
ဗိုက်မှာ အဆီစုပြီး ခါးတုတ်တာက လွယ်လွယ်လေး ဖြစ်နိုင်ပေမယ့် ခါးက အဆီတွေ ပြန်ချဖို့ကျတော့ တော်တော်လေး မလွယ်ပါဘူး။ ဒါပေမယ့် ဝမ်းဗိုက် အဆီတွေ ကျစေပြီး ခါးပြန် သေးသွားဖို့ အတွက် တနေ့ကို မိနစ် (၃၀) အချိန်ပေးပြီး အခုဖော်ပြမယ့် လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလိုက်ရုံ ပါပဲ။
လေ့ကျင့်ခန်း (၁)
ဖျာပေါ်မှာ လဲအိပ်ပြီး ဒူးကွေးထား လိုက်ပါ။ ဘယ်ဘက်လက်နဲ့ ဘယ်ဘက် ခြေထောက်ကို ထိလိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်လောက် နေပြီး နဂိုပုံစံ အတိုင်း ပြန်နေပါ။ ညာဘက်ကိုလည်း အဲ့ဒီအတိုင်း လုပ်ပါ။ ဘယ်ညာ တလှည့်စီ အကြိမ် ၃၀ လုပ်ပေးပါ။
လေ့ကျင့်ခန်း (၂)
ဖျာပေါ်မှာ တစောင်း လဲှအိပ်ပြီး လက်တဖက်ကို ခေါင်းနောက်ဘက်မှာ ကိုင်ထားကာ လက်တစ်ဖက်က ဗိုက်ရှေ့ကနေ ခါးကို ကိုင်ထားပါ။ ပြီးရင် ခြေထောက် နှစ်ဖက်ကို ကပ်ပြီး ဘေးဘက်ကို မြှောက်နိုင်သလောက် မြှောက်လိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်လောက် နေပြီး နဂိုအနေအထားအတိုင်း ပြန်နေလိုက်ပါ ။ ဘယ်ဘက် ၁၅ ကြိမ်၊ ညာဘက် ၁၅ ကြိမ် လုပ်ပါ။
လေ့ကျင့်ခန်း (၃)
ခြေလက်တွေကို ဆန့်ကားပြီး လဲှနေပါ။ ဆန့်ကားထားတဲ့ ခြေနဲ့လက်တွေကို ကွေးလိုက်ပြီး ဒူးနဲ့တံတောင်ဆစ်တွေကို ထိလိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့် အနည်းငယ်လောက် နေပြီး နဂိုအတိုင်း ပြန်ဆန့်လိုက်ပါ။ အဲ့ဒါကို အကြိမ် (၂၀) လုပ်ပေးပါ။
လေ့ကျင့်ခန်း (၄)
ပုံမှာပြထားတဲ့ အတိုင်း နေလိုက်ပြီး ခြေထောက် တဖက်ကို အနောက်ဘက်ကို ကန်လိုက်တဲ့ ပုံစံမျိုးလုပ်ပါ။ ပြီးရင် နဂိုပုံစံ အတိုင်း ပြန်နေပြီး နောက်ခြေထောက် တဖက် ကိုလည်း အဲ့ဒီလို လုပ်ပါ။ ဘယ်ညာတလှည့်စီ အကြိမ် (၂၀) လုပ်ပေးပါ။
လေ့ကျင့်ခန်း (၅)
ခန္ဓာကိုယ် အပေါ်ပိုင်းကို ဖျာပေါ်မှာ လဲေှနပြီး ခြေထောက်တွေကို နံရံမှာ ထောက်ပြီး ကွေးထားပါ။ ဒူးနှစ်ဖက်ကို ညာဘက်ကိုကွေးပြီး အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်လောက်နေပါ။ ပြီးရင် နဂိုအတိုင်းပြန်နေပါ။ နောက် ဘယ်ဘက်ကို ထပ်ကွေးပါ။ အဲ့ဒါကို ဘယ်ညာတလှည့်စီ အကြိမ် ၃၀ လုပ်ပေးပါ။
Credit:bahututaa