
အဲကွန်း ဆိုတာ တစ်ကမ္ဘာလုံးက ကမ္ဘာ့ လူနေမှုစနစ်မှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေတာပါ။ အဲယားကွန်း ထုတ်လုပ် ဖြန့်ချိတဲ့ ကုမ္ပဏီတွေဟာ ကမ္ဘာတစ်ဝန်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာပြီး လူနေမှုစနစ် တွေမှာ ပိုမိုသုံးစွဲ လာတာကိုသာ တွေ့ရပါတယ်။
အဲယားကွန်း အသုံးပြုခြင်းသည် ကျန်းမာရေး နှင့် ညီညွတ်ခြင်း ရှိ-မရှိကို ကျန်းမာရေး ရှုထောင့်မှ တင်ပြရန် လိုအပ်လာပြီ ဟု ထင်မြင်မိသဖြင့် အဲယားကွန်း နှင့် ကျန်းမာရေး ဆက်စပ်မှုကို ရေးသား လိုက်ရပါသည်။
များသောအားဖြင့် အိပ်ခန်း ကလည်း လေမဝင်နိုင်တဲ့ နေရာမျိုးဖြစ်၊ ပန်ကာ လေပူကြီး ကိုလည်းမကြိုက်၊ ငွေကြေးလည်း တတ်နိုင်လျှင် အိမ်များ၏ အိပ်ခန်း များတွင် အဲယားကွန်း တပ်ဆင်လေ့ ရှိပါသည်။
တချို့ကတော့ အဲယားကွန်း ဆိုတာကို ဇိမ်ခံပစ္စည်း အနေနဲ့ပဲ မြင်လေ့ ရှိပါသည်။ အဲကွန်းနဲ့အိပ်တယ် ချွေးမထွက်ဘူး အိပ်လို့ကောင်းတယ် မနက်ကျတော့ လေးလံနေတယ် သွေးပျစ်လို့ ပါ အအေးတွေက ကိုယ်ထဲစိမ့်ဝင်တာပေါ့။တညလုံး အေးနေတာညဆိုတာ ၁၂ နာရီ ကျော်တာနဲ့အပူ ချိန်ပြောင်းပြီသွေးပျစ်တော့ လူလည်း မကျန်းမာတော့ဘူး။
အအေးလွှတ်ထားတော့ ချွေးလည်းမထွက်တော့ ဘူး။ အခိုး ပိတ် သွားပြီအခိုး ဆိုတာ မြန်မာ့ဆေးပညာရပ်မှာဘဲရှိပါတယ်။ အနောက်တိုင်းဆေးပညာ အရ လုံးဝနားမလည်နိုင်ပါ။ အခိုးပိတ် လို့ ရောဂါ ရ နိုင် ပါတယ်။ ဂျပန် ပညာရှင်သုတေသနအရ ကိုယ်အနွေးဓာတ်လျော့နည်းခြင်းက ကိုယ်ခန္ဓာ၏ရောဂါခုခံအားကို ကျဆင်းစေပါသည်။
ကိုယ်အနွေးဓာတ်သည် ၁ ဒီဂရီ စင်တီဂရိတ် လျော့ကျသွားတိုင်းခုခံအား ၃၀ % အထက် လျှော့ကျသွားသည်ဟုသိရပါ သည်။ လေဖြတ်ဖို့ လေဖြန်းဖို့ ဆီးချိုသွေးချိုဖြစ်ဖို့ အသည်းအဆီဖုံးဖို့ လာပြီလေတပ်တွေချီ လာပြီကယ်ဖို့ ကူဖို့တော့မဟုတ်။ သေမင်းဆီအရောက် ပို့မယ့်တပ်တွေ။
Credit:santhitsa