝီလျံရှိတ်စပီးယား၊ မိုက်ကယ်ဂျက်ဆင်၊ ဒိုင်ယာနာမင်းသမီး

၈။ ပြသနာရှင်းတတ်သူ
၈ တွေဟာ ပြသနာဖြေရှင်းသူတွေဖြစ်တယ်။ ပညာရှင် ဆန်တယ်၊ ဘွင်းဘွင်းနဲ့ ထိရောက်အောင် ပြောတယ်၊ ဆုံးဖြတ်ချက် မှန်တယ်၊ ပြတ်သားတယ်။ သူတို့မှာ မဟာ စီမံကိန်းတွေ ရှိတတ်တယ် ။ ကောင်းကောင်းနေ ၊ ကောင်းကောင်း စားရတာကိုလည်း ကြိုက်တယ်။ လူတွေ ကို ကြီးကြပ် ကွပ်ကဲ တတ်တယ်။ သူတို့က လူတွေ ကို ယထာဘူတကျကျ ပဲ မြင်တယ်။ သူတို့သာ အကြီး အကဲဖြစ်ကြောင်းလည်း ပြတ်ပြတ် သားသားဖော်ပြတတ်တယ်။ ၈ တွေ အဖို့ သူတပါး လိုအပ်ချက်ကို သိအောင် ကြိုးစားသင့်ပါတယ်။
ထင်ရှားတဲ့ ၈ တွေ – ဂျိန်းဖောင်ဒါ၊ ပါဘလိုပီကာဆို၊ အာရစ်သာ ဖရန်ကလင်း

၉။ အနုပညာရှင်
၉ တွေ ဟာ မွေးရာပါ အနုပညာရှင်တွေဖြစ်တယ်။ ဂရုစိုက်တတ်တယ်၊ ရက်ရောတယ်၊ နောက်ဆုံး လက် ကျန် ပိုက်ဆံလေး ကိုတောင် အကူအညီတောင်း လာရင် ရက်ရက်ရောရောပေးတတ်တယ်။ သူတို့ ရဲ့ချစ်စရာကောင်းမှုကြောင့် သူတို့ဟာ သူငယ်ချင်း ဖွဲ့ရာမှာ အခက်အခဲမရှိဘူး။ သူတို့ နဲ့ တစိမ်း ဆိုတာလည်း မရှိဘူး။ သူတို့ မှာ ကိုယ်ရည် ကိုယ်သွေး အမျိုးမျိုး ရှိတဲ့ အတွက် ဘေးက လူတွေ က သူတို့ကို နားလည်ရ ခက်ကြတယ်။ သူတို့ဟာ ကံလည်း ကောင်းကြပေမယ့် အတက်ကြမ်း၊ အကျကြမ်းပြီး စိတ်ထောင်းကိုယ်ကြေဖြစ်တတ်တယ်။ အောင်မြင်မှု ရဖို့ဆိုရင် သူတို့ အနေနဲ့ အခြေခံကောင်းကောင်း တစ်ခု တည်ဆောက်ထားဖို့လိုတယ်။
ထင်ရှားတဲ့ ၉ တွေ- ဟယ်ရီဆင်ဖို့ဒ်၊ ဂျင်မီကာတာ၊ အဲလ်ဗစ် ပရက်စလေ

writer: unknown | source: trendmm